Mahabote iPhone App

လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက မဟာဘုတ် iphone ကို ရေးပြီးပေမယ့် ပြီးခဲ့တဲ့ ၁ ပတ်ကျော်ကျော်လောက်ကမှ app store ပေါ်တင်ဖြစ်တယ်။ ဘာလို့ မဟာဘုတ် App ကို ရေးဖြစ်ခဲ့သလဲဆိုတော့ လက်ရှိ computer လောကမှာ အောင်မြင်နေတဲ့ သူတွေရဲ့ အသက်တွေကို ကြည့်ရင်း မွေးသက္ကရာဇ် ကို ဂရုပြုမိတယ်။ ဒါနဲ့ ဘာဖွားလဲသိရအောင် တွက်ကြည့်အုံးမှ ဆိုပြီး တွက်ရင်း တစ်ယောက်ခြင်းဆီကို တွက်နေရင်တော့ မဖြစ်သေးပါဘူးဆိုပြီး App တစ်ခုကို ချရေးလိုက်တာ။ App က ဘယ်လောက်မှ မကြာပဲနဲ့ ပြီးသွားတယ်။ ပြီးမှ Admob ထည့်တာ နောက်ပြီး icon ဆွဲတာတွေအတွက် ဖြည်းဖြည်း နဲ့ ၁ ပတ်လောက် အချိန်ကုန်သွားတာ။ Mahabote iPhone App ကို သုံးပြီး ကျွန်တော်တွက်ထားတဲ့ လက်ရှိ နည်းပညာလောက အောင်မြင်နေတဲ့ လူတွေရဲ့ မဟာဘုတ်ကို ကြည့်ရအောင်။

လူ ၁၄ ယောက် စာရင်းပါ။ တချို့လူတွေက မွေးနေ့ အပြည့်အစုံ မပါတော့ တွက်မရတာနဲ့ စုစုပေါင်း ၁၄ ယောက်ပဲ ရတော့တယ်။ အဲဒါကို အကျဉ်းချုံပြီး count လုပ်လိုက်တော့

ထူးဆန်းတဲ့ ရလာဒ်က အဓိပတိ ဖွားကို မတွေ့ရပဲ ရာဇ ဖွား က အများဆုံး ဖြစ်နေတယ်။ နောက်ပြီး ဒုတိယက ဘင်္ဂ ဖွား ကို တွေ့ရတယ်။ Mark Zuckerberg ကလည်း ဘင်္ဂဖွားကို တွေ့ရတယ်။ သိုက်ဖွားဆိုလို့ Alibaba က Jack တစ်ယောက်ပဲ ပါတယ်။ တခြား နယ်ပယ်တွေမှာ အောင်မြင်နေတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ သို့ပေမယ့် နည်းပညာ နယ်ပယ်မှာ အောင်မြင်နေတဲ့ သူတွေ တော်တော်များများက ရာဇ နဲ့ ဘင်္ဂတွေပဲ။ သိုက်ဖွားဖြစ်တဲ့ Jack Ma အကြောင်းကို လေ့လာကြည့်ရင် မဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင် ဖန်တီးရင်း နဲ့ ဖြစ်လာတဲ့ သူတစ်ယောက်ပဲ။ ရာဇ ဖွားတွေကို ကြည့်ရင်တော့ သူတို့ စဉ်းစားထားတဲ့ ဖြစ်နိုင်တယ်ဆိုတဲ့ အရာကို ဖြစ်အောင် လုပ်လာတဲ့ သူတွေ ဖြစ်နေတယ်။ ဘင်္ဂ ဖွားတွေကတော့ ဘယ်ဟာက ဖြစ်နိုင်တယ်ဆိုတာကို ရှာပြီးတော့ ဖြစ်အောင် လုပ်တတ်တဲ့သူတွေ လို့ ဆိုရမလိုပဲ။ မရဏ ဖွားတွေကတော့ ဘယ်ဟာမှာ သွားရင်းနှီးရမလဲဆိုတာကို တွေးတောတတ်နေတယ်။ အနာဂတ်ကို ကြိုတွေးတတ်တဲ့ သူတွေလို့ ဆိုရမယ်။ အဓိပတိ ၊ အထွန်း ၊ ပုတိ ဖွားတွေ မပါလာတော့ သူတို့တွေက နည်းပညာထက် တခြားနယ်ပယ်မှာ ထူးချွန်မယ့် သူတွေ ဖြစ်လိမ့်မယ်။ နောက်တချက်က ကိုယ်က ဘာဖွားပဲဖြစ်နေ ဖြစ်နေ အောင်မြင်နိုင်တယ်ဆိုတာကို မမေ့သင့်ဘူး။ ဗေဒင်ကြောင့် အောင်မြင်တာ မအောင်မြင်တာ ဖြစ်တာ မဟုတ်ဘူး။ အောင်မြင်မှုတွေပေါ်မှာ အခြေခံပြီး ဗေဒင်တွေက ဒါဆိုရင် ဘာဖြစ်နိုင်တယ်ဆိုတဲ့ အချက်အလက်တွေ ထွက်လာတာ။ ဒါကို သတိပြုသင့်တယ်။

ကိုယ့်ဘာသာကိုယ် မဟာဘုတ် တွက်ကြည့်ချင်ရင်တော့ App Store မှာ download ယူနိုင်ပါတယ်ဗျာ။

 

28 Comments

  1. HAN says:

    Android အတွက်ကောမရှိဘူးလား.. ရှိရင်ကောင်းမယ်..

    1. saturngod says:

      I don’t know. I’m not android developer :D

  2. Thawzin says:

    Hi Bro
    First of all thanks for this app. ကျွန်တော့်အတွက် နဲနဲလွဲနေတယ်ဗျ။ ကျွန်တော်သိတာက ကျွန်တော်ကအထွန်းဗျ
    App က ရာဇလို့ပြောတယ်ဗျ၊ အဲဒါနည်းနည်းပြန်စစ်ကြည့်ပေးပါလား။ မြန်မာဖောင့်ဖတ်
    လို့ရအောင်လုပ်ပေးတဲ့အတွက်မဟာကျေးဇူးပါဗျာ။

    1. saturngod says:

      Are you born on Aroud April 13 ? If you born around 13, you should choose after Myanmar new year or not. Can you tell your birthday ? I will calculate manual for testing.

      1. Thawzin says:

        Yeah it was 18-02-83

        1. saturngod says:

          my app is showing you are အထြန်း ။ it was not wrong

  3. Thawzin says:

    That’s strange app still show me I’m yaza phwar. But the yes/no button for the born after myanmar new year doesn’t work. It happens to my GF as well.

    1. saturngod says:

      You born at Friday. The app show , 18 02 1983 Fri and result is အကြွင်း ၀ အထွန်း ဖွား

    2. Min Zaw says:

      the button does not work for me also.

  4. Thawzin says:

    Yeah Friday born is correct remainder 0 correct as well. But it says Yaza. I don’t mean to complaint or argue with you. Pls don’t get me wrong.

    1. saturngod says:

      I tested on my iPad and iPhone , it show correct. So, I need to know , what is your times zone. I need to fix that issues in next upade.

      Thank

    2. saturngod says:

      Can you take screenshot for me ? What os version are you using ? I am finding that problem and still not get it. Sorry about that cause. I hope, I can fix on next update.

      Thanks

    3. saturngod says:

      Day of the week in wrong. Ok I will fix in next version.

  5. တကယ်ကို ကျေးဇူးတင်ပါတယ်။ ဟိုတလောက စိတ်တဲမှာ ဒီမဟာဘုတ် ပရိုဂရမ်လေးကို သတိရနေတာဗျ။ ဘလော့ခေတ်ဦး ကာလတုန်းက ကိုစေတန်ရေးထားတဲ့ ပရိုဂရမ်းလေးကို မှတ်မိနေသေးတယ်။ အရင်ဘလော့ စပေါ့မှာများ ကျန်နေသေးလားလို့ ဒေါင်းလုပ်လင့်လေးသွားရှာ မလို့တောင်စိတ်ကူးနေတာ..

    သွားဒေါင်းပီဗျို့

  6. Min Zaw says:

    what’s about “Born after Myanmar New Year ??”

    Another point, I calculate “14 May 1984 Mark Zuckerberg ” is “Ah Htun” not ဘင်္ဂ ?? and when i checked mine, it’s also wrong.

    Just for ur information.

    Please let me know when you update.

    1. saturngod says:

      I checked it is working fine on my iPhone and iPad version. Can you tell me your timezone that use on your iPhone. The problem may date time format problem.

  7. Tayy says:

    Yes or NO button only work 1st April to 12 April, otherwise it is greay out.

    So, user who was born before Myanmar new year, needs to choose one of the date between (1st April – 12April ) and then press NO.

    Then choose their actual born date again to calculate Mahabote.

    That is the only solution to work out correctly.

  8. Tayy says:

    OOps.. You app miss-match agasint Day of the week & Position of Mahabote. The result show one day behind.

    1. saturngod says:

      What is your timezone currently use ? The results are showing correct with my iPad and iPhone. Some people got same problem like you but I still can’t find the problem in my iPhone and iPad.

      Thank

      1. Tayy says:

        Hi Ko Saturngod

        Time zone doesn’t apply in Mahabote. It uses Day of the Week and Myanmar Calendar Year in question, regardless of time zone.

        The time zone problem kicks in when someone born outside Myanmar.

        Actually there are 2 problems in Mahabote.

        1st Problem – The birth time if a person was born on the final day of Myanmar Calendar Year ( Thingyan final day). We need to find out when is the new year begin, not only day but also in hours: minutes: seconds.

        For example, someone born on 16th of April 2011, 16:00pm.Assuming , new year begins 15:00 pm on that day.

        Then it is not new year yet according to Calander, but it was already New Year on 15:00pm . So, when we decide base year, we need to check whether are we going to use 1373 or 1372?

        2nd Problem – Time Zone
        If someone born in the UK (current time zone is +5:30) on 10th July 2011 , Sunday @ 11:pm night time. In Myanmar it is already Monday.
        Are we going to use Sunday or Monday?

        If we can sovle the new year beginning time , then all the above problems will sort out.

        Best

        1. saturngod says:

          1st Problem.

          You can choose after Myanmar New Year or not in app. If you are born on 16 April , it may be “Born on after Myanmar New Year”. Most of the Myanmar New Year time is between April 1 and 13. So, I allow to choose option for between April 1 and 13.

          Singapore , Thailand , Myanmar phone are working fine. Monday reply 2 and Sunday reply 1. . But All of the UK and Australia phones are reply Monday is 1 and Sunday is 0. I don’t know why it reply like that. It’s a problem from OS level. But I can fix in my app. I will fix that issues in next version.
          16th April 2011 is a 0 reminder and အထွန်း .

          2nd Problem. I am using current country time zone. I can’t compare with Myanmar time zone for this version. I am not ဗေဒင် ဆရာ and I don’t know about it. It should check with Myanmar timezone or not.

          Thanks

    2. saturngod says:

      What os version are you using ?

  9. hwlet says:

    thanks

  10. Thawzin says:

    I’m using 4.3.3 for both iPad and iPhone. Time zone is London.

  11. Thu says:

    I downloaded your app and put one birthdate. It says Remainder 5 and “Ah tun” Phwar. But on the mahabote image 4 has been highlighted. I am not familiar with Ma Ha Bote. I just want to help find out if this is an error or not. I put 07-08-1980.

    1. saturngod says:

      My app have problem with UK time zone. UK time zone format have a same problem. Most of the UK users are got same problem like you. I will fixed in next version.

      1. Thu says:

        Ok mate, Thanks.

  12. pauklay says:

    ကျွန်တော့်မွေးနေ့ကိုစမ်းကြည့်တာတော့အဆင်ပြေတယ်ဗျ။ :D

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.