ဒီနေ့မှ iOS 8 ထဲမှာ languaeg ကို ထည့်ကြည့်မိတယ်။ List ထဲမှာ တော့ မြန်မာ မပါပေမယ့် search လုပ်တဲ့ အခါမှာ မြန်မာ ပါလာတာကို တွေ့ရတယ်။
မြန်မာစာ ကတော့ အခုတော့ local ပဲ ပါပါတယ်။ Unicode ကို အသုံးပြုထားပါတယ်။
Lock Screen မှာ မြန်မာလို နာရီ နဲ့ ရက်စွဲကို ပြတယ်။
ပြက္ခဒိန် icon မှာ မြန်မာလို ပြတယ်။
ပြက္ခဒိန် app က ရက်စွဲတွေ က မြန်မာလို ပဲ။
Notification က လည်း မြန်မာလို နံပတ်ပါ။
Setting > General > Language & Region မှာ မြန်မာ လို ထည့်လို့ရပါတယ်။
မြန်မာ စာ မြင်ရဖို့ အတွက် Unicode font profile သွင်းထားပေးဖို့ လိုအပ်ပါတယ်။ သို့ပေမယ့် ဇော်ဂျီ font profile က ကောင်းကောင်း အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။
Leave a Reply to saturngodCancel reply