Ornagai 2.2.6 (Android)

Ornagai Android version ကို update လုပ်ပြီး playstore ပေါ်မှာ တင်ထားပေးပါတယ်။

version 2.2.6 မှာ စာလုံးပေါင်း အမှားအချို့ကိုလည်း ပြန်လည်ပြင်ဆင်ထားပါတယ်။ feature အသစ်အနေနဲ့ History ကို ထည့်သွင်းထားပေးပါတယ်။

history

စာလုံးကို ဖျက်ချင်ရင်တော့ စာလုံးကို အကြာကြီးဖိထားလိုက်ရင် select ပေါ်လာပါလိမ့်မယ်။ ဖျက်ချင်တဲ့ စာလုံးတွေကို ရွေးပြီးတော့ Delete လုပ်လိုက်ရုံပါပဲ။

history select

Version 2.2.2 မှာ ကတည်းက Clipboard Service ပါဝင်လာပါတယ်။ App က background မှာ အသုံးပြုနေရင် မည်သည့် app မှာ မဆို စာလုံးကို select လုပ်ပြီး copy လုပ်လိုက်တာနဲ့ အဓိပ္ပာယ်ကို ဖော်ပြပေးပါလိမ့်မယ်။ UI/UX ကိုတော့ ကျွန်တော် မကြိုက်သေးပေမယ့် အခု version အထိတော့ မပြင်ရသေးပါဘူး။ နောက်ထပ် version မှာ ပြင်နိုင်အောင် ကြိုးစားပါ့မယ်။

နောက်ဆုံး version ကို Play Store မှာ download ချနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading