ဒီ ၃ လ အတွင်း ထွေထွေထူးထူး မလုပ်ဖြစ်ပဲ ဂါထာ ကိုပဲ ပြီးအောင် ရေးနေတယ်။ ဂါထာ ဆိုတာကတော့ ရွတ်ရတဲ့ ဂါထာ မဟုတ်ပါ။ iPhone, iPad app တစ်ခုပါ။

Gardar ဆိုတာ ဘာလဲ ?

Gardar ဆိုတာကတော့ Google Reader App တစ်ခုပါ။ မြန်မာ unicode နဲ့ ဇော်ဂျီဖတ်လို့ရပါတယ်။ နောက်ပြီးတော့ ခမာ စာတွေပါ ဖတ်လို့ရအောင် ဖန်တီးပေးထားပါတယ်။ ခမာ unicode ကလည်း အခု အချိန်ထိ iOS 5 မှာ အလုပ်မလုပ်သေးပါဘူး။ ဒါကြောင့် ခမာ unicode ပါ ထည့်သွင်းပေးထားတာပါ။

ဘာလို့ Gardar ကို ရေးရတာလဲ

မြန်မာတွေ Google Reader က iPhone , iPad ကနေ ဖတ်လို့ရအောင်ပါ။ မိုးကုတ် browser နဲ့ ဖတ်လို့ရပေမယ့် ကျွန်တော် google reader ဖတ်ရင် သုံးနေရ Read It Later , Delicious , Facebook Share, Twitter Share စတာတွေက သုံး မရပါဘူး။ ဒါကြောင့် ကိုယ့်ဘာသာကိုယ် ရေးဖို့ ဆုံးဖြတ်လိုက်တာပါ။

Offline ရလား ?

အခု version မှာတော့ မရသေးပါဘူး။ ကျွန်တော် Offline ရဖို့အတွက် ၂ လ လောက် လုပ်သေးတယ်။ Offline အတွက် အရင်ကြိုးစားကြည့်တာကြောင့် တော်တော် အချိန်ကုန်သွားတယ်။ Offline က ထင်တာထက် ပိုခက်နေလို့ အခု version မှာ မထည့်ထားသေးပါဘူး။

Free version လား ?

ဟုတ်ပါတယ်။ အခု version 1.0 က free version ပါ။ ကျွန်တော် google reader ရဲ့ full functionality ကို အသုံးမပြုထားသေးပါဘူး။ နောက်ပြီးတော့ UI ကလည်း Native UI ပါပဲ။ ရှင်းရှင်းပြောရရင် ကျွန်တော် version 1.0 ကို စိတ်မကျေနပ် သေးပါဘူး။ ကျွန်တော် design ပိုင်းကို အသေးစိတ် ပြန်ပြင်ချင်တယ်။ အခု ၃ လအတွင်းမှာ development ပိုင်းကိုပဲ အာရုံစိုက်ပြီး လုပ်ထားရတော့ design ပိုင်းက လုံးဝ ကို မကောင်းဘူး။ full functionality မရသေးဘူးဆိုတာကလည်း မလိုတာကြောင့် မထည့်တာပါ။

တနည်းပြောရင် Free version တစ်ခုအဖြစ်တော့ စိတ်ကျေနပ်လောက်စရာ ရှိပါတယ်။ သို့ပေမယ့် Paid version ဆိုရင်တော့ ကျွန်တော်တောင် ဝယ်မသုံးချင်ဘူး။ အခု app က ပိုက်ဆံပေး ဝယ်သုံးရသလောက် မတန်သေးဘူးပေါ့။

Google App user တွေကော အသုံးပြုလို့ရသလား

ရပါတယ်။ Google App user တွေက 2-step verification လိုပါတယ်။ ကျွန်တော် ကိုယ်တိုင် Google App email ပဲ အသုံးပြုနေပါတယ်။ အဆင်ပြေပါတယ်။ 2-step verification ကတော့ မြန်မာနိုင်ငံအတွက် အဆင်မပြေပါဘူး။ ဘာလို့လည်းဆိုတော့ ဖုန်းနံပတ် လိုလို့ပါ။ ဒါကြောင့် မြန်မာနိုင်ငံကနေ အသုံးပြုရင်တော့ မူရင်း google account က သာ အဆင်အပြေဆုံးပါ။

ရေးသားရတဲ့ အချိန် ဘယ်လောက်ကြာသလဲ

၃ လ လောက် ကြာပါတယ်။ အစောပိုင်းမှာ ကိုယ်ပိုင် network framework လေး တစ်ခုနဲ့ ရေးဖို့ ကြိုးစားတယ်။ နောက်ပိုင်း RestKit ကိုတွေ့တော့ RestKit နဲ့ စမ်းတယ်။ နောက်ဆုံးတော့ MKNetworkKit နဲ့ မှ ငြိမ်သွားတာ။ Google Reader API ကို ဖတ်ထားတာကတော့ ၃ လ မကတော့ပါဘူး။ လုပ်မယ်ဆိုပြီး စိတ်ထဲမှန်းထားပေမယ့် အချိန် မရှိသေးတာကြောင့် API သုံးပုံ သုံးနည်းပဲ ဖတ်ထားတာပါ။ အစ ပိုင်းကတော့ နားမလည်ပေမယ့် လုပ်ရင်းလုပ်ရင်းနဲ့ သဘောပေါက် နားလည်သွားပါတယ်။

တကယ့် development အချိန်ကတော့ ၁ လောက်ပဲ ကြာတယ်လို့ ဆိုရမယ်။ စနေ တနင်္ဂနွေ ပဲ ရေးဖြစ်တာပါ။ ရုံးက ပြန်ရောက်ရင် ဘာမှ ကို မလုပ်နိုင်တော့ သလို coding လည်း မစဉ်းစားနိုင်တော့ဘူး။ ဒါကြောင့် app တစ်ခု ရေးချိန်မှာ Dhama Stream, Ornagai , OrnagaiMe တို့ကို update မလုပ်ဖြစ်ဘူး ဖြစ်သွားတယ်။ Dhama Stream မှာ ပြင်စရာလေးတွေ ကို နောက် ၂ ပတ်လောက်မှ စပြင်ဖြစ်မယ်ထင်တယ်။

ဘယ်အချိန် download ချလို့ ရမလဲ

App store ပေါ်ကိုတော့ တင်ထားပြီးပါပြီ။ နောက်အပတ်လောက်ဆိုရင် ရနိုင်လောက်ပါတယ်။ Gardar Website မှာ email signup လုပ်ထားရင် ကျွန်တော် ရတာနဲ့ အကြောင်းကြားပေးမှာပါ။

One response to “Gardar”

  1. good bro…. :)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading