ဒီနေ့ Flash နဲ့ ပတ်သက်ပြီး နောက်ထပ် ဆောင်းပါးတစ်ပုဒ်ကို ထူးတေဇာ ရဲ့ twitter status ကနေ link ရလို့ဖတ်ဖြစ်လိုက်တယ်။ Opera က HTML5 video ကိုပဲ support လုပ်မယ်ဆိုတာလေးပါ။ အကုန်လုံး သိကြတဲ့အတိုင်းပဲ Flash က iPhone, iPodTouch, iPad တွေမှာ မရသလို အသစ်ထွက်ရှိမယ့် iPhone OS 4 မှာလည်း အများမျှော်လင့်သလို မပါဝင်ခဲ့တာ သိကြပြီးတဲ့အတိုင်းပဲ။ ပထမဆုံး Apple က Flv တွေအစား HTML5 ကို video မှာ အသုံးပြုဖို့စတင်ခဲ့တယ်။ HTML5 အတွက် mp4 ကို အသုံးပြုခဲ့တယ်။ အဲလိုပဲ Google ကလည်း HTML5 video ကို စတင် support လုပ်ပြီး youtube မှာ HTML5 video version ကို စမ်းသပ်သုံးစွဲလို့ရနေတာ ကြာပါပြီ။ နောက်ပြီး မကြာခင်မှာ Google Docs တစ်ခုလုံးဟာ HTML5 ကိုပဲ အဓိက သုံးသွားတော့မှာပါ။ Microsoft ကလည်း အသစ်ထွက်မယ့် IE 9 မှာ HTML5 video ကို စတင်ပြီး support လုပ်ပါတော့မယ်။ Opera ကလည်း HTML5 video ကို support လုပ်နေပါပြီ။

ဒီဆောင်းပါး ထဲမှာ ရေးထားတဲ့ စာလုံးလေး ကိုတော့ တော်တော်သဘောကျမိတယ်။

“But at Opera we say that the future of the web is open web standards and Flash is not an open web standards technology.

“Flash does have its purposes and will have its purposes, the same as [Microsoft’s] Silverlight and others, especially for dynamic content.

“But flash as a video container makes very little sense for CPU, WiFi battery usage etcetera – you can cook an egg on [devices] once you start running Flash on them and there’s a reason for that.”

Apple က Steve ရေးထားတဲ့ Thoughts on Flash ကလည်း ဖတ်ကြည့်သင့်ပါတယ်။

Flash က Video တွေနေရာမှာ ဘယ်လောက် နေရာယူလာနိုင်မလဲ။ HTML5 video နဲ့ Flash နဲ့ ယှဉ်ကြည့်တဲ့အခါ HTML5 video က flash ထက်စာရင် ပိုအဆင်ပြေတယ်။ နောက်ပြီး stackoverflow မှာ ဆွေးနွေးထားတာလေးတွေက အရမ်းကောင်းတယ်။ Flash ရဲ့ အဓိက ပြဿနာက Windows မဟုတ်တဲ့ platform တွေမှာ CPU usages အများကြီးသုံးတာပဲ။ Flash က windows ပေါ်မှာ ကောင်းကောင်းလေး အဆင်ပြေပေမယ့် Windows မဟုတ်တဲ့ site တွေမှာ အဆင်မပြေဘူး။ နောက်ပြီး Mac မှာ Flash ကြော်ငြာတွေမှာ ကိုယ်ပိုင် pointer သုံးထားရင် ကြော်ငြာပေါ်က ဖြတ်ပြီး သွားလိုက်ရင် လက်ရှိ pointer ပျောက်သွားတတ်တယ်။

HTML5 video ဟာ javascript နဲ့ ပေါင်းပြီး ရေးလို့ရတဲ့အတွက် flash ထက်စာရင် အားသာချက်ပဲ။ နောက်ပြီး ogg ဟာ Open Standard ဖြစ်ပြီး flash ကတော့ Adobe ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ အဲဒီအတွက်ကြောင့် browser တွေမှာ Flash ကို default အနေနဲ့ ထည့်ပေးပိုင်ခွင့်မရှိဘူး။ Adobe ကနေ တဆင့် download ချပြီး ထည့်ခွင့်ပဲရှိတယ်။ အဲလို ချုပ်ကိုင်ထားတာဟာ Flash အတွက် ကျဆုံးစေတော့မှာလားလို့တောင် မေးခွန်းတွေ ဖြစ်လာပါတယ်။

HTML5 နဲ့ Flash ကို ယှဉ်သုံးကြည့်ရင် HTML5 video မှာ သုံးတဲ့ ogg ဟာ flash ထက်စာရင် အများကြီးမြန်ပါတယ်။ MP4 ကတော့ High Quality ရပါတယ်။ Youtube မှာ HTML5 video အတွက် mp4 ကို သုံးထားတယ်။ နောက်ပြီး ရေးရတဲ့အပိုင်းမှာလည်း <video> ဆိုပြီး အနည်းအကျဉ်းလေး ရေးလိုက်ရုံနဲ့ ပြီးသွားပေမယ့် flash ကတော့ object တွေ param တွေ ထည့်ရေးနေရပါတယ်။ Flash ကို သုံးတဲ့အတွက် flash plugins လိုအပ်ပြီး flash plugin ကို သီးသန့်ခေါ်ပြီး အသုံးပြုတဲ့အတွက် page loading က html5 video နဲ့ ယှဉ်ရင် နည်းသွားတာ မဆန်းပါဘူး။

လက်ရှိ Flash နဲ့ ပတ်သက်တဲ့ content တွေ အများကြီးရှိနေပေမယ့် သူ့မှာ အဖော်မဲ့နေပါပြီ။ Apple, Google, Microsoft, Opera တို့ဟာ HTML5 ကို ခရီးနှင်ဖို့ အားသန်နေပြီ။ ဒါပေမယ့် Flash ကို Adobe က အခုအချိန်ထိ ချုပ်ကိုင်ထားနေတုန်းပဲ။ လူသုံးများတဲ့ iPhone တွေမှာ flash အလုပ်မလုပ်သေးပေမယ့် Android မှာတော့ စတင်ပြီး flash ကို support လုပ်ပါတော့မယ်။ Apple ကတော့ Flash ကို Adobe က ချုပ်ကိုင်ထားသ၍ Support လုပ်မယ့်ပုံ မရပါဘူး။ နောက်ပြီး Flash CS5 မှာ iPhone App ကို Flash နဲ့ ရေးလို့ရလာပါပြီ။ Apple က cross-compiled applications တွေကို သူ့ store ကနေ ဘန်းမယ်လို့ ပြောဖူးပါတယ်။ Adobe က ဒီလို ပြန်ကြေငြာခဲ့ပါတယ်။

“Adobe® Flash® Professional CS5 will include a Packager for iPhone that will let you publish ActionScript 3 projects to run as native applications for iPhone. These applications can be delivered to iPhone users through the Apple App Store.”

တနည်းပြောရင် Flash Developer အနာဂတ်က မှေးမှိန်လာတော့မှာလား။ Flex ကို သုံးထားတဲ့ site တွေကလည်း iPhone မှာ သုံးလို့မရတဲ့ အတွက် သီးသန့် ပြန်ပြုပြင်ရေးဆွဲရတာတွေ ရှိလာပါတယ်။ ဟိုအရင် အခါတုန်းက jQuery က Flash Killer ဆိုပြီး ပြောဆိုခဲ့ကြရမှာ jQuery သာမကတော့ပဲ HTML5 video ကပါ Flash ကို စတင်တိုက်ခိုက်လာပါပြီ။ Adobe ဘက်ကလည်း Flash CS5 မှာ iPhone Application ရေးလို့ရလာသလို Android ကလည်း Flash ကို support လုပ်မယ်ဆိုတော့ ဆက်လက်ရပ်တည်သွားဖို့ အနေအထားရှိပါတယ်။ ဒါပေမယ့် HTML5 video တွေဟာ လက်ရှိ Flv တွေနေရာမှာ အစားထိုးဝင်ရောက်လာပါတော့မယ်။ သို့ပေမယ့်လည်း မြန်မာ ရုပ်ရှင် site တွေကတော့ ယခုချိန်ထိ HTML5 ကို မပြောင်းလဲသေးတဲ့အတွက်ကြောင့် iPhone သမားတွေ အခက်တွေ့နေရစမြဲပါပဲ။ မြန်မာ video site တွေဟာလည်း ဖြစ်နိုင်မယ်ဆိုရင် HTML5 video ကို ပြောင်းလဲသင့်နေပါပြီ။ HTML5 video ကို ပြောင်းလဲခြင်းဖြင့် iPhone တွေမှာ ကြည့်လာလို့ရမယ်။ iPodTouch , iPad တွေမှာ ကြည့်လို့ရလာပါလိမ့်မယ်။ Android မှာတော့ ကြည့်လို့မရသေးပါဘူး။ ပြဿနာကတော့ HTML5 video ပြောင်းရင် ရုပ်ရှင်တစ်ကားကို format ၂ ခုလုပ်ရပါလိမ့်မယ်။ Ogg နဲ့ MP4 format ပါ။ Ogg ပြောင်းပုံကို ကျွန်တော် ရေးဘူးပါတယ်။ MP4 ကတော့ convertor တွေ အများကြီးပါတယ်။

အနာဂတ်မှာ Flash က မရေရာပေမယ့် HTML5 ကတော့ သေချာပေါက် ပြောင်းလဲနေရာယူလာမှာပါ။ ဒီအကြောင်းရေးနေရင်း တစ်ခု စဉ်းစားမိသေးတယ်။ Zawgyi နဲ့ Myanmar Unicode ပေါ့။ ခက်တာက Myanmar Unicode standard ဖြစ်ပေမယ့် , Flash ကို အလဲထိုးဖို့ ကြိုးစား တဲ့ jQuery, HTML5 video, iPhone, iPodTouch, iPad တို့လို အင်အားကြီးမားပြီး လူသုံးများတဲ့ product တွေ မရှိခြင်းပဲ။ Flash က content တွေအများကြီးရှိတာမှန်တယ်။ ပထမဆုံးအချက်က flash က w3c web standard မဟုတ်ဘူး။ web standard ဖြစ်တဲ့ HTML5 ကို ပြောင်းလဲလာမှာ သဘာဝပဲ။ နောက်ပြီး flash ကို Adobe က ချုပ်ကိုင်ထားတယ်။ jQuery လို သုံးရလွယ်ပြီး javascript ကို အစားထိုးလာနိုင်ခြင်း ၊ HTML5 မှာ video tag က သုံးရလွယ်ခြင်း။ iPhone , iPodTouch , iPad စတဲ့ Apple Product က လူကြိုက်များခြင်းကြောင့် Flash က မှေးမှိန်လာရတာပါ။ သို့ပေမယ့်လည်း Myanmar Unicode Standard မှာက အဲဒီ အချက်တွေထဲကမှ Standard ဆိုတဲ့ အချက်တစ်ခုပဲ ပိုင်ဆိုင်ထားနိုင်သေးတာကြောင့် content များတယ်ဆိုတဲ့ ဇော်ဂျီကို မယှဉ်နိုင်သေးတာပါ။ နောက်ပြီး zawgyi ကို ဘယ်သူမှ ချုပ်ကိုင်မထားခြင်းဟာ ဇော်ဂျီဟာ လက်ရှိ Myanmar Unicode standard ကို ယှဉ်နိုင်နေတာပါ။ တကယ်လို့သာ ဇော်ဂျီဟာ Alpha ကပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ပဲ ဖြစ်ဖြစ် ချုပ်ကိုင်ထားရင် အခုအချိန်မှာ ဇော်ဂျီဟာလည်း ပျောက်ဆုံးရင် ပျောက်ဆုံး ဒါမှမဟုတ် Flash လိုမျိုး လူပေါင်းစုံ ဝိုင်းနှိပ်ကွပ်တဲ့ အခြေအနေ ရောက်ကောင်းရောက်နေမှာပါ။

Flash သမားတွေဆိုပေမယ့် HTML5 ကိုတော့ မေ့ထားလို့မရဘူး။ တချိန်တစ်ခါက အရမ်းအောင်မြင်ပြီး developer တွေ အရူးအမူးဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ developer တွေဟာ jQuery နဲ့ iPhone Developer တွေကို ကူးပြောင်းကုန်ကြပြီ။ CSS3 ရဲ့ လှပပြီး စွဲမက်ဖွယ် ကောင်းတဲ့ အချက်တွေကလည်း web လောကကြီးကို ပိုပြီး ရေးဆွဲရလွယ်ကူအောင် အထောက်အပံ့ပေးနေရင် အနာဂတ်မှာ Adobe က Flash ကို ချုပ်ကိုင်ထားအုံးမလား ဆိုတာက Flash အနာဂတ်အတွက် အဖြေဖြစ်လာမလားပဲ။

5 responses to “Flash Future ?”

  1. အသဲကွဲပြီ

    1. ??? why ??? now flash developer should go to the App store for iPhone Game ;)

  2. ကျွန်တော့် hosting က wordpress theme တွေ install လုပ်လို့မရလို့ ဘယ်မှာပြင်ရမလဲသိချင်ပါတယ်။

    1. wp-content/theme folder should be 775. Can you upload from FTP ? ( if you have a time, ask in http://www.mysteryzillion.org )

  3. iPhone Share ကိစ္စတွေ နဲနဲလိုက်ကြည့်ပါ google က director ပါရာကထွက်တာတွေ adobe နဲ့ apple ပြဿနာတွေ Microsoft ရဲ့ apple Share ပိုင်ဆိုင်မှု့၊
    ဆရာကြီးတွေဖြစ်တဲ့ APPLE/Microsoft/Google/Adobe/FaceBook/Nokia… တို့ရဲ့ online မှာ နေရာလူပွဲ တွေ ချိတ်ဆက်မှှု့တွေ တရားတဘောင်တွေ လူသိများစေတဲ့ ငြင်းပွားမှု့သုံး ကြော်ငြာမှု့တွေ အထိလိုက်ကြည့်လိုက်ရင် ဒီထက်ဇာတ်ရည်လည်ပါလိမ့်မယ်။ iPhone က တချိန်က flash ရခဲ့ပြီးသားပါ။ OS စစ်ပွဲ frame work စစ်ပွဲ Web 2.0 တိုက်ပွဲ mobile war ……တွေရဲ့ဗျူဟာတွေဟာ technical solution တခုထက်ကျယ်ပြန့်တယ်လို့ထင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.