မဟာဘုတ် iOS version နဲ့ Android version ကို အသစ်တင်ထားပါတယ်။ Version အသစ်မှာ အကြွင်း နေ့ဖွား အလိုက် ဆရာ မောက် ဟောထားတာတွေ ကို ထည့်ထားပေးပါတယ်။
iOS version ကို အားရပေမယ့် Android version ကို အားမရဘူး။ သုံးပြီး အဆင်မပြေတာတွေ ရှိရင် ပြောပါ။ တကယ်လို့ တွက်ထားတာ မှားနေတာ ရှိရင်လည်း မှတ်ချက် ပေးခဲ့ပါ။ ဆရာ ဒလမင်းခေါင် ရဲ့ စာအုပ်ထဲက ဆရာ မောက် ရဲ့ အဟော က အနီစပ် ဆုံးဖြစ်တာမို့ ဆရာမောက် ရဲ့ အဟောကို ယူထားပါတယ်။ အကြွင်း ၇ ခု ၊ နေ့ ဖွား ၇ ခု ။ ပေါင်း ၄၉ ခု အဟော ထည့်သွင်းထားပါတယ်။
စာကြွင်း ။။ ဆရာ မောက် အဟော ၄၉ ခု တွင် အတော်များများသည် အိမ်ထောင်ရေး ကံမကောင်းဟု ပါပါသည်။
Leave a Reply to saturngodCancel reply