Happy Birthday YouTube

ဘာလိုလိုနဲ့ youtube ငါးနှစ်ပြည့်သွားပေမယ့် youtube ကို အားပါးတရ သုံးခွင့်ရတာ ကျွန်တော့်အတွက်တော့ ၁နှစ်တောင် မရှိသေးဘူး။ youtube ကနေ လေ့လာလို့ရခဲ့တဲ့ သင်ခန်းစာတွေ ဗဟုသုတတွေ နည်းပညာတွေ သတင်းတွေ အများကြီးပဲ။ နောက်ပြီး ကျွန်တော် သဘောကျတဲ့ အဆိုတော် Jayesslee ဆိုတဲ့ နာမည်နဲ့ ညီမ ၂ ယောက် ဆိုတဲ့ သီချင်းတွေကို အမြဲ နားထောင်လို့ရတယ်။ WongFuProductions ရဲ့ ရိုက်ချက်တွေကို စဉ်ဆက်မပြတ်စောင့်ကြည့်ဖြစ်တယ်။ Stevespanglerscience က ဗဟုသုတရစေတယ်။ အများကြီးပဲဗျာ။ Happy Birthday YouTube !!! အခုအချိန်ဆို 2 Billions per Day View အထိ ရောက်လာတဲ့ youtube , ဒီလိုနေ့ရက် မတိုင်ခင်က youtube နေ့ရက်တွေကို video လေးပြန်လုပ်ထားတာတွေ့လိုက်ရတယ်။ တိုပေမယ့် ထိရောက်တယ်။

http://video.saturngod.net/other-source/youtube-5-year-old-birthday

မှာ ကြည့်လို့ရပါတယ်။

youtube မူရင်း link ကတော့

http://www.youtube.com/watch?v=Tlmho7SY-ic

ဒီနေ့ထူးထူးခြားခြား youtube မှာ python error တက်နေတာကိုလည်း တွေ့လိုက်ရသေးတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.