Thnking about MZ 2.0

အခုတလော cassandra ကို ဖတ်ရင်းနဲ့ MZ ကို cassandra နဲ့ ရေးကြည့်ချင်လာတယ်။ cassandra နဲ့ project လေး တစ်ခုလောက် လုပ်ချင်တယ်။ ဒါပေမယ့် ဘာ project လုပ်ရမလဲ စဉ်းစားမရဖြစ်နေတာ။ MZ ကိုပဲလုပ်တော့မလား စဉ်းစားနေတာ။ Why MZ ! လို့ မေးလာရင်တော့ cassandra က သာမာန် project တွေ မလိုအပ်ဘူး။ တခြားမပြောနဲ့ mediawiki ကို သုံးထားတဲ့ wikipedia တောင် mysql ကို သုံးထားတာပဲ ကြည့်လေ။ mysql ကလွယ်တယ်။ နှစ်ကြာပြီဖြစ်တဲ့အတွက် community က ရှိပြီးသား။ user million နဲ့ ချီခဲ့မှသာ နည်းနည်းကြာတာ။ ဒါပေမယ့် mysql 5 မှာ partition နဲ့ fulltext search ကြောင့် million data ကိုတောင် ရှာနိုင်တယ်လို့ ပြောထားတာပဲ။ MZ ကိုတော့ အစကနေ အသစ်ပြန်ပြင်ရေးချင်နေပြီ။ ဒါပေမယ့် ornagai မပြီးသေးတာရယ် မအားသေးတာရယ်ပေါ့။ ornagai ကတော့ သိပ်ထွေထွေထူးထူး မကျန်တော့ဘူး။ edit unapprove ပိုင်းလေး ပြီးရင် ပြီးပြီလို့ ဆိုရလိမ့်မယ်။ အခြား bugs လေးတွေကတော့ ရှိတာပေါ့။ MZ ကို  ဘာလို့ အသစ်ပြန်ပြင်ရေးချင်လည်းဆိုတော့ vbulletin ကို နှစ်စဉ် မပေးချင်တော့လို့ပဲ။ အသစ်ပြန်ပြင်ရေးမှ server monthly ဈေးက များသွားဖို့ ရှိတော့ cassandra အစား mysql 5 ပဲ သုံးဖြစ်မလား မသိတော့ပါဘူး။ နောက်တချက်က ကိုယ့် framework ကိုလည်း စမ်းချင်တယ်။ ရေးထားတဲ့ framework ကို စမ်းဖို့ မရှိသေးတော့ ဘာတွေ လိုနေသေးလဲဆိုတာ သေသေချာချာ မသိဘူးဖြစ်နေတယ်။

MZ အသစ်တွေမှာ ဘာတွေ ပါလာမလဲ။

1. voting system

reply ပြန်တဲ့ ဟာတွေကို vote up , vote down လုပ်လို့ရမယ်။ post display ကို vote နဲ့ sort လုပ် ပြမယ်။ time နဲ့ဆိုလည်း ရရမယ်။ vote နဲ့ ဘာလို့ sort လုပ်ပြလည်းဆိုတော့ အချို့ post တွေကို မကြိုက်တာ ဒါမှမဟုတ် ပေါက်ကရ လျှောက်ရေးတာတွေ ဖတ်ရတာ အချိန်ကုန်တယ်။ ဒီမေးခွန်းအတွက် ဒီအဖြေက vote အများဆုံး ဆိုလုံလောက်ပြီ။ မေးတဲ့သူ သဘောကျတဲ့ အဖြေကို answer အဖြစ် thread စတဲ့သူက ရွေးလို့ရမယ်။

2. comment in post

လက်ရှိ quote အစား ပြန်ဖြေလိုက်တဲ့ thread တွေမှာ comment ရေးလို့ရမယ်။ ဥပမာ ။။ ဘာလို့ ဒီ anwser ကို vote down လုပ်တယ်ဆိုတဲ့ အကြောင်းရေးဖို့ပေါ့။ အဲဒါကိုလည်း link နဲ့ unlike ပေးလို့ရမယ်။

3. reputation system

reputation system ပါလာမယ်။ moderator ဆိုပြီး သီးသန့်ရယ်လို့ မရှိတော့ပဲ။ reputation system များများရထားတဲ့သူက moderate လုပ်လို့ရမယ်။ တနည်းပြောရင် post များများတင်တိုင်း တကယ်ဖြေတဲ့ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ သူ့ reputation များမှသာ သူ ဘယ်လောက် ဖြေထားလဲဆိုတာကို သိနိုင်မယ်။

4. Tag system

မေးခွန်းတိုင်း tag system နဲ့သွားမယ်။ forum လို category နဲ့မသွားတော့ဘူး။ လူတိုင်း new tag ထည့်လို့မရဘူး။ reputation များတဲ့သူကသာ question အသစ်အတွက် tag ထည့်လို့ရမယ်။

အဲဒီ အချက် ၃ ချက်က FAQ system သဘောမျိုးဖြစ်ပြီး stackoverflow style အတိုင်းလုပ်ထားတာပါ။ MZ member အဟောင်းတွေ အကုန် အသစ်မှာ login ဝင်လို့ရမယ်။ post အဟောင်းတွေ ရှိချင်မှ ရှိတော့မယ်။ ဆောင်းပါးတွေ တော့ ပြန်ပါပါလိမ့်မယ်။

5. Event System

အခု လက်ရှိ MZ မှာ Event system က သိပ်မသိသာဘူး ဖြစ်နေတယ်။ reputation ပေါ်မှာ မူတည်ပြီး event တွေ ထည့်လို့ရမယ်။ နောက်ပြီး attend လုပ်မယ် မလုပ်ဘူး မသေချာဘူး စတာတွေ ထည့်လို့ရမယ်။ ဥပမာ။။ MCPA seminar တို့ အခြား နည်းပညာနဲ့ သက်ဆိုင်တဲ့ seminar မျိုးပေါ့။

6. ဆောင်းပါး

ဆောင်းပါး အတွက် သီးသန့် ပါလာမယ်။ reputattion ပေါ်မှာ မူတည်ပြီး ကိုယ်ပိုင် ဆောင်းပါးရေးလို့ရမယ်။

7. social network

facebook connect ကို သုံးလို့ရမယ်။PM ပို့လို့ရမယ်။ လက်ရှိ MZ မှာလို Visitor Message ထည့်လို့ရမယ်။ Twitter ကို sidebar မှာထည့်လို့ရမယ်။ friend လုပ်လို့ရတာ မရတာကတော့ မလိုအပ်ဘူး ထင်တာပဲ။ social network layer ကတော့ နောက်ဆုံးမှာ သေသေချာချာ စဉ်းစားမယ်။ လိုအပ်သလောက်ပဲ ထည့်ဖို့စဉ်းစားထားတယ်။

8. Opensource Project Tags

တကယ်လို့ ကိုယ့် project ကသာ opensource ဖြစ်တယ်။ git လိုမျိုးနေရာမှာသာ ရှိတယ်ဆိုရင် q & a လုပ်လို့ရအောင် tags တစ်ခုအနေနဲ့ ထည့်သွင်းလို့ရမယ်။ ဥပမာ။။ ornagai လိုမျိုးပေါ့။ ကိုယ်က အခုမှ စဝင်တဲ့ user။ ဘာ reputation မှ မရှိသေးဘူး။ project ကိစ္စပဲ q & a သို့မဟုတ် discuss လုပ်ချင်တယ်ဆိုရင် tags အသစ်လျှောက်လို့ရမယ်။ ဘယ်လို လျှောက်လို့ရမလဲဆိုတာကတော့ နောက်မှ စဉ်းစားမယ်တော့မယ်။

10. Outsourcing Project

သူ့ကို ဆောင်းပါးလို သီးသန့် အနေနဲ့ ပါဝင်မယ်။ outsource ချထားတဲ့ project တွေ အတွက်။ bit ကိစ္စတော့ မပါဝင်ဘူး။ just information အတွက် သီးသန့် အနေနဲ့ ဖော်ပြပေးထားတယ်။ အဲဒီမှာလည်း q & a မှာလို လုပ်လို့ရမယ်။

ဒါက အခုတလော စဉ်းစားထားတာတွေပါ။ cassandra နဲ့ လုပ်ကြည့်ချင်ပေမယ့် mt dv အဆင့်မြှင့်ဖို့ မတတ်နိုင်တော့ mysql 5 ကိုပဲ အသေအချာ database ကို ပိုင်းပြီး လုပ်မလား စဉ်းစားနေတာ။ နောက်ပိုင်း mysql မနိုင်ရင်တော့ mt dv ကိုပြောင်းပြီး cassandra နဲ့ လုပ်ဖို့လည်း စဉ်းစားရမယ်။ ကဲ…. ornagai v 2 ပြီးရင်တော့ MZ 2.0 ကို လုပ်ဖြစ်မယ်ထင်တာပဲ။ opensource တော့ ပေးမှာ မဟုတ်ဘူး။ ပေးဖို့လည်း အစီအစဉ်မရှိဘူး။

1 Comment

  1. အဲဒါကို MZ မှာ တင်လိုက်ရယ်.. အဲကျမှ ပြောမယ်..

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.