iPhone 4 available without Plan

ဒီနေ့ စကာင်္ပူမှာ iPhone 4 ကို Plan မပါပဲနဲ့ ဝယ်လို့ရပါတယ်။ ဒီနေ့ Signtel က iPhone 4 တွေ စရောင်းပါပြီ။ Signtel ကတော့ Online appointment နဲ့ လုပ်တယ်နဲ့တယ်။ M1 နဲ့ Starthub ကတော့ တန်းစီရတယ်လို့ ကြားပါတယ်။ အဲဒီ သတင်းတော့ သေချာမသိသေးပါ။ Plan ကတော့ iPhone 3Gs တုန်းက ထက် သက်သာသလိုပါပဲ။ iPhone 4 မှာ speaker အသံ မကောင်းဘူးလို့လည်း သိရပါတယ်။


iPhone 16 GB ကို S$888 ရှိတော့ မြန်မာတွေ ၆ သိန်း ၄ သောင်း ကျော် ရှိမယ်ထင်ပါတယ်။ 32 GB ကိုတော့ S$1,048 ရှိပါတယ်။ Plan မပါပဲ လိုချင်တဲ့ သူတွေ အတွက် အဆင်ပြေမယ်ထင်တယ်။ အချို့တွေကလည်း iPhone 3Gs တွေ ပြန်ရောင်းဖို့ ကြိုးစားနေတာတွေလည်း ရှိတယ်။ ကျွန်တော့်အတွက်ကတော့ Phone က ဖုန်းပြောဖို့နဲ့ SMS ပို့ဖို့ အတွက်လောက်ပဲ အသုံးလိုသေးတယ်။ 3G လား။ အင်း။ သိပ်မလိုဘူးထင်တာပဲ။ ကိုယ်က ဈေးကွက်ကို မျက်ခြေမပြတ်ကြည့်ဖို့မလိုသလို email လည်း အမြဲ စစ်နေဖို့ မလိုဘူးလေ။ ဒါကြောင့် 3G က bus ကား လာမလာ စောင့်ဖို့အတွက်လောက်ပဲ အသုံးဝင်မယ်ထင်တယ်။

ပုံလေးကတော့ iPhone 3Gs က iPhone 4 လေးကို ငေးကြည့်နေရတဲ့ ပုံလေး ဖြစ်နေသလိုပဲ…

One response to “iPhone 4 available without Plan”

  1. အစ်ကိုရေ singapore မှာ iphone 4 ကို plan မပါပဲရောင်းတယ်ဆိုလို့လေ plan မပါရင် factory unlocked ပေးတာလားသိပါရစေ။ ဒါမှမဟုတ် lock phone ကိုပဲ plan မပါပဲရောင်းပေးတာလား။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading