Official One Piece Wikia for Myanmarsar

ဒီနေ့ one piece wikia ကို ဖတ်နေရင်းနဲ့ မကျေမနပ်ဖြစ်လာတယ်။ အခြား ဘာသာ စကားတွေက de.onepiece.wikia , zh.onepiece.wikia ဆိုပြီး ရှိပေမယ့် ကျွန်တော်တို့ မြန်မာတွေအတွက် my.onepiece.wikia ကို ခေါ်တာ မရဘူးဖြစ်နေတယ်။ ဒါနဲ့ ဘယ်လို လုပ်ရမှန်းလဲ မသိ။ လုပ်ကလည်း လုပ်ချင်နေတယ်။ onepiecemm.wikia.com က လက်ရှိ ဇော်ဂျီနဲ့ ရေးနေပေမယ့် official မဟုတ်သလို ခံစားနေရတယ်။ ရေးရတာ သိပ်အရသာမရှိသလို အခြား language တွေလို လက်ရှိ Article မှာ Langauge ဆိုတဲ့ နေရာမှာ မထည့်နိုင်ဘူး ဖြစ်နေတယ်။ ဒါနဲ့ မနေနိုင်တာနဲ့ wikia support ကို email ပို့လိုက်တယ်။

ငါတို့ မြန်မာစာ အတွက် onepiece wikia မရှိဘူး။ http://my.wikipedia.org တောင် ရှိသေးတာပဲ ။ ဘာလို့ မြန်မာစာက wikia မှာ မရတာလဲလို့ မေးလိုက်တယ်။ ဖြစ်နိုင်ရင် ငါ http://my.onepiece.wikia.com ကို လိုချင်တယ် ဆိုပြီး email ပို့လိုက်တယ်။

၂ နာရီ လောက် ကြာတော့ email ရောက်လာတယ်။ http://my.onepiece.wikia.com ရပါပြီ။ သုံးလို့ရပါပြီ ဆိုပြီး ဝင်လည်း ကြည့်လိုက်ရော ရေလည်မိုက်တယ်။ မြန်မာစာ UI နဲ့ ပဲ ဆိုတော့ သဘောကျသွားတယ်။ ဒါနဲ့ ရှိနေတဲ့ Article တွေထဲမှာ Luffy ကို ပထမဆုံး unicode ပြောင်းပြီးတော့ ရေးလိုက်တယ်။ Luffy က ကိုသက်ထွေး ရေးထားပေးတာတွေ ပြင်ထားတာတွေ တော်တော်များများ ပါတယ်။

my.onepiece.wikia.com ကို ရတော့ facebook မှာ လာရေးဖို့ link သွား share တော့ naruto ပဲ ရေးမယ်ဆိုတဲ့ လူတွေက ထပ်ပေါ်လာကော။ တောင်းဆိုတဲ့သူက ထူးတေဇာ ပေါ့။ ဒါနဲ့ ထပ်ပြီး mail ပို့။ Naruto page လည်း လုပ်ပေးပါပေါ့ဆိုပြီးတော့။ ခဏနေတော့ mail ပြန်ရောက်လာတယ်။ http://my.naruto.wikia.com ရပြီ။ နောက်ထပ် အသစ်လုပ်ချင်တာတွေကိုတော့ ဒီ link နေ လုပ်ဆိုပြီး ပို့ပေးလိုက်တယ်။

ရေးနေရင်းနဲ့ မပြီးသေးဘူး။ မူရင်း onepiece site မှာ ငါ [[my: Moneky D. Luffy]] ဆိုပြီး language မှာ ထည့်လို့ မရသေးဘူးဆိုပြီး complain ထပ်တက်တဲ့အနေနဲ့ mail ပို့လိုက်တယ်။ ညနေ လောက်မှ mail ပြန်ရောက်လာတယ်။ onepiece နဲ့ naruto မှာ မြန်မာစာ link ထည့်လို့ရပါပြီတဲ့။ အခြား wikia တွေမှာ ထည့်ချင်ရင်တော့ request link မှာ သွား request လုပ်ပါလို့ ဆိုပါတယ်။ ဘာပဲ ပြောပြော အခု One Piece ကို Unicode နဲ့ ဘာသာပြန်တာတွေတော့ လုပ်နေတာပဲ။ Onepiecemm wikia ကနေ ပြန်ပြီး ကူးနေတာပဲ။ အခုတော့ Luffy ကို ရေးတာ အစပိုင်းတော့ ပြီးသွားပါပြီ။ ဖြည်းဖြည်းခြင်းတော့ ကြိုးစားပြီး ရေးနေပါတယ်။ အခု မြန်မာလို မမြင်ရတဲ့သူတွေကတော့ parallel universe extension နဲ့ ဝင်ကြည့်လို့ရပါတယ်။

10 responses to “Official One Piece Wikia for Myanmarsar”

  1. ကိုစေတန် Links Share တာတော့ တွေ့လိုက်တယ်ဗျာ။
    ကျွန်တော်က ဘာရေးရမှန်းမိသိဘူးဖြစ်နေလို့ ဟီးး။
    သူများရေးတာပဲထိုင်ကြည့်နေတာ။

    1. ကျွန်တော်ကတော့ translate ပဲ လုပ်နေတာပဲ။ လက်ရှိတော့ မူရင်း English ဘာသာက Luffy ကို ဘာသာပြန်နေတယ်။ စာထောက်နေတာလေးတွေ ဝင်ပြင်ပေးပေါ့။ နောက်ပြီး အခြား အပိုင်းတွေ လိုတယ်ထင်တာတွေ ထပ်ဖြည့်ပေါ့။

  2. if i have free time , i will help u

    1. Hehee..
      Do you really want to help? Why don’t you help me in translation? LoL

  3. wikia က edit mode မှာ စာတွေက အမှန်မပေါ်ဘူးဗျ။ ယူနီကုဒ်ကို ဇော်ဂျီနဲ့ ကြည့်နေရသလိုပဲ

    1. thank, fixed

  4. I used Parallel Universe but still can’t read. Anyway thanks for One-Piece Wikia.

    1. do you have some unicode font ?

  5. Jia_Li (DragonVirus) Avatar
    Jia_Li (DragonVirus)

    One Piece wiki မှာတော့မြင်ရတယ် ..
    naruto wiki မှာမမြင်ရဘူးဖြစ်နေတယ် ..

    1. I need to create css for naruto wiki

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.