personal

  • တက္ကသိုလ် နေ့ရက်များ

    Computer တက္ကသိုလ်ဆင်း တော်တော်များများဟာ ဗေဒင်နဲ့ မကင်းကြဘူးဗျ။ ( အချို့တွေကတော့ ကဒ်တွေနဲ့ မကင်းကြဘူးပေါ့ ) အခု နှစ်တွေတော့ မသိတော့ဘူး။ ကျွန်တော်တို့ နှစ်တုန်းကတော့ ဗေဒင် တက္ကသိုလ်လို့တောင် ဆိုရလောက်အောင် ကျောင်းသား ၊ကျောင်းသူတွေ ဗေဒင်ဟောတဲ့သူတွေ ဗေဒင်မေးတဲ့သူတွေကော စုံပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် ဟောပုံဟောနည်း မတူညီသလို ပညာဖလှယ်တာတွေလည်း ခဏခဏ ပေါ့ဗျာ။ ထမင်းစားချိန်ရောက်ရင် ဗေဒင်ဆရာတွေဆီမှာ ဗေဒင်ဟောတဲ့သူတွေ ရောက်လာတတ်သလို တစ်ခါတစ်ရံမှာလည်း ဗေဒင် ဆရာတွေ ဝိုင်းဖွဲ့ပြီး ဆွေးနွေးကြတာတွေလည်း ရှိသေးပါ့။

  • ဘာလိုလိုနဲ့ blog ရေးတာ ၄ နှစ်တောင် ရှိသွားပြီ။ ဒီနှစ်တော့ ဘာလုပ်မလဲတော့ မစဉ်းစားရသေးဘူး။ အရင်တုန်းကလို post အဟောင်းတွေထဲက ကောင်းတာတွေလဲ ဆွဲထုတ်ဖို့ အချိန်မရ။ ဒါကြောင့် Ornagai Free version ကို တင်မလို့ ဆုံးဖြတ်ထားတယ်။ Paid version မှာကတော့ စာလုံးရေ ပိုစုံပါတယ်။ Free version ကတော့ လက်ရှိ website က data တွေနဲ့ အတူတူပါပဲ။ Paid version ကတော့ စာလုံးရေ အသစ် ၁ ထောင်ကျော်တာနဲ့ ပုံမှန် update လုပ်သွားပေးမှာပါ။

  • အပြောင်းအရွှေ့

    မန်ယူမှာတော့ Rooney ပြောင်းမယ် ကိစ္စက အရမ်းကို နာမည်ကြီးသွားတယ်။ အခုတော့ မန်ယူနဲ့ ၅ နှစ် စာချုပ်သက်တမ်း ထက်တိုးလိုက်ပါပြီ။ အဲ… ပြောချင်တာ ဘောလုံးသမား အပြောင်းအရွှေ့ ကိစ္စ မဟုတ်ပါ။ စလုံးမှာ အလုပ်လုပ်ပြီး နောက်ထပ် အလုပ်ပြောင်းတဲ့ အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို အတွေ့အကြုံရအောင် ပြောမလို့ပါ။ လွန်ခဲ့တဲ့ ၁ နှစ်က စလုံးကို စရောက်ခဲ့တယ်။ စရောက်ပြီး ၃ ရက်မှာပဲ Point Star မှာ အလုပ်ရခဲ့တယ်။ PHP Developer အနေနဲ့ပါပဲ။ Point Star က အဓိက Google Apps ကို ရောင်းတာ ဖြစ်ပြီးတော့ Web Development ကိုလည်း Client တွေ လိုအပ်တဲ့အခါမှာ ရေးဆွဲပေးပါတယ်။ Google Apps ရောင်း။ ပြီးရင် websites ဆောက်ပေးပေါ့။ Website တွေ အားလုံးဟာလည်း wordpress…

  • MMTU က မေးထားတဲ့ မေးခွန်းလေးတွေကို ပြန်ဖြေထားတာပါ။ ဖြေလိုက်တာ တော်တော်လေးကို ရှည်သွားလို့ ၂ ပိုင်းတောင် ခွဲလိုက်ရတယ်။ ကျွန်တော်တို့တွေအတွက် ဒီ software တစ်ခုရေးလိုက်ရတာက ကိုယ့် ဉာဏ အားပဲ စိုက်ထုတ်စရာလိုတယ်။ အခြား ငွေကြေးတွေ စိုက်ထုတ်စရာ မလိုဘူးဆိုရင်တော့ opensource ပေးလိုက်တာ ပြဿနာမရှိဘူး။ ဒါမှမဟုတ် ကိုယ့် software မှာ နောင်တချိန် အခြား တစ်ယောက်ယောက်က အပြီးသတ် ဈေးနှုန်းနဲ့ လာဝယ်နိုင်တယ် ဆိုရင်တော့ opensource ထက်စာရင် free က ပိုသင့်တော် တယ်ဗျ။ ကိုယ့် software ထက် ဉာဏအားသာ မကဘူး ငွေကြေးတွေပါ စိုက်ထုတ် လာရရင်တော့ commercial သွားတာ အကောင်းဆုံးပဲ။ More……