onepiece
-
ဒီနေ့ one piece wikia ကို ဖတ်နေရင်းနဲ့ မကျေမနပ်ဖြစ်လာတယ်။ အခြား ဘာသာ စကားတွေက de.onepiece.wikia , zh.onepiece.wikia ဆိုပြီး ရှိပေမယ့် ကျွန်တော်တို့ မြန်မာတွေအတွက် my.onepiece.wikia ကို ခေါ်တာ မရဘူးဖြစ်နေတယ်။ ဒါနဲ့ ဘယ်လို လုပ်ရမှန်းလဲ မသိ။ လုပ်ကလည်း လုပ်ချင်နေတယ်။ onepiecemm.wikia.com က လက်ရှိ ဇော်ဂျီနဲ့ ရေးနေပေမယ့် official မဟုတ်သလို ခံစားနေရတယ်။ ရေးရတာ သိပ်အရသာမရှိသလို အခြား language တွေလို လက်ရှိ Article မှာ Langauge ဆိုတဲ့ နေရာမှာ မထည့်နိုင်ဘူး ဖြစ်နေတယ်။ ဒါနဲ့ မနေနိုင်တာနဲ့ wikia support ကို email ပို့လိုက်တယ်။
-
Luffy Skypedia မှာတုန်းက ဆိုတဲ့ သီချင်းကို ကာတွန်းကားကြည့်ကတည်းက ရယ်နေတာ။ ဒီနေ့ ထပ်တွေ့တော့ မနေနိုင်ပဲ Ring Tone လုပ်လိုက်တယ်။ ဖုန်းလာတိုင်း တော်တော်ရယ်ရတယ်။ အဖွားကတော့ “ဟဲ့… နင့် သီချင်းက ကုလားသီချင်းလား” လို့တောင် မေးရတဲ့ အထိပဲ။ အသံကြားရင် မနေနိုင်ပဲ ရယ်မိတာကတော့ အမှန်ပဲ။ မူရင်း ကာတွန်းကားထဲက အသံပါ။
-
ဒီနေ့ West Cost မှာ One Piece Figure တွေ့တယ်လို့ ပြောလို့ ထပ်ပြီး ဝယ်ခဲ့တာပါ။ ၆ ရုပ် ကို S$20 ကျပါတယ်။ လိုချင်တဲ့ အရုပ်တွေကကတော့ ကျန်သေးတယ်။ အခု အရုပ်ထဲမှာ Usopp အရုပ်မပါသေးဘူး။ ထပ်လိုချင်တဲ့ အရုပ်က Boa Hancock အရုပ်။ နောက် ကြုံရင်တော့ Nico Robin အရုပ်အသေးလေး ရှာဝယ်အုံးမယ်။ Boa Hancock Figure ကတော့ ရှားမယ်ထင်တယ်။ နည်းနည်းကြီးတဲ့ One Piece Kids အရုပ်တွေက ၃ ရုပ် S$13 လောက်တော့ ပေးရတယ်။ ဒါပေမယ့် Kids အရုပ်တွေကတော့ မကြိုက်လှဘူး။ Boa Hancock…
-
iPad ကိုတော့ သဘောကျသွားပြီ။ Manga တွေ iPad နဲ့ ဖတ်ရတာ ရေလည်မိုက်တယ်။
-
မနေ့တုန်းက MMTU မှာ ၂၁ ရာစု ခေါင်းဆောင်မှု ကို ဖတ်ကြည့်လိုက်တော့ One Piece ကို သွားပြီး မြင်တယ်။ One Piece ကို ရေးတဲ့ ကာတွန်းဆရာ Eiichiro Oda က ၁၉၉၇ မှာ One Piece ကို စခဲ့တာပါ။ One Piece မတိုင်ခင်မှာ Romance Dawn ဆိုတဲ့ ကာတွန်း စာအုပ်အရင် ထွက်ခဲ့တယ်။ One Piece ရဲ့ Prototype ပေါ့။ အဲဒီ နောက်ပိုင်းမှာ One Piece ထွက်လာတာပဲ။ One Piece က ပထမ အပိုင်းတွေ အဲလောက် ကြည့်မကောင်းသေးဘူး။ ဒါပေမယ့် ကာတွန်း ဆရာ ရဲ့ လက်ရည်တွေ တဖြည်းဖြည်းတက်လာတာကို တွေ့ရတယ်။ ဇာတ်လမ်းကို အစက…