ဘာသာစကားနောက်တစ်ခုသို့ ကူးပြောင်းရာဝယ်

Programming တစ်ခုကနေ တစ်ခုကို ကူးပြောင်းပြီဆိုရင် ချက်ခြင်းဆိုသလို ကူးပြောင်းရခက်တယ်။ လေ့လာရခက်ခဲတာတွေရှိတယ်။ ဟိုမှာတုန်းက ဒီလို။ ဒီမှာက မရတော့ဘူး။ အဲဒီcode ကို ဟိုမှာရေးလိုက်ရင် ဒီလိုရတယ်။ ဒီမှာတော့ မရဘူး။ ဟိုမှာတုန်းက ရိုးရိုးလေး စဉ်းစားရုံပဲ။ ဒီဟာကတော့ အများကြီး လျှောက်လုပ်နေရတယ်။ စသည်ဖြင့် စိတ်အနှောင့်အယှက်တွေ ရှိစမြဲဗျ။ ကျွန်တော် VB 6 ကနေ VB.NET ပြောင်းတုန်းကလည်း အရမ်းခက်ခက်ခဲခဲကြီး မဟုတ်ပဲ ရွှေ့ပြောင်းနိုင်ပါတယ်။ OOP concept တွေတော့ လိုတာပေါ့။ VB6 နဲ့တင် တစ်နှစ်ကျော်လောက် ရေးဘူးတယ်။ လေ့လာဘူးတယ်။ နောက်တော့ VB.NET 2003 ပြောင်းတယ်။ အဲတုန်း .NET 2003 မှာ ရေးသားရပုံတွေက အသစ်ဖြစ်တာကြောင့် ခက်ခဲဘူးတယ်။ Java ကို လေ့လာတယ်။ အစထိပဲ လေ့လာဖြစ်တယ်။ ခေါင်းထဲလည်း မစွဲဘူး။ နည်းနည်းပါးပါး OOP concept ရရုံလောက်ပဲ ရတယ်။ ကျောင်းတုန်းက C++ လေ့လာရတယ်။ VB 6 နဲ့ အပြိုင်ဆိုတော့ တချို့ဟာလေးတွေ အစမ်းဖြစ်နေတယ်။ variable declar အပိုင်းတို့ class ပိုင်းတို့မှာပေါ့။ နောက်ပြီး function တွေ ခေါ်တဲ့နေရာမှာတွေလည်း အခက်အခဲလေးတွေ ဖြစ်တတ်တယ်။ ဒါပေမယ့်လည်း လေ့လာလို့ရပါတယ်။ .NET 2005 ရောက်တော့ C# ကို လေ့လာဖို့ လုပ်တယ်။ အစပိုင်းလောက်ပဲရတယ်။ ပြောင်းလို့ကို မရဖြစ်နေတာ။ လေ့လာရတာ နည်းနည်းခက်ခဲနေသလိုပဲ။ VB.NET မှ VB.NET ဖြစ်နေတာကြောင့်နဲ့တူတယ်။ နောက်ပြီး ASP.NET ကို လေ့လာသေးတယ်။ ရတော့ရတယ်။ ဒါပေမယ့် မကျွမ်းကျင်ဘူး။ ဘာဖြစ်လို့မှန်းကို မသိတာဗျာ။ 2007 နှစ်လယ်လောက်တော့ လောက်တော့ PHP လေ့လာတာကတော့ ခဏလေးပဲ ရသွားတာပဲ။ Perl ကိုလေ့လာဘူးတာကြောင့်လည်း ပါမယ်ထင်တယ်။ ကြားထဲမှာ ROR,Ruby လေ့လာဘူးတယ်။ ဒါပေမယ့် OOP , MVC စတာတွေကြောင့် လက်တွန့်ပြီး မရခဲ့ဘူး။ အချိန်တော်တော်များများ လေ့လာဘူးပေမယ့် ဘာလို့ မရတာလဲဆိုတာ အဲတုန်းက မစဉ်းစားခဲ့မိလိုက်ဘူး။ အခုအချိန်မှာ C# လေ့လာလည်း လွယ်လွယ်လေးပဲ။ ASP.NET (C#) ကလည်း လွယ်နေတာပဲ။ Python ဖတ်ကြည့်လိုက်တော့လည်း ရနေတာပဲ။ Python ကိုC# ပြီးမှ အားရင် ဖတ်ဖို့ လုပ်ထားတာ။ အခုအချိန်မှာ လေ့လာရတာ အရမ်းကို လွယ်သွားတယ်။ အရင်ကလို မဟုတ်တော့ဘူး။ အဓိက ကျွန်တော်တို့ Programming Langauge တစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းတဲ့အခါမှာ အစွဲကပ်နေတာကြောင့် ပြောင်းရခက်နေတယ်။ တစ်ခုနဲ့ တစ်ခုကို အမြဲ ချိန်ညှိနေတယ်။ ဟိုမှာက ဒီလို။ ဒီလိုမှာက ဒီလို။ အဲလို ချိန်ညှိနေတာကြောင့် လေ့လာရမှာ ထင်သလောက်မပေါက်ဘူးဗျ။ ကျွန်တော်တို့တွေအနေနဲ့ ကူးပြောင်းလေ့လာတဲ့အခါမှာ အရင်က လေ့လာဘူးတာတွေကို ခဏလောက်မေ့ထားလိုက်သင့်တယ်။ ပြီးရင် လက်ရှိ လေ့လာနေတဲ့ code ကိုပဲ တစ်စိုက်မတ်မတ်လေ့လာသင့်တယ်။ အရင်က langauge နဲ့ ပြန်ပြီး မချိန် နေနဲ့။ အရင်က language ကို အရင်က langauge အတိုင်းထား။ အခု လေ့လာနေတဲ့ langauge ကို အသစ်အနေနဲ့ပဲထားလေ့လာသင့်တယ်။ အတိတ်ကို ခဏလောက်မေ့ထားလိုက်။ မလိုအပ်ပဲ ထုတ်ထုတ်စဉ်းစားနေမိရင် လက်ရှိမှာ လာထိခိုက်တတ်တယ်။ လုံးဝ မေ့ပလိုက်ဖို့ ပြောတာမဟုတ်ပါဘူး။ ခဏလောက်တော့ မေ့ထားသင့်တယ်။ Programming Langauge တစ်ခုကို အရမ်းကျွမ်းကျင်သွားတဲ့အခါမှာ နောက်တစ်ခုကို လေ့လာရာမှာ နည်းနည်းခက်ခဲတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်တတ်ကျွမ်းလွန်းတဲ့ Language ကို မမေ့နိုင်ပဲ လက်ရှိ လေ့လာနေတဲ့ Lnagauge ထဲ ရောရောဝင်လာတယ်။ အဲဒီအခါ.. ဟွန်း… ဒါက ကောင်းလည်းမကောင်းဘူး။ ဟိုမှာဆို ဒါကို အလွယ်လေးရေးလို့ရတယ်။ ဒီအပိုင်းက ဒီမှာ ရေးရတာ တိုပေမယ့် Logic က ဟိုမှာ စဉ်းစားရတာ လောက်မလွယ်ဘူး… ဆိုတာတွေ ဖြစ်လာတတ်တယ်။ အရင်က MVC အပိုင်းတွေကို နားမလည်ခဲ့တာဟာ ကျွန်တော် ကျွမ်းကျင်တဲ့ RAD (Rapid Application Development) ကို မမေ့ပျောက်နိုင်လို့ပါ။ C# ကို လေ့လာဖို့ ဆိုရာမှာလည်း VB.NET အတိုင်းပဲ စဉ်းစားပြီး ရေးနေမိလို့ပါ။ အဲဒီအခါမှာ statememnt အဆုံးမှာ ; တွေထည့်ဖို့ ကျန်ခဲ့တာတွေ။ variable declar လုပ်တာမှားကုန်တာတွေ ဖြစ်ကုန်ကော။ VB.NET နဲ့ C# ကို ရောမိလိုက်တဲ့အတွက် ကြောင့် လေ့လာရမှာ လျင်မြန်သင့်သလောက် မမြန်ပဲ ထောက်ထောက်နေတတ်တယ်။ အသစ်တစ်ခုကို လေ့လာတော့မယ်ဆို အကျွမ်းအကျင်ဆုံးဟာတွေကို အတိတ်မှာ ခဏထားခဲ့လိုက်ပါ။ ဒါမှသာ နောက်တစ်ခုကို လွယ်လွယ်ကူကူ လေ့လာနိုင်မှာပါ။ ဒါပေမယ့်လည်း ကိုယ့်ကျွမ်းကျင်တဲ့ဟာတွေက concept အနေနဲ့ ကျန်ခဲ့မှာပါ။ ကျွန်တော့်အတွက်တော့ အဓိက အရေးကြီးဆုံးဟာ concept ပါပဲ။

2 responses to “ဘာသာစကားနောက်တစ်ခုသို့ ကူးပြောင်းရာဝယ်”

  1. thz bro !!

  2. ်So, the word “Flexible” is more essential today.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.