For iOS Bootcamp

ကျွန်တော်တို့တွေ ရန်ကုန်မှာ iOS bootcamp လုပ်ဖို့ ကြိုးစားနေပါတယ်။ iOS Bootcamp ဆိုတာကတော့ အဲဒီ ရက်မှာ ကျွန်တော်တို့တွေ iOS App Development ကို အခြေခံကနေ စသင်မယ်။ နောက်နေ့မှာတော့ sample project တွေ အတူတူ လုပ်ကြမယ်။ အခု ကျွန်တော်တို့ iOS Bootcamp လုပ်ရင် အများဆုံး လူ ၂၀ လောက်ပဲ လက်ခံနိုင်မယ်။ Mac book ရှိဖို့လိုမယ်။ OOP သိရမယ်။ Programming Language တစ်ခု တတ်ရမယ်။ ဒါမှသာ ကျွန်တော်တို့ Bootcamp မှာ သင်နိုင်ပါလိမ့်မယ်။ Bootcamp မှာ ကျွန်တော်တို့ Programming language အခြေခံတွေ မသင်ပါဘူး။ Objective-C , MVC , Xcode စတာတွေကို အဓိက သင်ဖို့ လုပ်ထားပါတယ်။

အခုထက်ထိတော့ စီစဉ်နေဆဲပါ။ ကျွန်တော်တို့မှာ ပြဿနာက course ကို ဘယ်လောက်ထိ သင်နိုင်မလဲဆိုတာကို သိဖို့အတွက် လက်ရှိ လာတက်နိုင်မယ့်လူတွေ ဘယ်လောက်ရှိမလဲ။ ကိုယ်ပိုင် Macbook ရှိရဲ့လား ? ကိုမျိုးကျော်ကတော့ Mac book မရှိတဲ့ လူတွေ လက်ရှိ PC laptop မှာ Mac နဲ့ Xcode run နိုင်အောင် hackintosh နဲ့ စမ်းနေတယ် ပြောတယ်။ အဆင်ပြေ မပြေတော့ ကျွန်တော် မသိသေးဘူး။ နောက်ပြီးတော့ iOS နဲ့ ရင်းနှီးရဲ့လား။ ဘာဖြစ်လို့လဲဆိုတော့ Android က UI Concept နဲ့ iOS က UI Concept က တူသလိုရှိပေမယ့် မတူတာတွေ များပါတယ်။ ဒါကြောင့် စိတ်ဝင်စားတဲ့ သူတွေ (ရန်ကုန်တွင် နေထိုင်သူများသာ) အနေနဲ့

https://docs.google.com/forms/d/1qeGZuQuypXuXjVOQz9mFgn-73-i2gtvdzH7mmMbxLaU/viewform

လေးကို တချက်လောက် ဖြည့်ပေးကြပါ။ ရလာတဲ့ Result ကို ကြည့်ပြီး ဘယ်နေရာမှာ လုပ်သင့်လဲ နောက်ပြီးတော့ ဘာတွေ သင်သင့်သလဲဆိုတာ ကျွန်တော်တို့ တွေ ဆုံးဖြတ်လို့ရမှာပါ။

အခုလက်ရှိတော့ Instructor အနေနဲ့ ကိုမျိုးကျော် (Revo Tech) ၊ ကိုဇေယျာ (Bagan Innovation Technology) နဲ့ ကျွန်တော် ။ စုစုပေါင်း ၃ ယောက်ပဲ ရှိသေးတယ်။ တကယ်လို့ iOS Bootcamp မှာ Instructor အဖြစ် ကူညီချင်ရင် ဒီ post က comment မှာ ထည့်ခဲ့ပေးပါ။

Update:
– Fixed the Form
– hackintosh က အများကြီး လုပ်ဖို့လိုတယ်။ VMWare Workstation သုံးပြီး PC laptop မှာ Mac OSX Moutain Lion နဲ့ Xcode ရေးလို့ရတယ်။ VMWare image ကို download ချချင်ရင် ဒီမှာ download ချလို့ရတယ်။ – ကိုမျိုးကျော် (Revo Tech) က ကျွန်တော့် ဆီ ပို့ထားတဲ့ message ပါ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.