Yangon Map Updated – Offline Search

Yangon Map Offline (android) version ကို ထပ်ပြီးတော့ update လုပ်ထားပါတယ်။ အခု version မှာတော့ offline search ကိုပါ ထည့်သွင်းထားပါတယ်။ နောက်ပြီး နေ့စဉ် search database ကို update လုပ်နိုင်ပါတယ်။

Search Database က 7 MB လောက် ရှိပါတယ်။ နေ့တိုင်း size က map ကို update လုပ်ရင်း တိုးတိုးသွားပါလိမ့်မယ်။ ဒါကြောင့် တစ်လ တစ်ခါ ဒါမှမဟုတ် တစ်ပတ် တစ်ခါ update လုပ်ရင် လုံလောက်မယ်လို့ ထင်ပါတယ်။

Search လုပ်တဲ့ အခါမှာတော့ မြို့နယ်တွေ မပါဝင်သေးတော့ ဘယ်မြို့နယ်က လမ်း ဆိုတာ ခွဲခြားမရနိုင်သေးပါဘူး။ ဘယ်မြို့နယ်လဲ ဆိုတာကို သိဖို့အတွက် မြို့နယ် သတ်မှတ်ထားတဲ့ geojson data လိုပါတယ်။ ဒါကြောင့် ကျွန်တော် Yangon Townships GeoJSON file ကို ဖန်တီးနေရတာပါ။ အဲဒီ အကြောင်းကိုတော့ နောက်မှ ပြောပါတော့မယ်။

Search ကို မြန်မာ Unicode သို့မဟုတ် English လို ရှာဖွေနိုင်ပါတယ်။ OSM မှာ ရှိတဲ့ ရန်ကုန်က လမ်းတွေ အကုန်လုံးကို ရှာဖွေနိုင်တဲ့ အပြင် OSM မှာ ထည့်ထားတဲ့ data တွေ ဖြစ်တဲ့ ကျောင်း ၊ ဆေးရုံ ၊ အဆောက်အဦး စတာတွေကိုလည်း ရှာဖွေနိုင်ပါတယ်။

အခု version မှာ Search Result ကို မြေပုံမှာ Google Map လိုမျိုး Point လုပ်ပြီး မပြနိုင်သေးပါဘူး။ မကြာခင်မှာ ထပ်ပြီး update လုပ်ပေးပါမယ်။

search

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading