mzedu

  • ချဉ်းကပ်ခြင်းဆိုတဲ့ အကြောင်းကို ရေးပြီးတဲ့ နောက်မှာ comment တွေ တော်တော်ရလိုက်တယ်။ မတူညီတဲ့ အမြင်တွေ သိုပေမယ့် တိုင်းပြည်အပေါ်မှာ ထားတဲ့ စေတနာတွေ ကိုတော့ တွေ့ရတယ်။ ဘယ်နေရာပဲရောက်ရောက် ဘယ်အဆင့်မှာပဲ ရောက်နေနေ ကိုယ့်တိုင်းပြည်ကို တိုးတက်ချင်တဲ့ စိတ်တွေကတော့ အပြည့်ပဲဗျ။ ကျွန်တော် သူတို့ ပြောတဲ့ ချဉ်းကပ်ခြင်းကို ရေးဖို့ ရာ ၃ ရက်လောက် ကြာတယ်။ မအားတာလည်း ပါတယ်။ comment တွေထဲက ကောင်းတာတွေ ရွေးထုတ်ပြီး ပြန်တည်းဖြတ်နေရတာ ဘာလို့ ၃ ရက်ကြာသွားမှန်းမသိပါဘူး။ comment ရေးခဲ့တဲ့သူတွေ ဆွေးနွေးပေးတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အစအဆုံး တည်းဖြတ်ပြီးတော့ ကိုယ့်ဘာသာ ကိုယ်ပြန်ဖတ် ပြီး သဘောကျမိတာတော့ အမှန်ပဲ။ မဖတ်ရသေးဘူးဆိုရင်…

  • မနေ့က MZ Blog မှာ ချဉ်းကပ်ခြင်း ဆိုတဲ့ Post တစ်ခု တင်ထားတယ်။ ကိုမြင့်ကျော်သူ ပြောတဲ့ comment နဲ့ ကိုအောင်စည်သူကျော်ပြောထားတဲ့ comment ၂ ခုကတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ ကျွန်တော် ဘယ်လို reply ပြန်ရမလဲ။ ကျွန်တော့် အယူအဆက ကော ဘယ်လိုလဲဆိုတာကို ကိုယ့်ဘာသာကိုယ် စဉ်းစားနေဆဲ။ Basic education က အရေးပါသလို ကျွန်တော် ပြောနေကြ စကားလုံးဖြစ်တဲ့ ရှုးသွပ်ခြင်းကလည်း အရေးပါပြန်တယ်။ ရှုးသွပ်ခြင်းဆိုတာက လူတိုင်းမှာ မရှိတဲ့ အရာတစ်ခုပါ။ ရှုးသွပ်ခုံမင်ခြင်း ဆိုတဲ့ အရသာကို သာမာန်လူတွေ မခံစားနိုင်တဲ့ အရာလို့ပဲ ဆိုရမလားပဲ။ ဒီ ပေါ်မှာ ရှုးသွပ်ခုံမင်ဖို့အတွက် အကြောင်းတွေတော့ ရှိဖို့လိုမှာပေါ့။ ဒါမှသာ…

  • MZ edu မှာတော့ CSS အပိုင်း ၃ ကို ဆက်တင်ထားတယ်။ လက်ထဲမှာ ရေးပြီးလက်စ ကုန်ကြမ်းတော့ ကုန်ပြီ။ ဆက်ရေးဖို့ကလည်း ဒီ weekend ကလည်း မအားပြန်။ Sencha ရယ် Ornagai ရယ် ရုံးကခိုင်းထားတဲ့ wordpress theme ရယ် ပြီးအောင် လုပ်ပေးရမယ်။ ရုံးအလုပ်က စနေနေ့ ရုံးအချိန်ကတည်းက ပြီးရမှာ။ ခက်တာက လူက မနက်ဆို မထချင်ဘူး။ နောက်ပြီး နိုးနိုးချင်း Luffy ကြည့်လိုက်တော့ စနေနေ့ အလုပ်ပျက်သွားပါလေရော။ ဒါနဲ့ စနေနေ့ပြီးမယ်လို့ ပြောထားတာလေး ပြီးအောင် ဒီနေ့လက်စ သပ်ရအုံးမယ်။ ဒီ weekend တော့ ဒီ ၃ ခုနဲ့ပဲ ပြီးသွားမယ်ထင်ပါ့။

  • အရင်တုန်းက XML DTD ဆိုတာ ကြားသာကြားဖူးတယ်။ ဘာလို့ သုံးမှန်းမသိဘူး။ တစ်ခါမှလည်း မသုံးဖူးဘူး။ ဒီနေ့မှ MZ Edu ကနေ XML DTD အကြောင်းလေး ဖတ်ကြည့်လိုက်တော့မှ နည်းနည်းလေး သဘောပေါက်သလိုလို ရှိသွားတယ်။ week end ရောက်ရင် XML Part 1 ကနေ သေချာပြန်ဖတ်အုံးမှပဲ။ ရန်ကုန်မှာတုန်းကတော့ Java & XML စာအုပ်ဖတ်တုန်းက XML ကို နည်းနည်းသဘောပေါက်သလိုလိုရှိပေမယ့် သေသေချာချာ နားမလည်ခဲ့တာတွေ အများသားပဲ။ အခုလို မြန်မာလိုလေး ရှိတော့လည်း English လို ရေးထားတဲ့ စာအုပ်တွေထက်စာရင် ပိုဖတ်ဖြစ်မယ်ထင်တာပဲ။ http://edu.mysteryzillion.org/xml-part-2

  • ယခုလက်ရှိ MZ edu မှာ moodle ကို အသုံးပြုထားခြင်းဖြစ်သည်။ moodle သည် Course Mangement System ဖြစ်သော်လည်း user friendly မဖြစ်ခြင်း။ ဆရာ ဆရာမများအတွက် သင်ကြားရသည်မှာခက်ခဲခြင်း။ bagan မှ ဝင်လျှင် အလွန်ကြာမြင့်တတ်ခြင်းတို့ကြောင့် ပြောင်းလဲမည်ဟု ဆုံးဖြတ်လိုက်ပါသည်။