bootcamp
-
iOS Bootcamp တုန်းက Restful အကြောင်းရှင်းပြရင်း AFNetworking သုံးပြီး twitter လိုမျိုး app အကြမ်းလေး ရေးဖြစ်ခဲ့တယ်။ အဲတုန်းက မေးကြတာက အိမ်ရောက်ရင် ဘယ်လို စမ်းမလဲ ။ Server မှ မရှိတာ။ Mongodb , node.js တင်ပြီး စမ်းလို့ ရပေမယ့် စကာစ သူတွေ အတွက်တော့ သိပ်တော့ မလွယ်လှဘူး။ ဒါနဲ့ အခု AppFog မှာ node.js + mongodb ကို တင်ပြီးတော့ sample tweet Restful API လေး တင်ထားပေးပါတယ်။ kAFAppDotNetAPIBaseURLString ကို http://sampletweet.ap01.aws.af.cm/ ပြောင်းလိုက်ရင် အဆင်ပြေပါတယ်။ iOS bootcamp ပွဲမှာ…
-
ဒီနေ့တော့ iOS bootcamp Day 2 ပြီးသွားပါပြီ။ မနက်ပိုင်းမှာ ကိုမျိုးကျော် က memory အကြောင်း ရှင်းပြပြီးတော့ သူ ဝယ်ထားတဲ့ video တွေကို မျှဝေပေးပါတယ်။ ပြီးတော့ ကျွန်တော် calculator app ကို မနက်ပိုင်း ၁ နာရီ လောက်ထိ သင်ဖြစ်တယ်။ ညနေ ပိုင်း အချိန်မှာတော့ Restful အကြောင်းရှင်းပြတယ်။ oAuth 2 အကြောင်း ရှင်းပြတယ်။ ပြီးတော့ Restful သုံးပြီး twitter လို app တစ်ခု ရေးဖြစ်တယ်။ GET , POST , DELETE မှာ ကျွန်တော်တို့တွေ GET နဲ့ DELETE ပဲ…
-
ဒီနေ့ iOS Bootcamp ပထမနေ့တော့ ပြီးသွားပါပြီ။ ဒီနေ့တော့ မနက် ၁၀ နာရီ မှပဲ စဖြစ်တယ်။ လူ စောင့်တာရယ် ပြင်ဆင်နေတာရယ် ၊ XCode သွင်းတာတွေ ကြောင့် ၁၀ နာရီ မှ စဖြစ်တယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ Projector မရှိလို့ Bagan က 42 လက်မ TV တစ်လုံးကို ပွဲအတွက် ငှားပေးထားပါတယ်။ နောက်ပြီး လိုအပ်တဲ့ ခုံတွေကိုလည်း ငှားပေးထားတယ်။ ဒါ့အပြင် Bagan က ကိုဇေယျာ နဲ့ အစ်မ သဇင် တို့ တနေကုန် မမောမပန်း နဲ့ သင်ပေးခဲ့တဲ့အတွက် အထူးကို ကျေးဇူးတင်မိတယ်။ နေ့လည် စာကိုတော့ Bagan…
-
သောကြာနေ့က register လုပ်တာကို website မှာ ပိတ်ပြီးတော့ စနေ နေ့မှာ လူ စာရင်းကို အကြမ်းပြုစု ကြည့်ပါတယ်။ Register လုပ်ထားသူပေါင်း ၂၁ ယောက် ရှိပါတယ်။ ၈ ယောက် ကတော့ macbook ရှိပြီးတော့ အဲဒီ ၈ ယောက်မှာ ၁ ယောက်က programming အခြေခံ မရှိပါဘူး။ အဲဒီ ၂၁ ယောက်ထဲမှာ ဒီလို မျိုး လူ ရွေးချယ်ပြီးတော့ email ပို့ထားပါတယ်။ ၁။ macbook ရှိပြီးတော့ Programming တတ်သူ ၂။ macbook မရှိသော်လည်း Objective-C တတ်ထားသူ ( ရုံးတွင် လေ့လာသူ ဖြစ်ပါလိမ့်မည် ။ register…
-
ကျွန်တော်တို့တွေ iOS Bootcamp ကို အခု လာမယ့် မတ် လ ၂၃ နဲ့ ၂၄ ရက်နေ့မှ လုပ်ဖို့ ရှိပါတယ်။ နေရာကတော့ လက်ရှိ Revo Tech မှာပဲ လုပ်ဖို့ စီစဉ်ထားပါတယ်။ လူ ၁၂ ယောက် ပဲ ကျွန်တော်တို့ သင်ပေးမှာပါ။ အဓိက အခက်အခဲတွေကတော့ နေရာ အခက်အခဲ အချို့နဲ့ သင်ကြားပေးမယ့်သူပါပဲ။ လူ ၃ ယောက်ပဲ ရှိတဲ့ အတွက် ရှေ့က သင်နေရင် နောက်က မသိလိုက်တာတွေကို ပြန်ရှင်းဖို့ နောက်ပြီး error တက်နေတာတွေ ပြန်ရှင်းပေးဖို့အတွက် လူ ၂ ယောက်လောက်ပဲ ရှိပါတယ်။ ဒါကြောင့် လူ ၁၂ ယောက်…
-
ကျွန်တော်တို့တွေ ရန်ကုန်မှာ iOS bootcamp လုပ်ဖို့ ကြိုးစားနေပါတယ်။ iOS Bootcamp ဆိုတာကတော့ အဲဒီ ရက်မှာ ကျွန်တော်တို့တွေ iOS App Development ကို အခြေခံကနေ စသင်မယ်။ နောက်နေ့မှာတော့ sample project တွေ အတူတူ လုပ်ကြမယ်။ အခု ကျွန်တော်တို့ iOS Bootcamp လုပ်ရင် အများဆုံး လူ ၂၀ လောက်ပဲ လက်ခံနိုင်မယ်။ Mac book ရှိဖို့လိုမယ်။ OOP သိရမယ်။ Programming Language တစ်ခု တတ်ရမယ်။ ဒါမှသာ ကျွန်တော်တို့ Bootcamp မှာ သင်နိုင်ပါလိမ့်မယ်။ Bootcamp မှာ ကျွန်တော်တို့ Programming language အခြေခံတွေ မသင်ပါဘူး။…