November 8, 4th anniversary

ဘာလိုလိုနဲ့ blog ရေးတာ ၄ နှစ်တောင် ရှိသွားပြီ။ ဒီနှစ်တော့ ဘာလုပ်မလဲတော့ မစဉ်းစားရသေးဘူး။ အရင်တုန်းကလို post အဟောင်းတွေထဲက ကောင်းတာတွေလဲ ဆွဲထုတ်ဖို့ အချိန်မရ။ ဒါကြောင့် Ornagai Free version ကို တင်မလို့ ဆုံးဖြတ်ထားတယ်။ Paid version မှာကတော့ စာလုံးရေ ပိုစုံပါတယ်။ Free version ကတော့ လက်ရှိ website က data တွေနဲ့ အတူတူပါပဲ။ Paid version ကတော့ စာလုံးရေ အသစ် ၁ ထောင်ကျော်တာနဲ့ ပုံမှန် update လုပ်သွားပေးမှာပါ။

6 responses to “November 8, 4th anniversary”

  1. အစ်ကိုရေဆရာလုပ်တယ်မထင်ပါနဲ့နော်..ornagai ကမြန်မာဒေရှင်နရီဆိုရင်သူ့ကိုဖရီးလုပ်စရာကိုမလိုတာပါ.ဒိတ်ကုန်တဲ့အထိသုံး..ပြီးရင်uninstallလုပ်..ပြီးရင်installပြန်လုပ်..ထာဝရပါပဲခင်ဗျာ…။ကိုယ်တွေ့ပါ..မောင်စေတနာထဲမှာလည်းသူပြောထားပါတယ်..မြန်မာတွေလုပ်ထားတာမို့မhackချင်ပါဘူးတဲ့..ကျွန်တော်လည်းပေးချင်ပါတယ်..ဒါပေမဲ့ဘယ်လိုပေးရမယ်မှန်းကိုမသိတာပါ..မလေးရှားမှာကတ်ကိုင်နိုင်တဲ့သူတွေမရှိသလောက်ပါပဲ..အဲ့ဒါကြောင့်မို့ကျွန်တော်ပြန်လည်ဖြန့်ဝေလိုက်ရတာပါ..သူတို့ကိုတော့ခွင့်မတောင်းမိဘူး..ဟီးဟီး…။ကျွန်တော့်ဘလော့မှာလည်းတင်လိုက်တော့မယ်ဗျာ..အဲ့ဒါလေးကိုဖရီးသုံးရဖို့အရေးကိုအသည်းအသန်ရှာလိုက်ရတာ..ဘာမဟုတ်တာလေးနဲ့မှသွားရတယ်..ကျွန်တော်ကအစ်ကို့ရဲ့ပရိတ်သတ်ကြီးပါခင်ဗျာ..အစ်ကိုကျန်းမာပါစေ..။

    1. ???? what you mean ??? all of the iphone app can crack easily but they need jailbreak phone to install it. Most of people don’t want to make jailbreak to their phone like me.

    2. ကြည့်ရတာ windows app နဲ့ မှားနေတယ်နဲ့တူတယ်။ Ornagai က Windows app ဆိုလို့ babylon နဲ့ stardict အတွက် addon ပဲ ထုတ်ပေးတယ်။ ရောင်းစားတာလည်း မရှိပါ။

  2. အစ်ကိုတို့လည်း အဲဒီလိုပဲ .. Jailbreak လုပ်တာကို မကြိုက်ဘူး အခု Ornagai ထွက်လာတဲ့ အချိန်မှာ ဝယ်သုံးနိုင်တဲ့အတွက် ဝမ်းသာတယ်.. ဒီနေ့ပဲ တစ်ခု ဝယ်ဖြစ်တယ်.. နောက်တစ်ရက် နှစ်ရက်အတွင်းလည်း တခြားစက်တွေအတွက် ဝယ်ပေးစရာရှိသေးတယ်.. အခု ဖြစ်ချင်နေတာကတော့ IPAD/IPOD ထဲကို ဇော်ဂျီဖောင့် ဒါမှမဟုတ် မြန်မာဖောင့်တွေ သွင်းပေးနိုင်တဲ့ App ကို လိုချင်ပါတယ်.. ရေးပေးနိုင်ရင် ဝယ်မယ့်သူတွေ အများကြီးပဲ.. ဖြစ်နိုင်ရင် ကြိုးစားပါလားညီ

    1. still impossible .. apple is not allow to replace font from SDK

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.