Mountain Lion

Lion ပြီးရင် ဘာ ကြောင်မျိုးနွယ် အသစ်ထွက်မလဲစဉ်းစားနေတာ Apple က နောက်ထပ် OS အသစ်ကို Mountain Lion လို့ နာမည်ပေးပြီးတော့ စတင် မိတ်ဆက်လိုက်ပါပြီ။ Lion မှာ ကျွန်တော်တို့တွေကို touch အသစ်တွေ နဲ့ မိတ်ဆက်ခဲ့ပြီးတော့ အခု Mountain Lion မှာ အခြား feature အသစ်တွေ ထပ်ပါလာပြီ။ iOS က feature တွေကို Mountain Lion မှာ ထည့်ပေါင်းလာပါတယ်။

အသစ်ပါလာတဲ့ feature တွေကတော့

iCloud

Lion မှာတည်းက iCloud ပါလာပြီးသားမို့ ထွေထွေထူးထူးပြောနေစရာမလိုတော့ပါဘူး။ သို့ပေမယ့် iCloud Power နဲ့ အခြား feature အသစ်တွေကို Mountain Lion မှာ မြင်တွေ့ရမှာပါ။ ဘယ်လို feature အသစ်တွေလဲဆိုတော့ mail , calender သာမက Reminders , Notes တို့တွေကို iPhone , iPad စတာတွေနဲ့ sync လုပ်လို့ရလာမှာပါ။

Messages

iOS 5 မှာ Messages ကို မိတ်ဆက်ခဲ့ပါတယ်။ သင့် Apple ID account နဲ့ အခြား iPhone , iPodTouch, iPad တွေကို message တွေ ပို့လို့ရတယ်။ video တွေ image တွေ ပို့လို့ရပါတယ်။ Mountain Lion မှာ Messages built in ပါဝင်တဲ့အတွက်ကြောင့် computer ကနေ အခြား iPhone , iPodTouch , iPad တွေကို message တွေ လှမ်းပို့ လို့ရလာပါတော့မယ်။

အခု beta version ကိုတော့ ဒီမှာ download ချလို့ရပါပြီ။

Reminders

iOS 5 မှာ reminders ပါလာတုန်းကတော့ အသုံးဝင်မယ်လို့ ထင်ခဲ့ပေမယ့် Desktop OS တွေမှာ မရတဲ့အတွက်ကြောင့် ကျွန်တော့် အတွက် Wunderlist , Asana တို့လောက် အသုံးမဝင်ခဲ့တာ အမှန်ပါ။ အခု Mountain Lion မှာတော့ OS Built in ပါဝင်လာမှာ ဖြစ်တဲ့အပြင် iOS နဲ့ပါ sync လုပ်ပေးမှာ ဖြစ်တဲ့အတွက်ကြောင့် စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။

Notes

iOS မှာတော့ Evernote ကို Notes ထက် ပိုသုံးဖြစ်တယ်။ အဓိက ကတော့ Laptop နဲ့ Sync လို့ရတယ် နောက်ပြီးတော့ Notes ထက်စာရင် ပိုပြီး အသုံးဝင်တယ်။ Mountain Lion မှာတော့ Notes ကို image တွေ ထည့်လို့ရတဲ့ အထိ ဖန်တီးပေးထားတဲ့အပြင် iOS နဲ့ sync လုပ်လို့လည်း ရပါတယ်။ သို့ပေမယ့် ကျွန်တော့်အတွက်ကတော့ သိပ်ထူးလှတယ် မဟုတ်ဘူး။ Evernote ကိုပဲ ဆက်သုံးဖြစ်နေမှာ သေချာပါတယ်။

Notification

Growl ရဲ့ ပုံစံအတိုင်းပါပဲလို့ ဆိုရမှာပဲ။ လက်ရှိ ကျွန်တော်တို့တွေ Growl ကို အသုံးပြုနေပေမယ့် Mountain Lion မှာတော့ iOS ပုံစံ Notification Center ပါလာပြီးတော့ Notification တက်လာတဲ့ ပုံစံကတော့ Growl အတိုင်းပါပဲ။

Shares

Shares ကိုတော့ သဘောကျတယ်။ သို့ပေမယ့် safari တစ်ခုတည်းအတွက် ဖြစ်နေတဲ့အတွက်ကြောင့် firefox သုံးနေတဲ့ ကျွန်တော့်အတွက်တော့ f1 ကတော့ အဆင်ပြေနေပါတယ်။ Safari ကနေ notes တွေကို message နဲ့ ဖြစ်ဖြစ် Mail နဲ့ ဖြစ်ဖြစ် ပို့လို့ရတယ်။ video တွေကို vimeo ကို လှမ်းတင်လို့ရတယ်။ photo ကို flickr ကို ပို့လို့ရတယ်။ နောက်ပြီး iOS မှာလို twitter ကိုသုံးပြီးတော့ tweet လုပ်လို့ရပါတယ်။

Twitter

iOS မှာလို Twitter default ပါဝင်လာပါပြီ။ Safari, iPhoto, or Photo Booth ကနေ ပြီးတော့ တစ်ခါတည်း tweet လုပ်လို့ရလာပါပြီ။ ဒါ့အပြင် တစ်ယောက်ယောက်က twitter u post မှာ ကိုယ့်ကို mentions လုပ်လိုက်ရင် ဒါ့အပြင် direct message ပို့လိုက်ရင် notification ရလာပါမယ်။

Game Center

Game Center ပါဝင်လာတာကတော့ ကျွန်တော် သဘောအကျဆုံးပါပဲ။ iOS မှာလို့ Apple Game တွေကိုလည်း Game Center နဲ့ ဆော့လို့ရလာပါပြီ။ Achievement တွေ Friends တွေ Points တွေ စတာတွေက iOS မှာ အတိုင်းပါပဲ။

AirPlay Mirroring

Apple TV မရှိသလို AirPlay လည်း မသုံးတဲ့ ကျွန်တော့်အတွက်ကတော့ သိပ်မထူးခြားလှပါဘူး။ သို့ပေမယ့် Mountain Lion ကြောင့် Apple TV က ဝယ်သင့်လာပါတယ်။ အခု ရုပ်ရှင်တွေ ကြည့်တဲ့အခါမှာ Laptop ကို TV နဲ့ HDMI နဲ့ ချိတ်ပြီး ကြည့်နေတဲ့အတွက်ကြောင့် ကြိုးတွေနဲ့ TV နားမှာ ရှုပ်ရှက်ခက်နေပါတယ်။ Air Play သာ အသုံးပြုလိုက်မယ်ဆိုရင် မဆိုးလှပေဘူးလို့ တွေးမိတယ်။

Gatekeeper

ဒါကတော့ feature အသစ်ပါ။ OS ကို ပိုပြီးလုံခြုံစိတ်ချစေပြီးတော့ maleware ရန်က ကာကွယ်ပေးပါလိမ့်မယ်။ Apple က Mac Developer Account ရှိတဲ့သူတွေကို App အတွက် signing လုပ်ရန် ထုတ်ပေးပါလိမ့်မယ်။ အဲဒီ အခါ Gatekeeper စစ်ဆေးပြီးတော့ maleware မဟုတ်ကြောင်း သိအောင်ပါ။ Mac OS X Developer Account ကို မဖြစ်မနေ ဝယ်သုံးခိုင်းသလို ဖြစ်နေတယ်လို့တော့ ခံစားမိတယ်။ GateKeeper အကြောင်းကိုတော့ ဒီမှာ အသေးစိတ် ဖတ်နိုင်ပါတယ်။

2 Comments

  1. ကိုကိုအောင် says:

    apple computer မဝယ်နိုင်လို့ပါ…ဒါပေမဲ့ Mac Lion OS လေးကိုတော့ သုံးကြည့်ချင်ပါတယ်ခဗျ…။တကယ်လို့များ MS windows သုံး ကွန်ပျူတာတွေမှာ MAC OS လေးသုံးလို့ရမဲ့ နည်းလေးတွေ OS လေးများရှီရင် ညွှန်ပြပေးစေချင်ပါတယ်…..ကျေးဇူးတင်ပါတယ်ခဗျ.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.