nook

  • ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတည်း Nook Store ကနေ Nook Simple Touch နဲ့ cover လေး ဝယ်ဖြစ်တယ်။ Kindle နဲ့ Nook Simple Touch ဘာဝယ်ရမလဲဆိုတာကို ဇန်နဝါရီလ ကတည်းက ခေါင်းစားနေတာ။ iPad 2 လည်း မဝယ်နိုင်သေး။ iPad 1 ကလည်း စာဖတ်ရတာ အဆင်မပြေဘူး။ သယ်ရတာ ပေါ့ပေါ့ပါးပါးမရှိတာကြောင့် လက်ထဲမှာ ကြာကြာ မကိုင်ထားနိုင်ဘူး။ ဒါကြောင့် ပေါ့ပေါ့ပါးပါး စာဖတ်လို့ ကောင်းမယ် ebook reader လေး ဝယ်ဖို့ ဆုံးဖြတ်လိုက်တာ။ သို့ပေမယ့်လည်း Kindle နဲ့ Nook Simple Touch ကြားမှာ ဗျာ များနေတာ အမှန်ပဲ။…

  • Test epub font embed with Nook and iBook

    ကိုရဲမြတ်သူနဲ့ တွေ့တုန်းက ဘုရားစာအုပ်တွေ iBook နဲ့ ဖတ်လို့ မရဘူး။ Font embed မရဘူးဆိုလို့ မဟုတ်သေးဘူး။ Apple က iBook 1.2 က စပြီး font embed ပေးလိုက်ပြီလို့ ဖတ်ထားဖူးတယ်။ သိပ်မသေချာတာနဲ့ မပြောဖြစ်ခဲ့ဘူး။ ပိတ်ရက်တွေတုန်းကလည်း Ornagai အသစ် update လုပ်တာရယ်။ နောက်ပြီး ornagaime ကို keyboard ပြန်ပြင်ရေးနေတာရယ်နဲ့ iBook ကို မလှည့်မိဘူး။ ဒီနေ့ ရုံးက အလုပ်တွေ ပြီးသွားမှ iBook ကို သတိရတာနဲ့ ရုံးက မဆင်းခင်မှာ စမ်းကြည့်သေးတယ်။ ဘယ်လို စမ်းစမ်း မရဘူး ဖြစ်နေတယ်။ နောက်မှ ဟိုလျှောက်ဖတ် ဒီလျှောက်ဖတ် ကြည့်ရင်းနဲ့မှ apple…

  • Nookcolor Major Update

    အခုပဲ Nookcolor က major update 1.2 version ထွက်ပြီဆိုတာနဲ့ download ချပြီး စမ်းကြည့်လိုက်တယ်။ စက်ကနေ အနားမှာ ရှိနေတာနဲ့ သွင်းပြီး စမ်းကြည့်လိုက်တယ်။ အရင် version တုန်းက အားသွင်းထားတဲ့ အချိန်မှာ စာဖတ်မရဘူး။ စာတွေ ရိုက်မရဘူး။ ဒါကြောင့် တနေ့ ၇ နာရီပဲ စာဖတ်လို့ ရတယ်။ အားသွင်းထားချိန်ဆိုရင် ပစ်ထားပေတော့ပဲ။ အခုတော့ အားသွင်းထားရင်း စာဖတ် ၊ စာရိုက်လို့ ရသွားပြီ။ Android 2.2 ကို အသုံးပြုထားတော့ Flash တွေပါကြည့်လို့ရသွားတယ်။ Youtube website တွေကိုလည်း လွယ်လင့်တကူ ကြည့်လို့ရသွားပြီ။ နောက်ထပ် ထူးခြားမှု တစ်ခုက Email App ကို…

  • Nook color is best for End User

    စာဖတ်ဖို့အတွက် Android Tablet ရွေးမလား Nook Color ရွေးမလားဆိုရင်တော့ Nook Color ကို recommend လုပ်ပါတယ်။ Android ဆိုတာက Geek တွေအတွက်ကတော့ ထမင်းစားရေသောက် လုပ်ချင်တာ လုပ်ဖြစ်ပေမယ့် End user တွေအတွက် တော်တော် အလုပ်ရှုပ်မယ့် ကိစ္စတွေရှိပါတယ်။ စာဖတ်ဖို့အတွက် App ထပ်သွင်းရတာ ရှိမယ်။ Epub , PDF , docx , doc စတဲ့ format တွေ ဖတ်ဖို့အတွက် App ထပ်သွင်းရပါမယ်။ Market ထဲကို ဝင်ပြီး ရှာရမယ်။ ပြီးရင် App ကို ဖွင့်ပြီး SD card ကနေ စာအုပ်ဖွင့်ရမယ်။ အဲဒီအတွက် Computer နဲ့ ချိတ် စာအုပ်တွေ ထည့်။ ပြီးရင် App…

  • ၁၆ ရက်နေ့ညကတည်း ဝယ်လိုက်တာ ၂၃ ရက်နေ့မနက်မှပဲ လက်ထဲကို ရောက်တော့တယ်။ Nook ဝယ်ဖို့ barnes and noble ကနေ vpost us address. အဲလိုပို့တာ ၃ ရက်ကြာတယ်။ Vpost US Address ကိုရောက်တော့ shipping charges ချေရတယ်။ စလုံးရောက်ဖို့ကတော့ ၄ ရက်ကြာတယ်။ စလုံး ရောက်ပြီးနောက်နေ့ပဲ ချက်ခြင်း ရောက်လာပါတယ်။ ဈေးကတော့ shipping charges အပါဝင် S$356.14 ကျပါတယ်။ ကျွန်တော် သုံးဖို့အတွက်တော့ မဟုတ်ပါ။ အစ်မအတွက် မှာပေးထားတာပါ။ ၁ ရက်လောက် စမ်းသုံးကြည့်တော့ iPad ကိုပဲ သဘောကျသွားတယ်။ အရွယ်အစားကတော့ iPad ထက်စာရင် ပိုကောင်းတယ်။ စာဖတ်ဖို့အတွက်ပဲ အသုံးဝင်ပါတယ်။ တခြားဟာတွေအတွက်ကတော့ အသုံးမဝင်ပါ။