jquery mobile alpha release

အရင်ကတော့ jquery ကို iphone အတွက် ရေးချင်ရင် jQTouch နဲ့ အသုံးပြုပြီး ရေးရတယ်။ နောက်တော့ sencha touch ပေါ်လာတယ်။ phonegap , titanium လိုမျိုး web base ကနေ app ဖန်တီးလို့ရလာတာတွေကြောင့် native ui နဲ့ တူတဲ့ jquery framework တွေ ခေတ်စားလာပါတယ်။ အများအားဖြင့်တော့ jQTouch နဲ့ sencha ကို အသုံးများပါတယ်။ Ornagai မှာလည်း jQTouch ကို အသုံးပြုထားတယ်။ jQuery ကလည်း အခုတော့ mobile version အတွက်ပါ ထုတ်ပါပြီ။ သူကြေငြာထားတာတော့ ကြာပြီ။ အခုမှပဲ alpha release ထုတ်တာပေါ့။။

ipad မှာ စမ်းကြည့်တာကတော့ smooth မဖြစ်သေးဘူး။ animation တွေက မဆိုးပေမယ့် ထစ်နေတယ်။ iPhone မှာကတော့ လုံးဝ smart ပဲ။ မကြိုက်တဲ့ အချက်တစ်ခုက Loading ပြီးမှ နောက်ထပ် view တစ်ခုဝင်လာတာပဲ။ ဒါပေမယ့်လည်း အခုလောက်က မဆိုးဘူး ဆိုရမယ်။ ကျွန်တော်ကတော့ full version ထွက်အောင် စောင့်လိုက်အုံးမယ်။

စမ်းချင်တဲ့သူတွေကတော့

http://jquerymobile.com/

မှာ ဖတ်လို့ရတယ်။ အဲဒီမှာ demo လည်းရှိပါတယ်။

iPhone နဲ့ စမ်းချင်တဲ့သူတွေအတွက် link ရိုက်ထည့်စရာ မလိုအောင် QR code တင်ပေးထားတယ်။ iPhone app scanit နဲ့ scan လုပ်လိုက်တာနဲ့ safari browser မှာ jquery mobile demo ပြပေးပါလိမ့်မယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading