Zawgyi Keyboard iOS 4.1 only (alpha)

Alpha version ကို စမ်းသပ်ချင်သူများ အရင်ဆုံး Zawgyi iOS Font package ကို update လုပ်ဖို့ လိုပါတယ်။ Cydia > Changes > Refersh လုပ်လိုက်ရင် Zawgyi Font iOS အသစ်ဖြစ်နေတာကို တွေ့မှာပါ။ Upgrade လုပ်လိုက်ပါ။ ပြီးရင်တော့ အောက်က keyboard file ကို download ချပါ။
keyboard

Zip ကို ဖြည်လိုက်ရင် file ၈ ခုပါပါတယ်။

အဲဒီ ၈ files ကို /System/Library/Frameworks/UIKit.framework/ ထဲကို ထည့်လိုက်ပါ။ ပြီးရင် restart ချပါ။

ပြန်တက်လာရင် Setting > General > Keyboard > International Keyboard > Add New Keyboard > Czech ကို ရွေးလိုက်ပါ။

ဒါဆိုရင် ဇော်ဂျီ keyboard ရပါပြီ။ alpha version ပဲရှိပါသေးတယ်။ Khmer iPhone Project အကူအညီနဲ့ အရင် iKeyEx ကို native ပြောင်းထားလိုက်တာပါ။ အရင်ကဟာနဲ့ အတူတူပါပဲ။

နောက်ပိုင်း full version ဆိုရင် keyboard မှာ က ကို ဖိထားလိုက်ရင် က –္က ဆိုပြီး ပေါ်လာပါမယ်။ အဲဒါဆိုရင် စာရိုက်ရတာ ပိုအဆင်ပြေမယ်ထင်ပါတယ်။ အခုတော့ အစမ်းလုပ်ထားတာ။ အပေါ်က keyboard files ထဲမှာတော့ မပါသေးဘူး။

ကျွန်တော့်ဆီကို ကို ဝေဖြိုးလင်း လုပ်ထားတဲ့ keyboard screenshot တွေ ပြသေးတယ်။ သူ့ဟာကတော့ တော်တော်မိုက်တယ်။ ကျွန်တော်ကတော့ အရင် အဟောင်းကိုပဲ ပြောင်းပြီး စမ်းထားတာပဲ။ သူ့ လက်ကွက်က လက်ရှိ ဇော်ဂျီ လက်ကွက်နဲ့တူတယ်။ သူ ပြီးသွားရင် သူ့ဆီက တောင်းပြီး ကျွန်တော့် cydia.macforus.com repo ထဲမှာ တင်ထားပေးပါမယ်။ သူ လုပ်ထားတာလေးတွေကို အောက်မှာ ကြည့်လို့ရပါတယ်။


သူ့ကိုတော့ Persia keyboard ရေးတဲ့သူ Alireza Shafaei က မူရင်း keyboard ကိုပေးတယ်လို့ ဆိုပါတယ်။ သူ့ဟာလည်း ပြီးတော့မယ်ထင်တယ်။

ကျွန်တော်လည်း iPhone မရှိတာနဲ့ မလုပ်တော့ဘူးဆိုပြီးထားတာပဲ ရုံးက စမ်းဖို့ဆိုပြီး iPhone 3Gs တစ်လုံးပေးထားတာနဲ့ စမ်းဖြစ်ရင်းနဲ့ ရသွားတာပါ။ ဝမ်းနည်းစရာက ခမာ project ကို ဆက်မလုပ်တော့ပါ။ iPhone 4.2 မှာ ခမာ keyboard နဲ့ font ကို စပြီး support လုပ်ပါပြီတဲ့။ နောက်ဆိုရင် မေးစရာနေရာ တစ်နေရာ ပျောက်ပြန်ပြီပေါ့။ ကျွန်တော်တို့ မြန်မာတွေလည်း တချိန်မှာ ပါလာမယ်လို့ မျှော်လင့်ရင်း jailbreak keyboard လေးပဲ သုံးရတာပေါ့ဗျာ။ iPad အတွက်က Alireza Shafaei ရဲ့ သူငယ်ချင်းက စမ်းနေတယ်ပြောတယ်။ ရသွားရင်တော့ inform လုပ်ပေးမယ်။ ကိုယ့်ဘာသာကိုယ် လွယ်လင့်တကူ လုပ်လို့ရအောင် စမ်းနေတာ မပြီးသေးလို့တဲ့။ iPad အတွက်က iPhone နဲ့မတူဘူး။ dylib complie လုပ်ဖို့ လိုတာလည်း ပါတယ်။

ဒီနေ့တော့ alpha ပဲဗျာ။ အခုတော့ အိပ်ပြီ။ Good Night!!!

12 Comments

  1. Onlinegolligolli says:

    WOW very thank you bro

  2. Koyinnaw Khinlaynge says:

    ကျေးဇူး အထူးအထူး တင်ရှိပါတယ်.. အစ်ကိုရေ….

  3. Nyinyi says:

    thx bro.. u’re hero…! :D

  4. Taka11214 says:

    bro…
    How to do on အဲဒီ ၈ files ကို /System/Library/Frameworks/UIKit.framework/, because I’m using iphone version 4.1.

    1. saturngod says:

      need jailbreak .. and install openssh from cydia. You can read how to use openssh from http://atomicdevelopment.net/blog2/2009/07/20/ipod-touch-jailbreaking-ultimate-guide-in-burmese/

  5. Mgaung says:

    ကျေးဇူးပါ ကွျှန်တော် လုပ်ကြည်တာရတယ်

  6. Min Myat says:

    Bro! How about iOS 4.0.1. I haven’t update yet to iOS 4.1. But iOS 4.2 is out now. So, I have no chance to use it..:(

    1. saturngod says:

      should work on iOS 4.0.1. Before you do , upgrade it.

  7. Paytue says:

    ကျတော်ဖုန်းမှာ လက်ကွက်နေရာမှာ ???? တွေပဲပေါ်နေတယ်။ စာကတော့ ရိုက်လို့ရတယ်။ လက်ကွက်မှာ က ခ လက်ကွက်တွေ ပေါ်ရမှာ မပေါ်ဘူး။ ဘာဖြစ်လို့လဲဗျ။ ကိုစေတန် ကီးဘုတ်ကော ကိုဝေဖြိုးလင်း ကီးဘုတ်ကော အတူတူပဲ။။။။။ ဘာကြောင့်လဲဗျ

  8. Paytue says:

    ဖွန့် အပ်ဒိပ်လုပ်လိုက်တာ အိုကေသွားပြီ ဆေားဒီး

  9. Cydia က Changes အောက်မှာ သွားပြီး Zawgyi Font iOS ကို ဒေါင်းတဲ့အခါမှာ Size Mismatch ပဲပေါ်နေတယ် .. ၃.၄ ခါလောက် ထပ်လုပ်လဲ အဲဒါပဲ ဖြစ်နေတယ် .. ကျွန်တော် တစ်ယောက်ပဲ အဲလိုဖြစ်နေတာလား .. ဒါမှမဟုတ် ဘယ်နေရာမှာလွဲနေလဲဆိုတာလေး ထောက်ပြပါဦး

    1. Anonymous says:

      remove source and then add again.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.