We will change MZedu

ယခုလက်ရှိ MZ edu မှာ moodle ကို အသုံးပြုထားခြင်းဖြစ်သည်။ moodle သည် Course Mangement System ဖြစ်သော်လည်း user friendly မဖြစ်ခြင်း။ ဆရာ ဆရာမများအတွက် သင်ကြားရသည်မှာခက်ခဲခြင်း။ bagan မှ ဝင်လျှင် အလွန်ကြာမြင့်တတ်ခြင်းတို့ကြောင့် ပြောင်းလဲမည်ဟု ဆုံးဖြတ်လိုက်ပါသည်။

Moodle ၏ အားသာချက်များ

  • course များကို category အရခွဲနိုင်ခြင်း
  • ဆရာ ဆရာမများကို တာဝန်ခွဲဝေပေးနိုင်ခြင်း
  • tutorial နှင့် အခြား lesson များ ထည့်သွင်းနိုင်ခြင်း
  • course တစ်ခုဆီအတွက် forums , chat , lesson , quiz အများအပြားထည့်သွင်းနိုင်ခြင်း
  • assignment ထည့်သွင်းနိုင်ခြင်း
  • ကျောင်းသား ကျောင်းသူများကို ရမှတ်များ ခွဲခြားပေးနိုင်ခြင်း

အပြင် အခြားအခြားသော system များလည်း ပါဝင်လေသည်။

ဒါဆို ဘာလို့ပြောင်းလိုက်တာလဲ။

  • user friendly မဖြစ်ခြင်း
  • bagan မှ အသုံးပြုလျှင် ဝင်ရတာ ခက်ခဲခြင်း
  • course ထဲသို့ ကျောင်းသားများ လွယ်လွယ်ကူကူ မလေ့လာနိုင်ခြင်း
  • ဆရာ ဆရာမများ စာသင်ကြားရာတွင် အခက်အခဲရှိခြင်း
  • ကျောင်းသားများ စာသင်ရန် စာမေးရန် အခက်အခဲများရှိခြင်း

စသည့်အခက်အခဲများရှိပါတယ်။

ဘာနဲ့ပြောင်းသုံးမှာလဲ။

အခုလက်ရှိ ကျွန်တော်တို့တွေ လျာထားတာကတော့ wiki နဲ့ပြောင်းသုံးမယ်လို့ စဉ်းစားထားပါတယ်။ ဒါမှ မည်သူမဆို ဝင်ရောက်ရေးသားနိုင်မှာပါ။ မည်သူမဆိုလည်း သင်ကြားနိုင်တော့မှာပါ။ register မလုပ်ပါနဲ့လည်း သင်ကြားနိုင်မှာပါ။ ကျွန်တော်တို့တွေ အခုလက်ရှိ course များကို ဆက်လက်ထားရှိပေးသွားမှာပါ။

1 Comment

  1. ကောင်းပါတယ် အစ်ကို edu ကိုပုံစံအသစ်နဲ့ မြင်ရတော့မှာပေါ့ဗျား

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.