စိတ်ကုန်တယ်…

အော်… စီးပွားဖြစ်….

ပူးပေါင်းခြင်းက နတ္ထိ….
ကူညီမှုက ပါးစပ်ဖျား…
အလကားဆို ထိပ်ဆုံးက….
လိုင်စင်တွေ ဘေးဖယ်ထား…
ငါလုပ်တာ ငါပိုင်တာ…
အမြဲအော်တတ်တယ်….
credit ဆို ဝေလာဝေး…
wiki ကိုမေ့ထားလိုက်….
ပြောချင်တာတွေ ပြောချထားလိုက်…
နာမည်ကြီးဖို့ ထိပ်ဆုံးကိစ္စ…
ငွေရှိရင် အရာရာဖြစ်လို့ထင်….
ဘဝ စည်းမျဉ်း….
ငွေနဲ့ဖြတ်လို့မရ….
လောက စည်းမျဉ်း…
ငွေနဲ့ ကျော်မရ…
ဒါကို မသိ….
သနားစရာ အတိ….

ဝေဖန်မှုဆို…
တံခါးပိတ်….
လေကန်မှုဆို…
ကြိုဆိုလို့….
လေထဲမှာ…
အိမ်တွေဆောက်လို့…
အနာဂတ်ကြီးလည်း…
အောင်မြင်လို့ပေါ့….

ကင်းလွှတ်ခြင်း

ဝေးရာကို ပြေးထွက်ချင်တယ်…
လေနှင်ရာ လွှင့်မျောလို့ပေါ့…
အတောင်မပါတော့….
လေနှင်ရာကို ငါကြောက်မိနေတယ်…
ငါ မသွားရဲဘူးလေ…

ဝေးရာမှာ နေလိုက်ချင်တယ်…
အရာရာကို လျစ်လျူရှုပြီးတော့ပေါ့…
ပြောရတာလည်း မောနေပြီ…
လုပ်ရတာလည်း ပန်းလှပါပြီ…
မအိပ်ရတာ ကြာလှလေပြီ…

အော်ငြီးရမှာ ကြောက်နေမိတယ်…
ငါ့အသံကို ကြောက်လှန့်သွားမှာ…
ဆိုးလို့ပါ…

အလုပ်ဆိုတာ ဘဝတစ်ပိုင်း…
ဘဝထဲမှာ မိသားစု…
အိမ်ဆိုတာ အဓိကအစိတ်ပိုင်း….
သူမရှိလို့ ငါ့အတွက်မဖြစ်ဘူးလေ…

မိုးချုပ်ချိန်….
ပြန်လာတာကို စောင့်နေတဲ့ အမေ….
ညကြီး မိုးချုပ်…
ထမင်းခူးပေးတဲ့ အဖွား….
အားနာမိပါတယ်…

အိမ်အတွက်….
လုပ်ပေးခဲ့တာ…
ရေတွက်ကြည့်တော့…
အော်…
လက်ငါးချောင်းတောင်…
မပြည့်ရှာပါလား…

မောင်နှမတွေရဲ့ ငြူစူမှု…
ငွေရှာနိုင်တဲ့…
အထက်ကသူ…
သူပြောတော့လည်း…
ခေါင်းငုံနေရုံပဲလေ…

အိမ်အတွက် အပင်ပန်းခံပေးတဲ့…
အောက်ကသူ…
သူပြောတော့လည်း…
အားနာမိတယ်…

သီချင်းလေး အော်ငြီး…
ဘဝကို လွယ်လွယ်ကူကူ…
ဖြတ်ကျော်ချင်တယ်…
ဒါဟာ အိမ်မက်ပါ…

စေတန်နတ်ဆိုး…
ဘာကြောင့်ဆိုးလဲ…
စဉ်းစားဘူးလား…

ဇူးနတ်မင်းကြီး…
သမိုင်းလှန်ကာ…
ရေးသားခဲ့သလား…
ငယ်စဉ်ချိန်က…
စဉ်းစားဘူးတယ်…

အောင်မြင်တွေ…
ပျောက်ဆုံး…
ဆုံးရှုံးမှုတွေအပြည့်နဲ့…
ရောမကို ထွက်ခွာ…
အော်…
စေတန်ရယ်…

ဘဝစည်းစိမ်…
မက်မောလွန်းလို့လား…
ကံကြမ္မာက ဖန်တီးတာလား…
ငါမသိဘူး…
သိလိုက်တာက….
ဆုံးရှုံးချိန်တန်ရင် ဆုံးရှုံးရမှာပဲလေ…

ကိုယ့်ဘဝကိုယ်ကြောင်း…
ကိုယ့်ခြေထောက်ကိုယ်ရပ်…
ငယ်စဉ်အခါ ကြွေးကြော်ဖူးတယ်…
အိမ်မက်တွေကို…
အဖေနဲ့ အမေဆီကို…
မက်ခွင့် ငါပေးခဲ့တယ်…
ငါရှက်လှပါတယ်…

နာမည်တစ်ခု ရင်မှာပိုက်လို့…
ငွေကြေးလက်မဲ့ ငါ့ဘဝလား…
လက်ဖြန့်တောင်းရတာ…
ရှက်လှပါတယ်…

အောင်မြင်နေတဲ့ သူငယ်ချင်း…
ငါမင်းအတွက် ဂုဏ်ယူတယ်…

အိမ်နဲ့ ဝေးရာ ထွက်ခွာသွားပြီ…
company အတွက် လူစွမ်းကောင်း…
အိမ်အတွက် ဂုဏ်ပုဒ်…
နောက်သူငယ်ချင်းတစ်ယောက်
မင်းအတွက် ဂုဏ်ယူတယ်…

အိမ်ရဲ့ အဓိကမဏ္ဍိုင်…
ပင်မသွေးကြော…
ရပ်တည်ပေးတဲ့….
ငါ့ချစ်သူငယ်ချင်း….
မင်းအတွက် ဂုဏ်ယူပါတယ်…

လူတိုင်းမလုပ်နိုင်တဲ့ ကိုယ်ပိုင်လုပ်ငန်း…
ကိုယ်ပိုင်အရည်အချင်း…
ငွေကြေးအင်အား…
တောင့်တင်းလာတဲ့…
ငါ့သူငယ်ချင်းတစ်ယောက်…
မင်းအတွက် ဂုဏ်ယူပါတယ်..

မင်းတို့ ပင်ပန်းရတာ…
ငါသိပါတယ်…
အိမ်အတွက် မရှိမဖြစ်….
ဝန်တွေကို မင်းတို့ ထမ်းကာ…
နေရတာလည်း ငါသိပါတယ်…

အကုန်လုံးက ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ဆုံးမှာ…
ငါ့အောက်ကို ငါမကြည့်ချင်ဘူး…
ငါ့အပေါ်ကို တက်ဖို့ကြိုးစားရမယ်လေ…
ငါတက်နိုင်မှာပါ…

တစ်ခါတစ်ရံ….
ငယ်စဉ်ဘဝ….
ငါသတိရလို့….
ပျော်စရာအတိပေါ့…
ဝန်ဆိုလို့ ကျောင်းစာပဲပေါ့…

တနေ့တခါ စာလေးဖတ်လို့..
တီတီတာတာ စာလည်း ရွတ်ကာ….
ချီးကျူးသံကြောင့် အပြုံးအတိ….
ငယ်ဘဝကို… တမ်းတမိတယ်…

ငါ့အဘကို…
ငါလေးစားတယ်…
သူ့ကိုလည်း အားနာမိတယ်…
ငယ်စဉ်အခါ ဝန်ထုပ်ကြီးတွေ….
ပစ်ပေးခဲ့ဘူးတယ်….

အခုအချိန်…
ကျေးဇူးတစ်ပဲ… မဆပ်ရသေး…
တနေ့တချိန်… ဆပ်ခွင့်ကြုံချင်သေးပါတယ်..

ပညာတတ်တော့…
ငွေကြေးလိုတယ်….
ငွေကြေးရှာတော့…
ပညာလိုတယ်…

ပညာတတ်နဲ့ ငွေရှင်အကြား…
ထိန်းချုပ်ခက်တာ…
ဓမ္မတာပဲလေ…

တစ်ခါတစ်ရံ…
အကုန်ပစ်ထား…
ဘဝအတွက်တာ…
လုပ်ချင်ပါတယ်…

အဖေဂုဏ်တက်စရာ…
သူ့အပေါင်းအသင်းကြား…
ကြွားစရာလေးတစ်ခု…
ဖြစ်ချင်ပါရဲ့…

PS: remastersys လုပ်နေတာပြီးအောင်စောင့်နေရင်းနဲ့ ရေးမိလိုက်တာလေးပါ… ရေးပြီးတဲ့အထိ ၁၀% ပဲရှိသေးတယ်… :(

One response to “စိတ်ကုန်တယ်…”

  1. ဗျို့ ကိုစေတန် .. ကဗျာလာဖတ်သွားတယ် .. စိတ်မကောင်းစရာလို ခံစားရတယ်၊ ကိုစေတန် အဆင်ပြေပါစေ .. အောင်မြင်ပါစေ ကိုစေတန် ..

    အကောင်းဆုံးဆန္ဒများဖြင့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.