You can ask

နောက်ကျနေပေမယ့် အခု ၈ ရက်နေ့ ထိ ပေးရင်မှီသေးတယ်။

အိုင်စီတီလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် မေးခွန်းများပေးပို့နိုင်

မြန်မာအိုင်စီတီလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် မေးချင်သော မေးခွန်းများကို မေးမြန်းနိုင်ပါသည်။ ထိုမေးခွန်းများကို နိုဝင်ဘာလ (၉)ရက်နေ့ နေ့လည် (၁)နာရီမှ (၄)နာရီတွင် ပြုလုပ်ကျင်းပမည့် Panel Discussion for ICT Industry Developmentပွဲတွင် ဖြေကြားပေးမည် ဖြစ်ပါသည်။

မေးခွန်းများကို စာသားများအဖြစ် ပေးပို့နိုင်သလို ဗီဒီယို ရိုက်ကူးပြီးလည်း ပေးပို့နိုင်ပါသည်။ သို့မဟုတ် အသံရော၊ စာပါ တွဲပြီးလည်း ပေးပို့နိုင်ပါသည်။ မိမိအစီအစဉ်ဖြင့် ဗီဒီယိုရိုက်ကူးပေးပို့နိုင်သလို ဗီဒီယိုရိုက်ကူးဖို့ လက်ခံလျင်လည်း လာရောက်ရိုက်ကူး ပေးပါမည်။

မေးခွန်းများကို နိုဝင်ဘာလ(၇)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။ ဗီဒီယို ရိုက်ကူးပေးရန် လက်ခံသူများသည် ရန်ကုန်မြို့ အတွင်းကသာ ဖြစ်ရပါမည်။ ရန်ကုန်ပြင်ပတွင် ရှိသောသူများအား လိုက်လံ၍ ဗီဒီယို ရိုက်ကူးပေးမည် မဟုတ်ပါ။ မေးချင်သော မေးခွန်းများကို မေးသည့်အခါတွင် အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်နှင့် လိပ်စာတို့ကို ထည့်သွင်း ဖော်ပြရပါမည်။

အောက်ဖော်ပြပါ e-mailလိပ်စာသို့ ပေးပို့နိုင်ပါသည်။
myintzaw.oo@gmail.com
မြင့်ဇော်ဦး
အင်တာနက်ဂျာနယ် (အယ်ဒီတာ)

copy from :http://www.planet.com.mm/advfile.cfm/adv/internet

2 responses to “You can ask”

  1. အစ်ကိုရေ
    ကျွန်တော် မြန်မာ ဂျီးနီးယပ်မှာ ဘလောဂ့်တစ်ခုတင်ထားပါတယ် ခင်ဗျာ။
    ကျွန်တော့်ရဲ့ ဘလော့ဂ်ကို တခြားသူတွေ ဝင်လို့မရအောင် passward ပေးထားချင်ပါတယ်။
    ကျွန်တော်ဘလော့ဂ်ကို တစ်ယောက်သောသူအတွက် ရည်စူးထားလို့ပါ။
    အစ်ကို ဖြစ်နိုင်ရင် ဘယ်လို လုပ်ရမလဲဆိုတာ အကြံပေးစေချင်ပါတယ်။
    ကျေးဇူးတင်စွာဖြင့် သားပေါက်

    1. wordpress မှာ plugin ပါတယ်ထင်တယ်… ခဏ ရှာပေးမယ်… ရတယ်ဗျ… ကျွန်တော်တို့ လုပ်နေကြ…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading