Ornagai 2.5 iOS version has been submitted to app store

Ornagai 2.5 iOS ကို iOS 7 အတွက် ပြန်ပြင်ထားတယ်။ icon ကော UI design ကော iOS 7 အတိုင်း ပြန်ပြီး မွမ်းမံထားတယ်။ ကျွန်တော် အကြိုက်ဆုံး feature တစ်ခု ထည့်ထားတယ်။

မှာ ကြည့်လိုက်ပါ။

Ornagai 2.5 ကို background မှာ run ထားပြီး iOS ရဲ့ ကြိုက်တဲ့ နေရာမှာ စာကို Copy ကူးလိုက်တာနဲ့ notification တက်လာပါလိမ့်မယ်။ notification ကို နှိပ်ပြီးတော့ စာလုံးရဲ့ အဓိပ္ပာယ်ကို ကြည့်လို့ရတယ်။ ရှာမတွေ့တဲ့ စာလုံးဆိုရင်တော့ မတက်လာဘူးပေါ့။ notification မတက်စေချင်ရင် Ornagai 2.5 ရဲ့ Setting ထဲမှာ ဝင်ပြီး ပိတ်လို့ ရသလို Background မှာ run နေတဲ့ Ornagai ကို ပိတ်လိုက်ရင်လည်း ရပါတယ်ဗျာ။

ဘာ private API မှ မသုံးထားတဲ့ အတွက် Apple က approve လုပ်မယ်လို့တော့ မျှော်လင့်ထားပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.