Kickstarter မှာ နာမည်ကြီးနေတဲ့ Ghost ထွက်လာပါပြီ။ ထွက်ထွက်ခြင်း ခဏပဲ စမ်းကြည့်ရပြီး hosting ပေါ် တင်ပြီး မစမ်းကြည့်မိဘူး။ SQLite သုံးထားတဲ့အတွက် database က ပြဿနာ မဟုတ်ဘူး။

အခုတော့ OpenShift ပေါ်မှာ Ghost ကို တင်ပြီး http://ghost.saturngod.net မှာ စမ်းရေးကြည့်ဖြစ်တယ်။ Openshift ကို တင်ဖို့အတွက်

rhc app create ghost nodejs-0.10 –from-code https://github.com/developercorey/openshift-ghost-quickstart

ဆိုပြီး run လိုက်ရုံနဲ့ ghost blog engine တစ်ခု ရလာပါတယ်။ မူရင်း ghost source code နဲ့ တင်ရင်တော့ အဆင်မပြေဘူး။ openshift က ပြန်ပြင်ထားပေးတာနဲ့ မှ အဆင်ပြေတယ်။

Ghost မှာက ကြိုက်တာကော မကြိုက်တာတွေကော ရှိတယ်။ Markdown နဲ့ image upload idea လေးကို သဘောကျတယ်။ Kickstarter မှာ ပြောထားတဲ့ feature တွေ အကုန်မပါသေးတော့ ကြိုက်လား မကြိုက်ဘူးလား , wordpress ကနေ ghost ကို ပြောင်းမလား မပြောင်းဘူးလား ပြောဖို့ စောသေးတယ်။

သေချာတာကတော့ wordpress လောက် stable မဖြစ်သေးဘူး။ Plugin တွေ မပါလာသေးဘူး။ Template တွေက နည်းနေသေးတယ်။ မကြာခင်မှာ လူသုံးများလာနိုင်တဲ့ blog platform တစ်ခု ဖြစ်လာနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading