WaitZar need new member

WaitZar တွင် အောက်ပါ အကူအညီများ လိုအပ်လျက်ရှိသည်။

Testers – WaitZar အသစ်ကိုစမ်းသပ်ပေးဖို့ လိုအပ်ပါတယ်။ Tester တွေကမြန်မာလို ဖြစ်ဖြစ် ရှမ်းလို ဖြစ်ဖြစ် ရေးတတ်ပြီးတော့ program ကလုပ် သင့်တိုင်းအတိုင်း မလုပ်ရင် အသိပေးဖို့လိုအပ်ပါတယ်။ ကျွန်နော် ဒို့ tester အများကြီးလိုပါတယ်။

Documenters – Document ရေးသူများကတော့ Wait Zar နဲ့ပတ်သက်ပြီးတော့ ရေးချင် ပြီးတော့ WaitZar ဘယ်လိုသုံးရမလဲ ဆိုတာကိုရေးပေးရပါမယ်။ Blog တွေ Wiki တွေလိုမျိုးမှာ ရေးရပါမယ်။ ဘယ်ဘာသာ စကားနဲ့မဆို ရေးလို့ရပါတယ်။ WaitZar ရဲ့ အသုံးပြုနည်းလမ်းညွန်ကို လဲ ဝိုင်းပြီးတော့ ရေးလို့ရပါတယ်။ ဒီလိုလူမျိုးတွေလဲ အများကြီးလိုအပ်ပါတယ်။

Translators – ဘာသာပြန်သူ တွေကတော့ မြန်မာလိုဖြစ်ဖြစ် တိုင်းရင်းသားလိုဖြစ်ဖြစ် ကောင်းကောင်းရေးနိုင်ဖို့ လိုပါတယ်။့English လိုရှိပြီးသားကို ဘာသာပြန်ဖို့ဖြစ်ပါတယ်။ ဘာသာပြန်သူ အနည်းငယ် လိုအပ်ပါတယ်။
Coders – Coders တွေ ကတော့ WaitZar ရဲ့အဓိက program ရေးတဲ့နေရာမှာ ပါဝင်ရမှာဖြစ်ပါတယ်။ Coders တွေက C++programming ကိုသိရှိပြီးတော့ source code ကိုအချိန်ပေးပြီးတော့ ဖတ်ပြီးနားလည် အောင်လုပ်ဖို့ လိုပါတယ်။ coder မျိုးစုံလိုအပ်ပါတယ်။ အချို့က ရှုပ်နေတဲ့ code ကိုရှင်းဖို့ အချို့က feature အသစ်တွေ ထပ်ထဲ့ဖို့အချို့က ရှိပြီးသား feature ကိုပိုကောင်းအောင်နဲ့ ပြဿနာရှိရင် ရှင်းဖို့လိုအပ်ပါတယ်။

Module Writers – Module Writers တွေကတော့ third-party နည်းပညာကို သုံးပြီးတော့ WaitZar နဲ့အတူတွဲလုပ်ဖို့ပါ။ ဥပမာ ကျွန်နော်ဒို့ Key Magic keyboard ကို WaitZar ပေါ်မှာသုံးလို့ရပါတယ်။ ဒီလိုမျိုး WaitZar ကိုအခြားလူသုံးများတဲ့ keyboard နဲ့ သုံးလို့ရအောင် ရေးလို့ရပါတယ်။ ပြဿနာ ရှိရင်လဲ အခြား coder တွေကို အသိပေးဖို့လိုပါတယ်။

http://www.myanmaritpro.com/forum/topics/waitzar-developers

2 responses to “WaitZar need new member”

  1. English လိုရော မြန်မာလိုပါ ကောင်းစွာရေးတတ်ပါတယ်။ Java programming ကို အနည်းငယ်လေ့လာဖူးပါတယ်။ Code အပိုင်းတွေကို မပိုင်နိုင်ပေမယ့် ကျန်အပိုင်းတွေမှာ ကူညီလို့ရရင် ကူညီချင်ပါတယ်။

    1. helpt at waitzar dot com ကို email ပို့လိုက်ပြီး အကြောင်းကြားလို့ရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.