Fitbit flex ကို သုံးတာ ၂ ပတ်လောက် ရှိပြီ။ စဝယ်သုံးကတော့ Fitibt Force ဝယ်ဖို့ပဲ။ Fitibit Force ကို စောင့်ရင်း နဲ့ စိတ် မရှည်တော့တာကြောင့် fitbit flex ပဲ ဝယ်လိုက်တယ်။ Fitbit force စင်္ကာပူမှာ ဝယ်လို့ ရမယ့် အချိန်မှာ အခြား ပြိုင်ဘက်တွေ လည်း သူ့ထက်ကောင်းတာ ထွက်နေလောက်ပြီ။ ဒါကြောင့် fitibt force ထက် ဈေးသက်သာတဲ့ fitibt flex ကို စမ်းကြည့်မယ်ဆိုပြီး ဝယ်ဖြစ်သွားတယ်။
Fitbit flex ဆိုတာကတော့ fitness tracking device ပါပဲ။ fitbit force နဲ့ ကွာတာကတော့ force မှာက လှေကား အတက်အဆင်းကို track လုပ်နိုင်တယ်။ နာရီပါတယ်။ ရေစိုတော့ flex လောက် မခံဘူး။ flex ထက် size ပိုကြီးတယ်။ flex က တနေ့ ခြေလှမ်း ဘယ်နှစ်လှမ်းလျှောက်လဲ။ ဘယ်နှစ်နာရီ အိပ်လဲ။ ဘယ်လောက် km သွားခဲ့လဲ စတာတွေကို track လုပ်ပေးပါတယ်။ Fitbit flex က ဝယ်ပြီးသုံးရလောက်အောင် လိုသလား ဆိုတော့ မလိုဘူးလို့ ပြောလို့ရတယ်။ အရင်တုန်းက iPhone 5s နဲ့ ခြေလှမ်းကို track လုပ်ပေမယ့် မတိကျတာနဲ့ fibit flex ကို စမ်းသုံးဖြစ်တာပဲ။ ဖုန်းက နေရာတိုင်းမှာ မသယ်သွားဖြစ်ဘူး။ လက်ပတ်ကတော့ အမြဲပတ်ထားတော့ ပိုပြီးတော့ တိကျတဲ့ result ရတာပေါ့။
ပုံမှန် computer သမား ဖြစ်ပြီး အထိုင်များတဲ့ ကျွန်တော့် အတွက်ကတော့ တနေ့ကို ခြေလှမ်း ၅၀၀၀ ကနေ ၁၀၀၀၀ ကြား လောက် ပုံမှန် လျှောက် ပေးဖြစ်တယ်။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ ၅၀၀၀ လောက် မဖြစ်သေးဘူးဆိုရင်လည်း computer မသုံးဖြစ်တော့ပဲ လမ်းလေး ပိုလျှောက် ပေးဖြစ်တယ်။ နောက်ပြီးတော့ vibrate alarm ပါတဲ့ အတွက် အိပ်ချိန် နဲ့ ထချိန်ကို alarm ပေးထားတယ်။ လက်ပတ်ဖြစ်တာကြောင့် vibrate ဖြစ်တာနဲ့ အိပ်ဖို့ အချိန်တန်ပြီ ဆိုပြီး အိပ်ဖြစ်တယ်။ မနက်ဘက်တွေမှာလည်း phone က အသံ နှိုးစက်ကို မသုံးတော့ပဲ fitbit ကို သုံးရတာ ပိုအဆင်ပြေတယ်။ ပြေးတဲ့ အခါမှာ run keepr ကိုပဲ သုံးဖြစ်တယ်။ fitbit က GPS မပါတဲ့ အတွက် route တွေကို မမှတ်ထားပေးနိုင်ဘူး။ ဖြစ်စေချင်တာကတော့ ပြေးတဲ့ အခါမှာ ဖုန်းသယ်သွားစရာ မလိုပဲ လက်ပတ်နဲ့ တင်လုံလောက် ရင် ပိုကောင်းလိမ့်မယ်။
Apple ရဲ့ iWatch ကလည်း fitbit လိုမျိုး tracker လက်ပတ်ဖြစ်ပြီး နာရီ နဲ့ တခြား function တွေပါမယ်လို့လည်း သတင်းတွေက ထွက်နေတယ်။ နောက်ပြီး razer ရဲ့ nabu ကလည်း စိတ်ဝင်စား စရာကောင်းတယ်။ iWatch သို့မဟုတ် nabu ထွက်ရင်တော့ ပြောင်းသုံးမယ်လို့ စဉ်းစားထားတယ်။ flex ကျေးဇူးကတော့ အရင်ကထက် ပုံမှန် လမ်းလျှောက်ဖြစ်တယ်။ အိပ်ချိန်နဲ့ ထချိန်ကို ပြီး ဂရုပြုမိလာတယ်။ တနေ့ ဘယ်လောက် အိပ်တယ်ဆိုတာ သိလာရပြီး ဘယ်လောက်ပဲ အိပ်ရင် စိတ်မကြည်ဘူး ။ ဘယ်လောက် အိပ်ရင် ပုံမှန်ပဲ စသည်ဖြစ် ကိုယ့်ဘာသာကိုယ် သတိထားမိလာတာလေးတော့ ရှိပါတယ်။
Leave a Reply