ခဏနားမယ်

အခုတလော ကံဆိုးခြင်းများအပြင် စိတ်ပျက်ဖွယ်ရာ ကံဆိုးမှုတွေ ခဏခဏ ကြုံနေရတယ်။ တစ်ခါတစ်လေ ဘယ်လိုဖြေရှင်းရမှန်းမသိဘူး။ ကျွန်တော့် ကိစ္စတွေကို ကျွန်တော် အရင်ဖြေရှင်းအုံးမယ်။ ပြီးမှပဲ အခြားသူကိစ္စတွေ မျှဝေတာတွေ လုပ်နိုင်တော့မယ်။ ကိုယ့်ဗိုက်ပြည့်မှပဲ အခြားသူဗိုက်ကို ဖြည့်ပေးတတ်တာ လူ့ဘဝပါလားနော်…. ကျောင်းသားဘဝနဲ့ မတူတော့ဘူ… ကျောင်းသားဘဝက လူမှုရေး ၊ ငွေကြေး ၊ ပညာရေးဆိုတာတွေကို ဂရုမစိုက်ပဲ ရပ်တည်နိုင်တယ်။ ကျောင်းပြီးတော့ ကိုယ့်ဘဝ ကိုယ်ကျောင်းတဲ့အခါ အရင်ကလို လွတ်လပ်စွာမနေနိုင်တော့ဘူး။ ဘဝရဲ့ တာဝန်တွေ လူမှုရေးတွေ ပညာရေးတွေ အဓိကတော့ စီးပွားရေး စတာတွေ ပါဝင်လာပြီ။ တစ်ခုခုအဆင်မပြေတာနဲ့ တခြားကိစ္စတွေကို လှည့်မကြည့်နိုင်တော့ဘူး။ ကျွန်တော် အကုန်လုံးအဆင်ပြေရင်တော့ ပြန်လာခဲ့မယ်ဗျာ…

5 responses to “ခဏနားမယ်”

  1. အားလုံးအဆင်ပြေပါစေဗျာ…

    အားလုံး OK သွားရင် အမြန်ပြန်လာခဲ့ပါ…….

    :)

  2. ဘာဖြစ်တာလဲကွဲ့ .. ဘာမှမသိရပါလား။ အိုနာဂိုင်းနဲ့ အလုပ်ရှုတ်နေတယ်ထင်နေတာနော် ..။

    1. ပြောရက်လိုက်နာ.. အိုနာဂိုင်းတဲ့… မသိရင် အိုနာကျိုးကန်းဖြစ်တော့မယ်… :D အိုနာဂျီ ပါဗျ… :P

  3. ပြန်လာခဲ့ဗျား စောင့်နေမယ်

  4. လွန်းသွေး Avatar
    လွန်းသွေး

    အဆင်ပြေမှပြန်လာမယ်ဆိုတာတော့မလုပ်ပါနဲ့ဗျာ။ အခက်အခဲကိုလည်း ကျော်ဖြတ်ရင်း အကို့ site လေးကိုလည်း update လုပ်ရင်းပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့လို end user လေးတွေကိုမျက်နှာသာပေးပါဦး။ အရမ်းအလုပ်မရှုပ်ဘူးဆိုရင်ပေါ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading