Some Google API has been officially deprecated

ကြာသာပတေးနေ့က ရုံးအလုပ် ကိစ္စကြောင့် Google API ကို သုံးမလား ဆိုပြီး အစည်းအဝေး လုပ်ရင်း တစ်ခါတည်း သုံးလို့ရမရ စစ်ကြည့်လိုက်တာ မမျှော်လင့်ပဲ အချို့ API တွေကို Google က မပေးတော့ဘူးဆိုပြီး သိလိုက်ရတယ်။ ဘယ် API တွေ မရတော့တာလဲဆိုတော့

Shutdown ရက် အတိ အကျမပြောသေးတဲ့ API များကတော့

  • Code Search API
  • Diacritize API
  • Feedburner APIs
  • Finance API
  • Power Meter API
  • Sidewiki API
  • Wave API

December 1 , 2011 မှာ ပိတ်တော့မယ့် API တွေကတော့

  • Blog Search API
  • Books Data API
  • Books Javascript API
  • Image Search API
  • News Search API
  • Patent Search API
  • Safe Browsing API (v1 only)
  • Translate API
  • Transliterate API
  • Video Search API
  • Virtual Keyboard API

အဲဒီ API အားလုံးကို အခုအချိန်မှာတော့ request တွေ အများကြီး လုပ်ခွင့် မပေးတော့ပါဘူး။ Google က ပေးထားပြီးသား API တွေ တော်တော်များများကို ဖျက်သိမ်းလိုက်တော့ လက်ရှိ သုံးထားတဲ့ project တွေ website ကို့လို့ကန့်လန့် တွေ ဖြစ်ကုန်တာ အမှန်ပဲ။ တော်သေးတာက လက်ရှိ Google API ကို သုံးပြီးရေးထားတဲ့ project တွေ တစ်ခု မှ မရှိသေးဘူး။ ကြည့်ရတာ နောက်ဆိုရင် Google လည်း API တွေကို Enterprise level တွေကိုပဲ ပေးတော့ မလား မသိလို့ စဉ်းစားမိတယ်။ ကိုယ့် website မှာ အပေါ်က API တစ်ခုခု သုံးထားတဲ့သူတွေ ဘယ်လို အစားထိုးရမလဲဆိုတာကိုတော့ ဒီ ရက် အတွင်းမှာ အဖြေရထားသင့်နေပြီ။

source: http://www.readwriteweb.com/archives/google_announces_apis_scheduled_for_shutdown.php

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.