Sar 1.6.2

Sar iOS app ဝယ်ယူသုံးစွဲ သူတွေကို ဦးစွာ အထူးကျေးဇူးတင်ပါတယ်။ အခု Version 1.6.2 ကို app store ပေါ်မှာ download ချနိုင်ပါပြီ။

အခု Version မှာ Feature အသစ် အနေနဲ့က

  • Markdown
  • Update Keyboard Shortcut
  • Fixed Bluetooth Keyboard Detection

စတာတွေ ပြုပြင်ပါဝင်ပါတယ်။

Markdown

Markdown syntax highlighting ကို ထည့်သွင်းထားပါတယ်။ iOS ရဲ့ TextKit framework ကို အသုံးပြုပြီး ကိုယ်တိုင် ပြန်ရေးထားပါတယ်။ တကယ်လို့ Syntax Highlighting မမှန်တာလေးတွေ ရှိရင် တချက်လောက် အကြောင်းကြားစေချင်ပါတယ်။ ဒါမှမဟုတ် Support website မှာ အကြောင်းကြားနိုင်ပါတယ်။

Markdown အတွက် preview အပြင် HTML အနေနဲ့ copy ကူးနိုင်အောင် ဖန်တီးထားပါတယ်။ တကယ်လို့ Markdown Syntax highlighting ကို မကြိုက်ဘူးဆိုရင်တော့ Sidebar က Setting ကနေ တဆင့် ပိတ်ထားလို့ ရပါတယ်။

highlight

preview

Keyboard Shortcut

English ကနေ Zawgyi keyboard ကို အရင်က ~ နဲ့ ပြောင်းရပါတယ်။ နောက်ပိုင်း logitech iPad keyboard တွေက ~ ကို function နဲ့ တွဲ သုံးရပါတယ်။ ဒါကြောင့် ပြောင်းရတာ အဆင်မပြေလှဘူး။ အခု version မှာ Command (⌘) Key + Space ကို နှိပ်ပြီးတော့ keyboard ပြောင်းနိုင်အောင် ဖန်တီးပေးထားပါတယ်။ Mac မှာ ပြောင်းတဲ့ ပုံစံ အတိုင်းပါပဲ။

Fixed Bluetooth Keyboard Detection

Bluetooth keyboard ရှိလား မရှိလား ဆိုတာကို စစ်ဆေးတဲ့ code တစ်ခု လုံးပြန်ပြင်ထားပါတယ်။ အရင်ကထက် ပိုပြီး stable ဖြစ်ပါတယ်။ ဒါကြောင့် တချို့ device တွေမှာ bluetooth keyboard နဲ့ မြန်မာစာ ရိုက်လို့ မရတဲ့ ပြဿနာ မရှိတော့ဘူးလို့ မျှော်လင့်ပါတယ်။

Sar ကို ဝယ်ယူ အသုံးပြုသူများကို အထူးပဲကျေးဇူးတင်ပါတယ်။

1 Comment

  1. Clo says:

    Hello… bro
    please support Unicode keyboard layout and Unicode force extension on safari
    I really need it
    thank you for reading

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.