Singapore Post Collection

အခုတလော blog ရေးတာကို ပေးမယ့် အချိန်အစား CSS စာအုပ်ပြီးအောင် ရေးဖို့ အချိန်ပေးမယ်လို့ ဆုံးဖြတ်ထားပြီး CSS စာအုပ်ပဲ ရေးဖြစ်နေတယ်။ blog post တွေမှာ ရေးချင်တာရှိသေးတယ်။ သို့ပေမယ့် CSS စာအုပ်က နှစ်ပေါက်နေပြီ။ အဲဒီ အကြွေး အရင်ကျေအောင် ဆပ်မယ်ဆိုပြီး ရေးတော့ ရေးနေတာပဲ။ HTML စာအုပ်တုန်းက စာမျက်နှာ ၅၀ လောက်ပဲ ရှိပေမယ့် CSS စာအုပ်က အခုရေးနေတာ ၆၀ ရှိနေပြီ။ ဒါတောင် တဝက်ပဲ ရောက်သေးတယ်။ W3Cschool ကို reference လုပ်ပြီး ကျောရိုး ယူပြီး ရေးနေတာကြောင့် detail နည်းနည်းကျတာလဲ ပါတယ်။ CSS စာအုပ်ပြီးရင်တော့ Blog ပြန်ရေးပါ့မယ်။ ပြန်ရေးတဲ့ အချိန် ပထမဆုံး blog post ကလည်း CSS စာအုပ် ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ။ အခုတော့ စကာင်္ပူ က အလုပ်တွေနဲ့ ပတ်သက်ပြီး link တွေကို ပြန်စုစည်းပေးလိုက်ပါတယ်။ ကျွန်တော်လာတုန်းကတော့ post တွေက အရမ်းနည်းတယ်။ အခုတော့ မဆိုးဘူး လို့ဆိုရမယ်။ အရင်ကထက် စာရင် တော်တော်များလာပြီ။

လာချင်တဲ့လူတွေ မလာခင်လေးတော့ post တွေ အားလုံးကို ဖတ်စေချင်တယ်။

Zack Note

If you want to come to Singapore for IT career – 1
If you want to come to Singapore for IT career – 2
အလုပ် နဲ့ လစာများ
အရေးကြီတဲ့ Singapore က Work Pass

IT Mgmg

စင်္ကာပူကို လာမယ်ဆိုရင် အပိုင်း(၁)
စကာင်္ပူကို လာမယ်ဆိုရင် အပိုင်း(၂)

Myanmar Tutorial

Singapore 1
Singapore 2
Singapore 3

My Post

ကျွန်းသေးသေးသို့ထွက်ခွာခြင်း – ၁
ကျွန်းသေးသေးသို့ထွက်ခွာခြင်း – ၂
Singapore ?
Singapore ? Part – II

3 responses to “Singapore Post Collection”

  1. ကိုစေတန်ပေးတဲ့ Link တွေတော့ တော်တော်များများ ဖတ်ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ်တော့ နောက်တစ်ခေါက်လောက်တော့ ဖတ်ဖြစ်အောင်တော့ ဖတ်ပေးရမယ်… :)

    1. အင်း… လာဖို့ စဉ်းစားနေလို့လား… ???

  2. CSS စာအုပ်ကိုစောင့်မျှော်လျှက်ပါ။ တင်ရင်တော့အရင်ဆုံး ဒေါင်းရမယ်။ ကျေးဇူးပါပဲ ကိုစေတန်.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.