စိတ်ချမ်းမှုကို ငွေကြေးပေးပြီး ဝယ်ယူပါ

လွန်ခဲ့တဲ့ ၁ နှစ် April 27 2008 …..

အဖွားက
“ရော့… ၁၂ သိန်း… laptop ဝယ်ချင်တယ်ဆို… သွားဝယ်တော့….”
“တကယ်….”
ဘယ်လိုပျော်လို့ ပျော်သွားမှန်းမသိဘူး… ဒါနဲ့ ဘာ brand ဝယ်ရင်ကောင်းမလဲ… လက်ထဲမှာလည်း ၁၂ သိန်းပဲ ပါတယ်။ အကောင်းစားမဟုတ်ရင်တောင် VisualStudio , Dreamweaver , photopshop သုံးလို့ရတဲ့ laptop လောက်တော့ ဝယ်လို့ရပါတယ်။ LEO မှာ သွားကြည့်ဘူးတယ်။ Dell တွေ international warranty ပေးတယ်ဆိုပေမယ့် Dell delar မဟုတ်တော့ warranty ပေးလည်း အခုဖြစ် အခုလဲ မဟုတ်လောက်ဘူး။ ပြန်ပို့တာနဲ့ ဘာနဲ့ ကြာအုံးမယ်။ ဒါကြောင့် Accer,Dell,HP စတာတွေအကုန် စိတ်မဝင်စားတော့ပဲနဲ့ Toshiba ဝယ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ Toshiba က internataional warranty ရှိတယ်။ မြန်မာနိုင်ငံမှာလည်း Lucky Bird က တရားဝင် delar ဆိုတော့ စိတ်ချရတယ်။ အခြား brand တွေထက် နည်းနည်းဈေးပိုကြီးတယ်။ ဈေးကြီးပြီး အခြား brand တွေလောက် စွမ်းဆောင်ရည် မပေးနိုင်ဘူး။ ဒါပေမယ့် ဒီနိုင်ငံမှာ comapny ရှိတယ်ဆိုတဲ့ အချက်ကြောင့် ဝယ်လိုက်တယ်။ ဝယ်ချင်တာက ၁၃ သိန်း တန်တဲ့ ၁၃ လက်မ laptop လေး။ Intel core 2 duo 1.8 လားမသိဘူး။ Memory 2 GB ။ Harddisk 320 GB။ Graphic card ကတော့ intel ပဲ။ ဘယ်လောက်လဲတော့ မမှတ်မိဘူး။ လက်ထဲမှာ ပါတာနဲ့လောက်တဲ့ ၁၀ သိန်းပဲတန်တဲ့ ၁၄ လက်မ Satellite M200 ကို ဝယ်လိုက်တယ်။ Intel Core duo 1.6။ Memory 1 GB။ harddisk 120 GB။ Graphic card ကတော့ intel ပဲ။ graphic အဓိက သုံးမှာ မဟုတ်တဲ့အတွက်ကြောင့် လက်ထဲမှာ ရှိတဲ့ ပိုက်ဆံနဲ့ ကိုက်တဲ့ဟာနဲ့ပဲဝယ်လိုက်တယ်။ အဲဒီ Laptop လေးဟာ ကျွန်တော်နဲ့ အချိန်တိုင်းအမြဲရှိခဲ့ပါတယ်။

Lucky Bird မှာ ဝယ်ခဲ့တုန်းက အဲဒီ စွမ်းဆောင်ရည်နဲ့ အခြား brand က ဈေးသက်သာနေပေမယ့် warranty ကို သဘောကျလို့ ဝယ်ခဲ့တယ်။ ဝယ်ခဲ့တဲ့အတိုင်း ကျေနပ်မှု ရတာတော့ အမှန်ပဲဗျ။ ကျွန်တော့်လက်ထဲမှာတင် keyboard တစ်ခေါက်ပျက်တယ်။ ချက်ခြင်းပြန်လဲပေးတယ်။ နောက်ပြီး laptop ဖွင့်ရတာ ပိတ်ရတာ ပြဿနာတက်တယ်။ အဲဒါကို ပြင်တာ ၁ ရက်ပဲကြာတယ်။ ဖွင့်ပိတ်ဆိုတာက windows ကို ပြောတာမဟုတ်ဘူးနော်။ LCD ဖွင့်ပိတ်ကို ပြောတာ။ နောက်ပြီး DVD drive မရတာ။ အဲဒါကတော့ ၁ လလောက်ကြာတယ်။ Japan ကနေ ပြန်မှာရလို့တဲ့။ Toshiba မှာ ဝယ်ရတာ ဆက်ဆံရေးလည်း ကောင်းကြတယ်။ warranty ပြန်လာလို့ စိတ်ဆိုးတာတွေ စကားအကောင်းမပြောတာတွေ မရှိဘူး။ ဝန်ဆောင်မှုကောင်းတယ်လို့ ဆိုလို့ရတယ်။ ဘာပဲပြောပြော Keyboard, DVD drive အလကားပြန်ရတဲ့ မျက်နှာလေးကြောင့် ကျွန်တော် အခမဲ့ရှေ့နေလုပ်လိုက်ပါတယ်ဗျာ။ ၁ နှစ်ကျော်လို့ warranty ကုန်သွားတာတောင် စိတ်မကောင်းဘူးဗျာ။ နောက်တစ်ခါ ပျက်ရင် ပိုက်ဆံ ကုန်ဖို့သာပြင်ထားပေါ့…. :P

2 responses to “စိတ်ချမ်းမှုကို ငွေကြေးပေးပြီး ဝယ်ယူပါ”

  1. khet myint myint Avatar
    khet myint myint

    လွန်ခဲ့သောတစ်နှစ် ဆိုပြီး နေ့စွဲတပ်ထားတာ ၂၀၀၉ ဧပရယ် ဖြစ်နေတယ်။

  2. :D ပြင်လိုက်ပြီ… sorry :P မသိလိုက်ဘူး…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.