Play in the playground

Play in the playground ဆိုလို့ သူငယ်ပြန်သွားတယ်လို့ ထင်ကုန်ကြအုံးမယ်။ မနေ့ညက oAuth ကို ဘယ်လိုလုပ်ရမလဲ မသိလို့ရှာရင်း ရှာရှင်းကနေ playground ထဲကို ရောက်သွားတာပဲ။ webdeveloper forum က playground ထဲမှာ ရှိတယ်ဆိုလို့ playground ထဲ အပြေးသွားကြည့်ရတာပဲ။ playground ထဲရောက်မှ woww… ဆိုပြီး သဘောကျစရာတွေ အပြည့်ပဲဗျ။ ဆော့စရာတွေက များမှ များ။ ခက်တာက ကိုယ်လိုအပ်နေတာပဲ အရင်ဆော့ရတာပေါ့။Playground ဆိုတာက Google Code Playground ကိုပြောတာပါ။ Google က ထုတ်ထားတဲ့ API တွေကို example နဲ့ စုဆောင်းထားတဲ့နေရာလေးပါ။ Google API ကို ဘယ်လိုအသုံးပြုရမလဲ မသိတဲ့သူတွေအတွက် အရမ်းအဆင်ပြေတယ်။ http://code.google.com/apis/ajax/playground/ မှာ သွားကြည့်လို့ရတယ်။ အဲဒီ playground ကတော့ javascript နဲ့ကြီးပဲ။ ကျွန်တော်လိုချင်နေတဲ့ oAuth ကတော့ http://googlecodesamples.com/ အဲဒီမှာ ရှိတာပါ။ တစ်ခါတစ်ခါ google ကို သဘောကျမိတယ်။ အများအားဖြင့်တော့ စိတ်ညစ်တယ်။ Google က သုံးတဲ့ နည်းပညာတွေက နောက်ဆုံးတွေ သုံးတာ များတော့ ကိုယ်လည်း လိုက်မဖတ်နိုင်ရင် သူပြောတာတွေကို နားလည်ဖို့မလွယ်ဘူး။ သူ့ထက်စာရင်  paypal api တို့twitter တို့က ပိုလွယ်တယ်။ ဒါပေမယ့် google က playground ရှိတော့ လေ့လာရတာလွယ်တာပေါ့။ နောက်ပြီး forum support ရှိပေမယ့် အဲလောက် သုံးလို့မကောင်းဘူး။ အများအားဖြင့် ပြန်မဖြေတာများတယ်။ ပြန်ဖြေရင်လည်း အများအားဖြင့် စိတ်ကျေနပ်စရာအဖြေရအောင် မပေးနိုင်ဘူး။ webdeveloper forum က web development အတွက် မေးရတာ တော်တော်ကောင်းတဲ့ forum ပဲ။ oAuth ကို stackoverflow ကို မေးပေမယ့် တော်တော်များများက ကျေနပ်တဲ့အဖြေမရဘူး။ ဥပမာ။။ အခုလို playground လိပ်စာပေးတာမျိုးပေါ့။ Stackoverflow မှာက PHP developer နည်းတာလည်း ပါလိမ့်မယ်ထင်တာပဲ။ မေးနေကျ webdeveloper forum ကိုပဲ သုံးလိုက်တော့ တော်တော်အဆင်ပြေသွားပြီ။ အခုတော့ playground ကြောင့် ပထမ အဆင့်တော့ ရသွားပြီ။ နောက်ဆုံး ၂ ဆင့်ဖြတ်ပြီးရင် oAuth access ရပြီ။ ပြီးရင် GET,POST,PUT,DELETE ကို စမ်းဖို့ပဲ ကျန်တော့တယ်။

8 Comments

  1. Steven says:

    Hi ကိုစေတန်…

    ကျွန်တော် တစ်ခုလောက်မေးချင်လို့ပါ ။ ကျွန်တော့်ရဲ့ CPanel ဝင်လို့မရဖြစ်နေတယ် ။ တစ်ရက်ရှိသွားပြီခင်ဗျ ။ သူက ၁၀မိနစ်ကြာမှာ ပြန်ဝင်ပါဆိုလို့ စမ်းတာလဲ ခဏခဏပဲ ။
    Cpanel မရတော့ ftp server နဲ့ email account တွေလဲ မရဘူးခင်ဗျ ။ webpage ကျတော့ ပေါ်တယ် ။ cache တို့ cookies တို့ကို ဖျက်ပြီးလဲ စမ်းကြည့်တယ် ဒါပေမယ့် မရဘူး ။ ကျွန်တော်ကလဲ codes တွေကို နားမလည်တော့ ဘယ်လိုလုပ်ရမလဲ မသိဘူး ။ အဲဒါ အကြံညဏ်လေးများ ပေးနိုင်မလား ခင်ဗျာ ။

    1. saturngod says:

      Ask in hosting help desk.

  2. kom says:

    အောင်မြင်ပါစေ။

    1. saturngod says:

      ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။

  3. မြန်မြန်အကောင်ထည် ပေါ်နိုင်ပါစေ ဆရာကီး။

    1. saturngod says:

      ဟုတ်…. ပေးတဲ့ဆုနဲ့ ပြည့်မှာပါ… :D

  4. သားထွေး says:

    ကိုစေတန်ခင်ဗျာ

    ကွန်ပျူတာ ဝင်းဒိုးမတက်တော့လို.fomat ချလိုက်ပါတယ်
    ဝင်းဒိုးပြန်တင်ပြီးအသံပြန်မရတော့ပါ၊
    ကွန်ပျူတာပါ sound driver ကိုဘာအမျိုးစားမှန်းသိအောင် ဘာဆော.ဝဲလ်ကိုသုံးပြီး
    ရှာနိုင်ပါသလဲ။ ဘယ်မှာဒေါင်းလို.ရမလဲဆိုတာလေးဖြေကြားပေးပါ၊

    ကျေးဇူးတင်လျက်

    1. saturngod says:

      try to ask in http://www.mysteryzillion.org. for sound driver, try to windows update or install from motherboard driver. ( I don’t use windows over 3 months and i forgot most thing in windows)

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.