Happy Birthday YouTube

ဘာလိုလိုနဲ့ youtube ငါးနှစ်ပြည့်သွားပေမယ့် youtube ကို အားပါးတရ သုံးခွင့်ရတာ ကျွန်တော့်အတွက်တော့ ၁နှစ်တောင် မရှိသေးဘူး။ youtube ကနေ လေ့လာလို့ရခဲ့တဲ့ သင်ခန်းစာတွေ ဗဟုသုတတွေ နည်းပညာတွေ သတင်းတွေ အများကြီးပဲ။ နောက်ပြီး ကျွန်တော် သဘောကျတဲ့ အဆိုတော် Jayesslee ဆိုတဲ့ နာမည်နဲ့ ညီမ ၂ ယောက် ဆိုတဲ့ သီချင်းတွေကို အမြဲ နားထောင်လို့ရတယ်။ WongFuProductions ရဲ့ ရိုက်ချက်တွေကို စဉ်ဆက်မပြတ်စောင့်ကြည့်ဖြစ်တယ်။ Stevespanglerscience က ဗဟုသုတရစေတယ်။ အများကြီးပဲဗျာ။ Happy Birthday YouTube !!! အခုအချိန်ဆို 2 Billions per Day View အထိ ရောက်လာတဲ့ youtube , ဒီလိုနေ့ရက် မတိုင်ခင်က youtube နေ့ရက်တွေကို video လေးပြန်လုပ်ထားတာတွေ့လိုက်ရတယ်။ တိုပေမယ့် ထိရောက်တယ်။

http://video.saturngod.net/other-source/youtube-5-year-old-birthday

မှာ ကြည့်လို့ရပါတယ်။

youtube မူရင်း link ကတော့

http://www.youtube.com/watch?v=Tlmho7SY-ic

ဒီနေ့ထူးထူးခြားခြား youtube မှာ python error တက်နေတာကိုလည်း တွေ့လိုက်ရသေးတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading