iPad

မနေ့ညက  Apple Show ကို Online ကနေ Live ကို စောင့်ကြည့်လိုက်တယ်။ အစက blog ကနေပဲ ကြည့်ရင်း itpros မှာ live  ရတဲ့ လိပ်စာတွေ့တာနဲ့ စောင့်ကြည့်လိုက်တာ ၃ နာရီ ခွဲလား ၄ နာရီလားမသိဘူး။ တော်တော်မိုးချုပ်သွားတယ်။ ပွဲကတော့ Live ကြည့်ရတာ တော်တော်အရသာရှိတယ်။ ရင်တော်တော်ခုန်ရတာပဲ။ ဟေးခနဲ ဟေးခနဲ့ အော်လိုက်တဲ့အထဲမှာ ကိုယ်လည်း လိုက်အော်မိသွားတယ်။ iPad ကို စထုတ်လိုက်တဲ့ ဟေးခနဲ ထအော်လိုက်ရတာ တော်တော်လေး အရသာရှိတာပဲ။

iPad အကြောင်းကိုတော့ အခုအချိန်မှာ လူတော်တော်များများ သိပြီး ဖြစ်သလို ထွေထွေထူးထူးလည်း ပြောနေစရာမလိုတော့ဘူး။ iPad မှာ အရင်ဆုံး မကြိုက်တာလေးတွေ စပြောမယ်။

Name

တော်တော်ဆိုးရွားတဲ့ name ဗျာ။ iPad တဲ့။ Pads ဆိုပြီးတော့သာ google နဲ့ youtube မှာ ရှာလိုက်တော့။ iPad ဆိုတဲ့ နာမည်ကြီးက တော်တော်ဆိုးတာတော့ လူတိုင်း သိမှာပါ။ ဒါပေမယ့် Apple က ဘာလို့ အဲဒီ နာမည်ရွေးလိုက်လဲဆိုတာတော့ မသိဘူး။ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက iPad ဆိုပြီး youtube မှာ နောက်ထားတာရှိတယ်။( http://www.youtube.com/watch?v=lsjU0K8QPhs ) အခု iPad က တကယ်ထွက်လာပြီ။ အဲဒီ နာမည်ပေးမယ်ဆိုတာ မယုံနိုင်စရာပဲ။ အင်္ဂလိပ်စာ ကောင်းကောင်းတတ်ပြီး computer အကြောင်း မသိတဲ့ လူကြီးတွေကတော့ ထင်မှာပဲ။ ဟင်… ဒီကောင်အားနေရင် pad လိုချင်တယ်ပဲ အော်နေတာပဲလို့။ တစ်ခုခုတော့ လွဲနေပြီလို့ ပေါက်ကရ ထင်ကုန်ရင် ပြဿနာ။ ဒီနေ့မနက်တောင် iPad ဆိုတာ ဘာမှန်းမသိသေးတဲ့ သူတွေ အများကြီးရယ်။

No Flash

စိတ်အပျက်ဆုံးပဲ။ iPhone OS ဖြစ်တဲ့အတွက်ကြောင့် flash မရဘူး။ အဲ… Adobe ကတော့ ထုတ်ပေးမယ်လို့ပြောတာပဲ။ ဘယ်တော့လဲတော့ မသိဘူး။

Can’t connect with iPhone/iPodTouch

ဒါလည်း သဘောမတွေ့စရာပဲ။ သူက big iPodTouch လို့ ဆိုရင် ပိုမှန်လိမ့်မယ်။ iPodTocuh လိုမျိုးပဲ iTune နဲ့ ချိတ်ပြီး အကုန် အလုပ်လုပ်ရတာပဲ။

No Multitasking

iPodTouch ကတည်း multi tasking လုပ်မရတာကို သဘောမတွေ့တာ iPad မှာလည်း မရပြန်ဘူး။

No Camera

အဓိက လိုချင်တာက web cam ။ iPad မှာ ပါမလာဘူး။ video chat လုပ်လို့မရတော့ဘူးပေါ့။

ကဲ…. များများစား သဘောမတွေ့စရာ မရှိပါဘူး။ နောက်ပြီး စဉ်းစားမရတာက ထွက်တဲ့ သတင်းတွေထဲကလည်း Magazine, Education တွေအတွက် တိုးတက်ပြောင်းလဲသွားနိုင်တာမျိုး မပါလာတာပဲ။ ဥပမာ Text Book လိုမျိုးပေါ့။ Text Book တွေပါ ရလာရင် ကျောင်းသားတွေအနေနဲ့  iPad ကို မဖြစ်မနေ သုံးကြတော့မှာပဲ။ စာအုပ် အထူကြီးတွေကိုတော့ library မှာပဲ ဖတ်ပြီး အိမ်မှာတော့ iPad လေးနဲ့ ဖတ်တာပေါ့။ ခက်တာက အဲလိုမျိုး အစီအစဉ် အခုချိန်မှာ မရှိသေးဘူး။ နောက်ပြီး NewsLetters ။ အဲဒီအစီအစဉ် မပါလာပြန်ဘူး။ Times ကတော့ iPad app ထွက်မယ်လို့ ပြောတာပဲ။

ကြိုက်တာလေးတွေက

Size

ကျွန်တော့်အတွက်က အဲဒီ size မှ အဆင်ပြေတယ်။ ebook တွေ အဖတ်များတော့ အဲဒါလေးနဲ့ဆို တော်တော်အဆင်ပြေပြီ။ အဲလောက် အရွယ်မှပဲဖတ်လို့ ကောင်းမှာ။ ဈေးကွက်မှာက သေးသေးကွေးကွေးရယ်။ မျက်စိက မကောင်းပါဘူးဆိုမှ ပိုပျက်မယ့်ကိန်းပေါက်နေလို့ Apple Tablet ထွက်မယ်ဆိုတုန်းက ၁၀ လက်မ လောက် ထုတ်ပါစေလို့ စိတ်ထဲကတောင် ပြောမိနေသေးတယ်။ Apple က ကြားသွားတယ်ထင်ပါ့။ ၉.၆ လက်မ x ၇.၄ လောက်ဆိုတော့ ကျွန်တော့်အတွက်တော့ တော်တော် အဆင်ပြေတဲ့အရွယ်ပဲ။ အဲ.. အပြင်သယ်ချင်တဲ့ သူတွေအတွက်တော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်ကတော့ စာကို အိမ်မှာ အေးအေးဆေးဆေး အချိန်ပေးပြီးဖတ်တတ်တော့ ကျွန်တော့်အတွက် အဆင်ပြေတယ်။

MultiTouch

iPhone အတိုင်းဆိုတော့ ထွေထွေထူးထူးပြောစရာမလိုဘူး။ သဘောကျတယ်။

Display

ရေလည်လန်းတယ်လို့ ဆိုရလောက်အောင်ပဲ။

  • 9.7-inch (diagonal) LED-backlit glossy widescreen Multi-Touch display with IPS technology
  • 1024-by-768-pixel resolution at 132 pixels per inch (ppi)
  • Fingerprint-resistant oleophobic coating
  • Support for display of multiple languages and characters simultaneously

Audio

Apple က ထုတ်တဲ့ product တွေရဲ့အသံ quality ကတော့ အမြဲတန်းမိုက်တယ်။ ထွေထွေထူးထူးပြောစရာ မရှိဘူး။

Processor

အသစ်ပဲဗျ။ Multimedia အတွက် အထူးလုပ်ထားတယ်လို့တော့ ဖတ်ရတာပဲ။

1GHz Apple A4 custom-designed, high-performance, low-power system-on-a-chip

iWork

iWork ပါလာတာကိုတော့ အရမ်းအရမ်းကို သဘောကျတယ်ဗျာ။ တစ်ခုမှ $9.99 ဆိုတော့ သက်သာတယ်ဗျ။ keynote နဲ့ pages လောက်ပဲ ဝယ်သုံးဖြစ်မှာဆိုတော့ အခုဝယ်ထားတဲ့ iWork ထက် အများကြီး ဈေးသက်သာတယ်။

တခြား ကြိုက်တာတွေက အများကြီးပဲဗျာ။ ပြောလို့ကို ဆုံးတော့မှာ မဟုတ်ဘူး။ ခက်တာက ၂ လ စောင့်ရမယ်ဆိုတာပဲ။ iPhone OS ဖြစ်တဲ့အတွက် jailbreak ကိုလည်း စောင့်ရမလားမသိဘူး။ jailbreak မလုပ်ရင် SSH,SFTP သုံးလို့ရမှာမဟုတ်ဘူးလေ။ Wifi နဲ့က ၂ လပဲ။ Wifi+ 3 G ဆိုရင်တော့ ၃ လ စောင့်ရမယ်။ ကိုယ်က 3G မပြောနဲ့ ဖုန်းတောင် ကဒ်ဖုန်းပဲသုံးနိုင်တာဆိုတော့ 3G ကိုတော့ မစဉ်းစားတော့ဘူး။ iPad 2G ဆိုပြီး ထွက်လာအုံးမယ်ထင်တယ်။ အခု iPad က လိုအပ်ချက်လေးတွေက ရှိနေသေးတယ်။ နောက်ပြီး processor အသစ်ဆိုတော့ အခြေအနေ ဘယ်လိုရှိမလဲဆိုတာကို စောင့်ကြည့်ရမယ်။ စလုံးကို ရောက်ရင်တော့ ဝယ်မယ်ဗျာ။ စာအုပ်ဖတ်ဖို့ လိုနေတာနဲ့ အတော်ပဲ။

http://www.apple.com/ipad/ မှာ အသေးစိတ်တွေ ဖတ်လို့ရတယ်။

11 Comments

  1. စိုင်းညီဖြိုး says:

    ကျန်တာတွေကိုတော့ ဖတ်လိုက်တာ.. တကယ့်ကို စိတ်ဝင်စားနေပီ၊ ကောင်းခန်းလဲ ရောက်နေပီဗျာ. ဒါပေမယ့်လို့..
    ဟူးဟူး. . တစ်ခုပဲဗျ
    Audio ပိုင်းမှာ ရေးထားတာလေးကိုကြည့်ပီး နဲနဲများထောက်သွားသလားပဲ၊
    “Apple က ထုတ်တဲ့ product တွေရဲ့အသံ quality ကတော့ အမြဲတန်းမိုက်တယ်။ ထွေထွေထူးထူးပြောစရာ မရှိဘူး။”
    ===================================
    iPod Touch ရဲ့ စပီကာသံကိုမှ အားမနာဗျာ… ပြောရက်လိုက်လေခြင်း..
    ဟီးဟီး.. နောက်တာနော်.. (ဒါပေမယ့်လဲ တကယ်ပါဗျာ. )
    Apple ရဲ့ အသံတွေကတော့ တကယ့်အလန်အပြန်တွေပဲ၊ အဲ့ဒီ iPod နဲ့ iPhone ရဲ့ စပီကာအသံကို ပြင်ပေးနိုင်ရင်တော့ မဆိုးဘူးထင်တယ်.. နော့

    1. saturngod says:

      LOL!! iPodTouch က Speaker အတွက် design လုပ်ထားတာမဟုတ်ဘူးလေ။ iPodTouch ကို Dock Speaker တွေနဲ့ တွဲကြည့်လိုက်။ ထွက်လာတဲ့ quality ရေလည်ကောင်းတယ်။ သူ့ရဲ့ မူရင် speaker က အဖြစ်။ အဓိက သဘောကျတာက ထုတ်ပေးတဲ့ quality။ သူက နားကြပ်နဲ့ နားထောင်ဖို့ အတွက် အဓိက လုပ်ထားပုံ၇တယ်။ Macbook pro မှာလည်း iPodTouch နားကြပ်နဲ့နားထောင်ကြည့်လိုက်ရင် iPodTouch မှာနားထောင်ရတဲ့အတိုင်းပဲ။

  2. စိုင်းညီဖြိုး says:

    ကိုစေတန်ပြောသွားတာတွေထဲမှာ မပါသေးတဲ့ ကြိုက်စရာတစ်ချက်ကိုထောက်ပြချင်တယ်၊ ဘာလဲဆိုတော့.. “Battery” ပေါ့..
    25Whr internal ပါဝင်သတဲ့၊ ဘာဘက်ထရီအမျိုးအစားလဲတော့မသိဘူး။ 10 နာရီမပျက်အလုပ်လုပ်နိုင်တယ်ဆိုပဲ၊ ပီးတော့ ဘက်ထရီကို လဲလှယ်ပီး အသုံးပြုနိုင်တယ်တဲ့၊ ပီးတော့..
    ဒီအတိုင်းမသုံးပဲထားရင် StandBy ၁ လကျော်ခံနိုင်တယ်.. (အားပါပါး. .ဖတ်လိုက်ရတာတော့ အားရှိစရာပဲနော်.. )

    1. saturngod says:

      battery ကိုတော့ မကြိုက်ဘူး… Amazone Kindle က battery ပိုခံတယ်။ iPad က 10 နာရီပဲလုပ်တယ်။ Amazone က 1 ပတ်အလုပ်လုပ်နိုင်တယ်။ အများကြီးကွာတယ်။ Toshiba NB305 တောင် ၁၁ နာရီခံသေးတယ်။သူ ၁၀ နာရီခံတယ်ဆိုတာ အံသြစရာမဟုတ်ဘူးလေ…

  3. apple ကလုပ်တာ အကုန်ကြိုက်တယ်။ သူ့ဆီက ထွက်တာ အမြဲတမ်း အသစ်အဆန်းပဲနော်..။ ခက်တာဆို သိပ်ကလိတက်တော့ဘူး။ ဒါတောင်အလုပ်က asus ကွန်ပြူတာစက်ရုံမှာ ဟီး ကြွားတာ ဟုတ်ပါဘူး။
    ညံကြောင်းပြောတာပါ :P။
    apple ကုမ္မဏီမှာ အလုပ်လုပ်ကြည့်ချင်တယ်..:P

    1. saturngod says:

      ;)

  4. Mark says:

    စေတန် အိုင်ပက် အုံးမှာလား? :D

    1. saturngod says:

      hahah… အိုင်ပက် ဖို့ တော့ စဉ်းစားနေတယ်… စာအုပ်မဝယ်နိုင်လို့ အိုင်ပဲ ပတ်ရင် ကောင်းမလားလို့.. :D

  5. Nay says:

    ipad ကတော့သရေကျစရာဘဲ။battery life ကတော်တော်လန်းတာဘဲ။macbook air battery လို မပူရင်ကောင်းမယ်။

  6. zawhtwe says:

    ကိုစေတန် ရေ
    ipad ကို jailbreak ရရင် မြန်မာ font ကို လည်း သွင်းလိုရမလား မသိဘူးနော်။ အခု jailbreak ရပြီဆိုလို. ကျန်တော် ဝယ်ချင်နေတာ။ အဲ့ဒါ မသေချာလို. မေးကြည့်တာ။ zawgyi font ရမှ ကျတော်တို. အတွက် အဆင်ပြေမှာ မို.လို.ပါ။ ipod touch မှာ zawgyi font ရတာ တော်တော် အဆင်ပြေတယ်ဗျာ။ ကျေးဇူးပါ ကို စေတန်။

    1. saturngod says:

      I don’t have iPad and I don’t know about that :(

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.