Google Drive Scanning Files

Google Drive က 15GB ပြည့်သွားလို့ အသစ် 100 GB ကို ဝယ်လိုက်တယ်။ ၁ နှစ်စာ ဝယ်ရင် ပိုဈေးသက်သာမယ် ဆိုတာနဲ့ တစ်နှစ်စာ ဝယ်မိလိုက်တယ်။ ပြဿနာ က ဝယ်ပြီးနောက်ပိုင်း Scanning Files ကနေ မတက်လာတော့တာပဲ။ Google Product Forum , Twitter စတာတွေမှာ မေးပေမယ့် နောက်ဆုံး အဖြေက Google App free user ဖြစ်နေလို့ support မရနိုင်ဘူးပဲ ဖြစ်သွားတယ်။ ဖြစ်တာက ကျွန်တော် တစ်ယောက်တည်းမဟုတ်ပဲ လူတိုင်း နီးပါး ဖြစ်တာပဲ။ Backup And Sync from Google စသုံး ကတည်းက ပြဿနာ ဖြစ်တာ။  Google က ပေးသည့် အကြံတွေက အကုန်ဖျက်ပြီး အစကနေ ပြန်သွင်း restart ချ logout…More

Google Search and Myanmar Unicode

ဒီနေ့ 7day website မှာ သတင်းဖတ်ရင်းနဲ့ သတင်း အဟောင်းတွေကို Google မှာ ရှာကြည့်မယ်ဆိုပြီးတော့ ရှာကြည့်လိုက်တော့ ဘာ ရလဒ်မှ မထွက်လာတော့ တော်တော် အံဩသွားတယ်။ ဒါနဲ့ unicode နဲ့ ရှာကြည့်လိုက်တော့ ရှာချင်တဲ့ ရလဒ်က ချက်ခြင်း ထွက်လာတယ်။ ပထမတော့ 7day ကများ ဇော်ဂျီကနေ unicode ကို site တစ်ခုလုံး ပြောင်းလိုက်တာလား ဆိုပြီး စစ်ကြည့်လိုက်တော့ 7day က ဇော်ဂျီပဲ သုံးထားတယ် တွေ့ရတယ်။ ဒါနဲ့ မသင်္ကာတာနဲ့ Eleven News ကို ရှာကြည့်တော့လည်း စာတွေ အကုန်လုံးကို ဇော်ဂျီကနေ unicode ပြောင်းသိမ်းထားပြီးတော့ Unicode နဲ့ ရှာမှသာ အလုပ်လုပ်တော့တာ…More

Tagu for Chrome

Google Chrome အတွက် တန်ခူး ရပါပြီဗျာ။ Unicode သွင်းဖို့ မလိုပဲနဲ့ unicode နဲ့ ရေးထားတာတွေကို ဖတ်လို့ရပါတယ်။ Facebook မှာ ဇော်ဂျီနဲ့ ရေးထားတာကို ဇော်ဂျီ နဲ့ ဖတ်လို့ရပြီးတော့ Unicode နဲ့ ရေးထားတဲ့ စာတွေကိုတော့ Unicode နဲ့ မြင်ရမှာပါ။ တန်ခူးကို download ချလိုလျှင် https://chrome.google.com/webstore/detail/ddjpcdpfemhkibhpmgcdbfajdhgpegdk Google Chrome Mac မှာတော့ unicode ကို font embed ထည့်ထားရင် render မလုပ်နိုင်သေးပါဘူး။More

Google Maps with unicode

မြန်မာ Unicode ကို အသုံးပြုပြီးတော့ Google Map မှာ လမ်းနာမည်တွေ ကို မြန်မာလို ရှာဖွေလို့ရနေပါပြီ။ auto complete မှာလည်း မြန်မာလို ပြပေးပါတယ်။More

Google Nexus 7 – Review

Google Nexus ကို ဝယ်ထားပြီးတော့ အခုတလော စမ်းသုံးကြည့်တယ်။ Speaker က မဆိုးဘူး။ အသံကြည်တယ်။ Mic က built in ပါတယ်။ Camear က ရှေ့ဘက်မှာပဲ ပါတယ်။ နောက်ဘက် မပါတဲ့ အတွက် ရိုက်လို့ မရဘူး။ built in camera app မပါလာဘူး။ camera app ကို သီးသန့် ထပ်ထည့်ရတယ်။ Skype ကို camera နဲ့ ပြောလို့ရတယ်။ Address book ကိုတော့ people လို့ နာမည်ပေးထားတယ်။ Address book ဆိုတာ ရှာမတွေ့လို့ app တွေ အကုန်လိုက်ကြည့်လိုက်ရတယ်။ People app ကို…More

Google Nexus 7

အဒေါ်ကို မွေးနေ့ လက်ဆောင်ပေးဖို့ ဆိုပြီး စနေနေ့က Google Nexus 7 ကို ဝယ်ဖြစ်ခဲ့တယ်။ www.mobilesquare.com မှာ ဈေးကြည့်ပြီးတော့ Orchard က သူတို့ ဆိုင်မှာ သွားဝယ်ဖြစ်ခဲ့တယ်။ 16 GB ကို S$418 ပေးရတယ်။ ကျွန်တော် ဝယ်တဲ့ အချိန်ကတော့ နောက်ဆုံး Stock ပါပဲ။ အခု အချိန်မှာ ဝယ်ချင်တဲ့ သူတွေကတော့ Qisaha မှာ S$399 + $8 (shipping) နဲ့ ဝယ်နိုင်ပါတယ်။ ဝယ်ချင်တဲ့ သူတွေကတော့ စက်တင်ဘာလ မကုန်ခင်မှာ ဝယ်ထားဖို့လိုပါတယ်။ ဘာလို့လည်းဆိုတော့ US $25 Gift က စက်တင်ဘာလ ကုန်သွားရင် မရတော့ပါ။ စက်ကို…More

Google Calendar

တစ်ချိန်တစ်ခါတုန်းကတော့ Google Calendar ကို public holiday ကြည့်ဖို့ သက်သက်သာ အသုံးပြုခဲ့တယ်။ အခုနောက်ပိုင်းမှာတော့ Google Calendar ကို ကောင်းကောင်းကြီး အသုံးချနေရပြီ။ အရင်က Google Calendar ကို မသုံးဖြစ်တဲ့ အကြောင်းအရင်းကတော့ Offline မရလို့ ဆိုရမယ်။ သို့ပေမယ့် Mac မှာ iCal နဲ့ တွဲသုံးလို့ရသလို iPhone, iPad တို့မှာလည်း email ထည့်ထားပြီး Calendar ကို on လိုက်တာနဲ့ သူ့ အလိုလို iCal မှာ sync သွားလုပ်ပေးတယ်ဆိုတော့ တော်တော်လေးကို အဆင်ပြေသွားတယ်။More

Some Google API has been officially deprecated

ကြာသာပတေးနေ့က ရုံးအလုပ် ကိစ္စကြောင့် Google API ကို သုံးမလား ဆိုပြီး အစည်းအဝေး လုပ်ရင်း တစ်ခါတည်း သုံးလို့ရမရ စစ်ကြည့်လိုက်တာ မမျှော်လင့်ပဲ အချို့ API တွေကို Google က မပေးတော့ဘူးဆိုပြီး သိလိုက်ရတယ်။ ဘယ် API တွေ မရတော့တာလဲဆိုတော့ Shutdown ရက် အတိ အကျမပြောသေးတဲ့ API များကတော့ Code Search API Diacritize API Feedburner APIs Finance API Power Meter API Sidewiki API Wave APIMore