Node.js Brand

အခု node.js က logo ပြောင်းသွားပါပြီ။ Node.js ကို joynet က sponsor လုပ်ကတည်းက တစ်ခုပြီး တစ်ခု လျင်လျင်မြန်မြန်တိုးတက်လာတယ်။ ကြည့်ရတာ joynet က နောင်တချိန်မှာ 37signals ဖြစ်လာမလားလို့ တောင် တွေးမိတယ်။ Node.js 0.4.9 ထွက်ပြီးတာတောင် မကြာသေးဘူး 0.5.0 unstable ထွက်လာပြီ။ stable ဖြစ်လာအောင်တော့ စောင့်လိုက်အုံးမယ်။ Podcast တစ်ခုမှာ နားထောင်လိုက်တာ Node.js က version 1.0 မှာ javascript တော့ javascript ပဲ။ သို့ပေမယ့် မတူတဲ့ platform တစ်ခု အနေနဲ့ ဖြစ်လာမယ်လို့ ဆိုတာကို နားထောင်လိုက်ရတယ်။ အခုအချိန်မှာ Module တွေ လွယ်လွယ်ရေးလို့ရနေပြီ။ Web Framework တွေ ရေးလို့ရနေပြီ။ သဘောအကျဆုံးနဲ့ မကြိုက်ဆုံး ဖြစ်ပြီး ဒွိဟ ဖြစ်စေတာကတော့ callback ပဲ။ အသုံးတော့ အရမ်းဝင်တယ်။ သို့ပေမယ့် တစ်ခါတစ်လေ return function တွေ သုံးချင်တဲ့ အခါမှာ အဆင်မပြေတာ တွေ ဖြစ်တတ်တယ်။ Version 1.0 မှာတော့ Windows မှာ ရဖို့ သေချာသလောက်ပါပဲ။ Windows Server တွေမှာလည်း Node.js run လို့ရလာမှာပါ။

Logo အသစ်လေးက နည်းပညာ ပိုင်း ပိုဆန်တယ်။ Logo အဟောင်းလေးကတော့ မဆိုးပေမယ့် Node.js အဓိပ္ပာယ်က logo အသစ်နဲ့ ပိုပြီး ကိုက်တယ်။

နောက်ပြီး Wallpaper တွေလည်း ပေးထားတယ်။ တကယ်လို့ site တစ်ခုလုံးက Node.js နဲ့ဆွဲထားပြီး Node.js logo ထည့်ချင်ရင် ထည့်လို့ရနေပါပြီ။ လက်ရှိတော့ ရုံးမှာ Node.js ကို API တွေအတွက်ပဲ သုံးထားတယ်။ PHP ထက်စာရင် Node.js နဲ့ ရေးတာ ပိုမြန်တာကြောင့် နောက်ပိုင်း ရုံးက API တွေကို Node.js တွေ ပြန်ပြောင်းရင် ကောင်းမလား စဉ်းစားနေတာ။ လက်တလော လုပ်နေတဲ့ Project ကနေ background မှာ Node.js နဲ့ ပဲ run ပြီး iphone ကနေ တဆင့် RESTful သုံးပြီး ပြန်ခေါ်ထားတာတွေပဲ။ Logo တွေနဲ့ Wallpaper တွေကို လိုချင်ရင်တော့ ဒီမှာ သွားယူလို့ရပါတယ်ဗျာ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.