Xcode 4 is awesome

ဒီနေ့ည ပြန်ရောက်တော့ XCode 4 GM version download ချထားတာ သွင်းကြည့်တယ်။ တော်တော်မိုက်တယ်။ Xcode ၃ ထက် စာရင် UI က နည်းနည်း ပိုရှုပ်သွားတယ်။ သို့ပေမယ့် Interface Builder နဲ့ Xcode ကို ပေါင်းလိုက်တော့ ပိုပြီး ကြည့်ရတာ အဆင်ပြေတယ်။ သို့ပေမယ့် စစခြင်း သုံးတဲ့အခါမှာ Interface Builder ကို ဘယ်လို သုံးရမှန်း မသိလောက်အောင် ကို ဖြစ်သွားတယ်။

Code ရေးတဲ့ အပိုင်းမှာ ပိုအဆင်ပြေသွားတယ်။ အချို့ function တွေက deprecated function တွေ ဖြစ်ကုန်ပြီ။ အဲဒါကို XCode 4 မှာ သိသာအောင် ပြထားပေးတယ်။

Monitor ကြီးကြီးနဲ့ဆိုရင်တော့ Code ရေးလို့က တကယ်ကောင်းမှာ။ CodeSnippet library ကလည်း တော်တော် လေးကို ပြည့်စုံပြီး ကောင်းမွန်လာတယ်။ ကိုယ်ပိုင် snippet တွေကို select မှတ်ပြီး drag & drop ဆွဲထည့်လိုက်ရုံပဲ။ နောက်ပြီး ပြန်ပြင်တဲ့ editor ကလည်း တော်တော်လေးကို ကောင်းမွန်တယ်။

နောက်ပြီး ကိုယ့်ရဲ့ code ကို twitter မှာ တစ်ခါတည်း တန်းပြီး tweet လို့ရတယ်။ ကြည့်ရတာ Xcode မှာက လက်ရှိ App store က app တွေနဲ့ ပေါင်းပြီး သုံးလို့ရအောင် ဖန်တီးထားပုံပေါ်ပါတယ်။ SimplePastie app နဲ့ပါ တွဲ အလုပ်လုပ်နိုင်တာကြောင့် Xcode 4 က အများကြီး သာလွန် ကောင်းမွန်သွားတယ်။

မကောင်းတာက Interface Builder က အရက်ထက် ပိုကြာသွားတယ်။ တခါတလေ crack ဖြစ်တာကလွဲလို့ သုံးရတာ ပိုအဆင်ပြေပါတယ်။

2 responses to “Xcode 4 is awesome”

  1. is it only available as iOS developer preview, right?

    1. yes, it’s only available for iOS Developer who have Developer account. Now, it was released GM version. Waiting SDK 4.3 and it may be come with xcode 4.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading