Creative ကလည်း Android Tablet ကို ထုတ်လိုက်ပါပြီ။ ထုတ်လိုက်တာကတော့ မကြာသေးပါဘူး။ Creative ဆိုတာကတော့ စကာင်္ပူရဲ့ အထင်ကရ company တစ်ခု ဆိုလည်း မမှားပါဘူး။ အထူးသဖြင့် speaker တွေနဲ့ ပတ်သက်ပြီး နာမည်ရှိတဲ့ Brand လို့ဆိုနိုင်ပါတယ်။ ကျွန်တော် Nook Color ကို order မှာပြီး ၃ ရက်အကြာလောက်ထင်တယ်။ တော်တော်လေး မကျေမနပ်ဖြစ်သွားရတဲ့ Product လို့ဆိုရမယ်။ ဈေးနှုန်းကလည်း 8 GB ကို S$360 ပဲ ပေးရတယ်။ အခု အချိန် မြန်မာငွေ ပေါက်ဈေးနဲ့ဆိုရင်တော့ ၂ သိန်းခွဲလောက်ပဲ ရှိပါတယ်။ ၇ လက်မ ဖြစ်တဲ့အတွက် စာဖတ်လို့လည်း အဆင်ပြေပါလိမ့်မယ်။ 16 GB ကိုတော့ S$390 ပေးရပါတယ်။ တကယ်လို့ ၇ လက်မ သေးလို့ ၁၀ လက်မ လည်းရှိပါသေးတယ်။

OS ကတော့ Android 2.1 ကို သုံးထားပြီးတော့ 16.8mill color TFT Display ရှိပါတယ်။ Wifi , Bluetooth , mic , speaker built-in ပါပြီးသားပါ။ နောက်ပြီး Front Camera လည်း ပါသေးတယ်။ Back Camera တော့ မပါလာပါဘူး။ Bluetooth ကို အသုံးပြုပြီး Bluetooth earphone နဲ့ Bluetooth microphone ကို အသုံးပြုနိုင်ပါတယ်။ Weight ကတော့ 400 g ရှိပါတယ်။ Creative ဖြစ်တဲ့အတွက် sound quality ကတော့ ပြောစရာ မလိုပါဘူး။ ရုံးက director ရဲ့ သူငယ်ချင်း online ကနေ ဝယ်တာ ၃ ရက်အတွင်း ရတယ်လို့ ဆိုပါတယ်။ Sound Quality က အထူးကောင်းမွန်ပြီး HDMI ပါပါတဲ့ အတွက် TV နဲ့လည်း ချိတ်ဆက်လို့ရပါသေးတယ်။ micro SD ကဒ်ထပ်ဖြည့်ပြီးတော့ memory လည်း တိုးနိုင်ပါတယ်။ Package တွေထဲမှာ Stylus ကိုထည့်သွင်းထားခြင်းကို ကြည့်ရခြင်းအားဖြင့် Touch က iPad လောက်ကောင်းမွန်တဲ့ ပုံ မရပါဘူး။ နောက်ပြီး battery အမျိုးအစားနဲ့ ဘယ်လောက်ခံသလဲဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

စိတ်ဝင်စားသူများ Creative ရဲ့ Online store မှာ ကြည့်ရှုနိုင်ပါတယ်။ 360 degree view လည်း ကြည့်ရှုနိုင်ပါတယ်ဗျာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading