WaitZar တွင် အောက်ပါ အကူအညီများ လိုအပ်လျက်ရှိသည်။
Testers – WaitZar အသစ်ကိုစမ်းသပ်ပေးဖို့ လိုအပ်ပါတယ်။ Tester တွေကမြန်မာလို ဖြစ်ဖြစ် ရှမ်းလို ဖြစ်ဖြစ် ရေးတတ်ပြီးတော့ program ကလုပ် သင့်တိုင်းအတိုင်း မလုပ်ရင် အသိပေးဖို့လိုအပ်ပါတယ်။ ကျွန်နော် ဒို့ tester အများကြီးလိုပါတယ်။
Documenters – Document ရေးသူများကတော့ Wait Zar နဲ့ပတ်သက်ပြီးတော့ ရေးချင် ပြီးတော့ WaitZar ဘယ်လိုသုံးရမလဲ ဆိုတာကိုရေးပေးရပါမယ်။ Blog တွေ Wiki တွေလိုမျိုးမှာ ရေးရပါမယ်။ ဘယ်ဘာသာ စကားနဲ့မဆို ရေးလို့ရပါတယ်။ WaitZar ရဲ့ အသုံးပြုနည်းလမ်းညွန်ကို လဲ ဝိုင်းပြီးတော့ ရေးလို့ရပါတယ်။ ဒီလိုလူမျိုးတွေလဲ အများကြီးလိုအပ်ပါတယ်။
Translators – ဘာသာပြန်သူ တွေကတော့ မြန်မာလိုဖြစ်ဖြစ် တိုင်းရင်းသားလိုဖြစ်ဖြစ် ကောင်းကောင်းရေးနိုင်ဖို့ လိုပါတယ်။့English လိုရှိပြီးသားကို ဘာသာပြန်ဖို့ဖြစ်ပါတယ်။ ဘာသာပြန်သူ အနည်းငယ် လိုအပ်ပါတယ်။
Coders – Coders တွေ ကတော့ WaitZar ရဲ့အဓိက program ရေးတဲ့နေရာမှာ ပါဝင်ရမှာဖြစ်ပါတယ်။ Coders တွေက C++programming ကိုသိရှိပြီးတော့ source code ကိုအချိန်ပေးပြီးတော့ ဖတ်ပြီးနားလည် အောင်လုပ်ဖို့ လိုပါတယ်။ coder မျိုးစုံလိုအပ်ပါတယ်။ အချို့က ရှုပ်နေတဲ့ code ကိုရှင်းဖို့ အချို့က feature အသစ်တွေ ထပ်ထဲ့ဖို့အချို့က ရှိပြီးသား feature ကိုပိုကောင်းအောင်နဲ့ ပြဿနာရှိရင် ရှင်းဖို့လိုအပ်ပါတယ်။
Module Writers – Module Writers တွေကတော့ third-party နည်းပညာကို သုံးပြီးတော့ WaitZar နဲ့အတူတွဲလုပ်ဖို့ပါ။ ဥပမာ ကျွန်နော်ဒို့ Key Magic keyboard ကို WaitZar ပေါ်မှာသုံးလို့ရပါတယ်။ ဒီလိုမျိုး WaitZar ကိုအခြားလူသုံးများတဲ့ keyboard နဲ့ သုံးလို့ရအောင် ရေးလို့ရပါတယ်။ ပြဿနာ ရှိရင်လဲ အခြား coder တွေကို အသိပေးဖို့လိုပါတယ်။
Leave a Reply