အင်္ဂလိပ် မြန်မာ အဘိဓာန် သို့မဟုတ် Ornagai

အင်း… ပြောစရာမလိုဘူး ထင်လို့ မပြောပဲ နေခဲ့တာ… ကြားပေမယ့် မလိုဘူးထင်လို့ မပြောပဲ နေခဲ့တာ …. ခက်တယ်… ရှင်းဆိုလည်း ရှင်းရတာပေါ့..

Ornagai မပေါ်လာခင် လွန်ခဲ့တဲ့ ၃ နှစ်လောက် …. ၁၂ လ ပိုင်း ၂၀၀၇ တုန်းက စည်သူ က ကျွန်တော့်ကိုပြောတယ်။ သူ babylon အတွက် dictionary တစ်ခု လုပ်ချင်တယ်။ ဒါပေမယ့် ရိုက်ထားတဲ့စာတွေ မရှိဘူး။ စာတွေ ရှိရင် Babylon builder နဲ့ ပြောင်းပြီး babylon အတွက် လုပ်ပေးနိုင်တယ်လို့ ပြောခဲ့တယ်။ အဲတုန်းက ဘာသွားတွေ့လဲဆိုတော့ မြန်မာစာ အဖွဲ့က ထုတ်ထားတဲ့ English Myanmar Dictionary ကို သွားတွေ့တယ်။ စည်သူက အထဲက ရေးထားတဲ့ font က Kannaka font ဖြစ်နေတယ်။ နောက်ပြီး ကျွန်တော်တို့ ၂ ယောက် လိုချင်တဲ့ ပုံစံ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ English Myanmar Dictionary မှာ စာလုံးတွေက adj , adv တွေ ခွဲထုတ်ထားတာ မဟုတ်ဘူး။ စာလုံး တစ်ခုထဲမှာ adj က ဘာ adv က ဘာဆိုပြီး ထပ်ရှင်းထားတာ။ အဲဒါကို ပြောင်းလိုက်ရင် search လုပ်တဲ့အခါမှာ စာလုံးတွေ ရှာတွေ့တော့ မှာ မဟုတ်ဘူးလို့ စည်သူ နဲ့ ကျွန်တော် တိုင်ပင်ခဲ့တယ်။ ဒါနဲ့ စည်သူက MZ မှာ တင်မယ်ကွာဆိုပြီး တင်လိုက်တယ်။ အဲဒီ post က အခုထက်ထိ ရှိနေတုန်းပဲ။

အဲတုန်းက ပထမ အကြော့ ရိုက်ခဲ့တုန်းက လူတွေပေါ့

A sithu015 (Complete)
B thuthu (Complete)
C aTxIvG4001 (Progress…)
D Zulu , computer crazy (Complete)
E khunmk (Cmplete…)
F thuyaaung , Saturngod (Complte)
G aTxIvG4001(Complete)
H aTxIvG4001(Complete)
I Saturngod (Complete) , thuthu(ip to end Complete) , maxonline (infuriate to in end Complete)
J sthanm (Progress…)
K layong (Complete)
L layong (Pogress…)
M aTxIvG4001 (Complete)
N sawyannaing25 (Progress…)
O aTxIvG4001(complete)
P aTxIvG4001(Complete)
Q Saturngod (Complete)
R aTxIvG4001(Complete)
S aTxIvG4001(Complete)
T aTxIvG4001(complete)
U sithu015 + silvermoon (Complete)
V computer__crazy(complete)
W aTxIvG4001(Complete)
X computer__crazy(Complete)
Y Saturngod (Complete)
Z computer__crazy (Complete..)

အဲဒီ ပထမ အကြောင့် ပြီးုဖို့ ကျွန်တော်တို့၂ လ လောက် ရိုက်ခဲ့ရတယ်။

ပထမအကြောင့်မှာ ကို Mark က http://em1.mmdictionary.com ဆိုပြီး ကူပြီး ရေးခဲ့ပေးတယ်။ MZ က data တွေကို online မှာ ရှာလို့ရအောင်ပေါ့။ အဲတုန်းက ကျွန်တော်လည်း PHP ကို စလေ့လာခါစဖြစ်သလို ajax ဆိုတာ ကို သိရုံလေးပဲသိပြီး ကောင်းကောင်းမရေးတတ်တဲ့ အချိန်ပေါ့။ mmdictionary.com ကိုတော့ ကို ဒီဘီ ဝယ်ပေးခဲ့တာ။ နောက်ပိုင်း Ornagai လို့နာမည် ပြောင်းသွားပြီး mmdictionary.com ကို အသုံးမပြုလို့ သူ့ စေတနာကို စော်ကားပါတယ်ဆိုပြီး ကိုဒီဘီ နောက်သေးတယ်ဗျ။ အဲဒီတုန်းက ကိုဒီဘီက သူ့မဒီ လေး နာမည်စတဲ့ စာလုံးရိုက်မယ်ပြောခဲ့ပေမယ့် မအားတာနဲ့ မရိုက်ပေးနိုင်ခဲ့ဘူး။ ဒါပေမယ့် သူ domain လှုမယ်ဆိုပြီး လှုခဲ့ပါတယ်။ အဲဒီ ၂ လ အတွင်းမှာ ပို့သမျှ စာလုံးတွေကို ကျွန်တော်တို့ တွေ စစ်ခဲ့ရတယ်။ စာလုံးပေါင်းတွေ စစ်ခဲ့သလို စာလုံးတွေကို babylon နဲ့ ညီအောင် ညှိခဲ့ရတယ်။ စည်သူကော ကျွန်တော် ကော တော်တော်လေး အချိန်ပြည့် အဲဒီ စာလုံးစစ်တာနဲ့ စာရိုက်တာကို လုပ်ခဲ့ရတယ်။ အဲဒီ အတောအတွင်းမှာ ကို computer crazier ကနေ တဆင့် ပုဒ္ဒမ္မာက admin က ဆက်သွယ်လာတယ်။ သူလည်း dictionary လုပ်နေတယ်။ သူမှာ English Myanmar Dictionary ( မြန်မစာ အဖွဲ့) က ထုတ်ထားတာတွေ အားလုံး ဇော်ဂျီပြောင်းပြီး သားတွေ ရှိတယ်။ သူ အခု script ရေးပြီး babylon အထဲကို ထည့်ဖို့ လုပ်နေတယ်လို့ ပြောတယ်။ ကျွန်တော်ကော စည်သူကော က ကျွန်တော်တို့လိုချင်တာက English Myanmar Dictionary က ပုံစံမျိုး မဟုတ်ဘူး။ လူတိုင်း လွယ်လွယ် အသုံးပြုလို့ရမယ့် Dictionary ။ ဒီ စာလုံးအတွက် n , v ,adj , adv နဲ့ အဓိပ္ပာယ် ပါရမယ်။ နောက်ပြီး English  Myanmar မှာက adj, adv တွေ ရှာလို့ မရဘူး လို့ ပြောခဲ့တယ်။ အဲဒါနဲ့ ပုဒ္ဒမ္မာက dictionary ဆိုပြီး သီးသန့်ထွက်လာခဲ့ပါတယ်။ ကျွန်တော်တို့လည်း MZ Dictioanry Alpha ဆိုပြီး ထုတ်ခဲ့တယ်။ Online မှာလည်း ရအောင် ကို Mark အကူအညီ နဲ့ ဖန်တီးခဲ့တယ်။ MZ ပထမနှစ်ပတ်လည်တုန်းက ကို ငွေထွန်းပြောလို့ ဂျာမနီ မြန်မာ Dictionary လုပ်တဲ့ သူကို ဆက်သွယ်ခဲ့တယ်။ သို့ပေမယ့် ဆက်သွယ်လို့ မရခဲ့ဘူး။

ကျွန်တော်တို့တွေ MZ Dictionary ဆိုပြီး ထုတ်ခဲ့တယ်။ လူတိုင်းကို data တွေ ပေးခဲ့တယ်။ Babylone အတွက် ပေးခဲ့တယ်။ နောက်ပြီး Stardict ကိုလည်း အဲဒီတုန်းက ရှာတွေ့ခဲ့ပြီး Linux အတွက်ပါ ရခဲ့တယ်။ Online အတွက် ကို Mark ရေးထားတဲ့ Dictionary sites လေးကို အသုံးပြုခဲ့တယ်။ စာလုံးရေပေါင်း ၁ သောင်း ၄ ထောင် သာ ရှိခဲ့တယ်။ အဲဒီနောက်မှာ ညမီးအိမ်က တချို့စာလုံးတွေ လွယ်တဲ့ စာလုံးတွေ ရှာမတွေ့ဘူး။ နောက်ပြီးတော့ စာလုံးပေါင်းတွေ မှားနေတယ်လို့ ပြောတယ်။ သူ အဲဒီ စာလုံးတွေ အကုန်ပြန်စစ်နေတယ်လို့ပြောပါတယ်။ အဲတုန်းက ကျွန်တော် ညမီးအိမ်ကို ပြောလိုက်သေးတယ်။ dictionary ထဲက အတိုင်း ပုံတူ မကူးချနဲ့ တချို့စာလုံးလေးတွေကို ကိုယ့် ပုံစံနဲ့ ကိုယ် ဖြည့်လိုက်လို့ ပြောခဲ့တယ်။ အဲဒီ နောက် အဲဒီ project ကို ညီမီးအိမ်တာဝန် ယူပြီး ၇ လပိုင်း ၂၀၀၈ ခု နှစ်မှာ ပြန်လည် အစဖော်ခဲ့တယ်။

ညမီးအိမ် စာလုံးတွေ စစ်နေတဲ့ အချိန်မှာ ဂျစ်စီ သူကူညီမယ်ဆိုပြီး thread အသစ်နဲ့ ဖွင့်ပြီး MZ မှာ ပြောလာခဲ့ပါတယ်။ အဲဒါနဲ့ ညမီးအိမ် ဦးဆောင်ပြီး လက်ရှိ data တွေကို စစ်တယ်။ ပြင်တယ်။ လိုတာ ထပ်ဖြည့် လုပ်လိုက်တာ အရင်ကထက် ပိုပြည့်စုံသွားတယ်။ သို့ပေမယ့် အဲတုန်းက စာလုံးရေ ၂ သောင်း ကျော်ကျော် ပဲ ရှိတယ်ထင်တယ်။ အဲဒီတုန်းက ရေးခဲ့တဲ့ သူတွေက

a – complete Gipsy(ပြည့်စုံ)
b – Update မစမ်းရေ
c – complete ညမီးအိမ်
d – ကို binary
e – complete ကိုရဲထက်
f – complete ကိုမိုးမြင့်ရှိန်း
g – complete Gipsy (ပြည့်စုံ)
h – ကိုတာယာ
i – complete မလေးလေး
j – complete မအွန်စော
k – ကို kzthet
l – available
m – ကိုရဲထက်
n – complete မနှင်းဆက်ပိုင်
o – မနှင်းဆက်ပိုင်
p – မနှင်းဆက်ပိုင်
q – ကိုတာယာ
r – complete ကို Orb.7
s – မအွန်စော
t – ကို MK杰
u – ကို MK杰
v – ကို MK杰
w – ကို MK杰
x – complete ညမီးအိမ်
y – complete ကို Orb.7
z – complete ကို Orb.7

ညမီးအိမ်ပေးတဲ့ data တွေ စုပြီး ကျွန်တော် babylon နဲ့ stardict တို့အတွက် ထုတ်ပေးခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်ကော စည်သူကော စဉ်းစားမိတာက data တွေ ဒီလိုမျိုး ရိုက်ထည့်တာက data duplication ဖြစ်နိုင်တယ်။ နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့် ကမ်းဖို့လည်း ခက်တယ်။ Online Dictionary data add လို့ရမယ့် online dictionary လိုတယ်ဆိုပြီး လိုက်ရှာကြတယ်။ Joomla , WordPress အပြင် အခြား dictionary တွေပါ ကျွန်တော်တို့တွေ စမ်းသပ်ခဲ့ကြတယ်။ တစ်ခုမှ အကြိုက်မတွေ့ခဲ့ဘူး။ အဲဒါနဲ့ ကျွန်တော် ကိုယ်တိုင် ရေးမယ်ဆိုပြီး စရေးခဲ့ပြီး  ၂၁ ရက် ၂ လ ၂၀၀၉ မှာ Ornagai ဆိုပြီး Online ပေါ်စတင်ခဲ့တယ်။ အဲဒီမှာ စပြီး register လုပ်ကာ data တွေကို ဖြည့်ခဲ့ကြတာပဲ။ ကျွန်တော်လည်း ပုံမှန် data တွေကို ထုတ်ပေးနေခဲ့တယ်။ သို့ပေမယ့်လည်း ထည့်တဲ့သူတွေထက် ပေါက်ကရ စာလုံးတွေ ဖြည့်တဲ့သူတွေက ပိုများလို့ ကျွန်တော် ဖျက်ရတာက ပိုများတယ်လို့ ဆိုရလိမ့်မယ်။

Ornagai data တွေက ညမီးအိမ်ပေးထားတဲ့ စာလုံးနှင့် ကျွန်တော်တို့ ပထမ အကြော့ ရိုက်ထားသော စာလုံးတွေ ပေါင်းထားပြီး တင်ခဲ့ပါတယ်။

MZ Dictioanry ကို Mobile ဖုန်းပေါ်မှာ စမ်းကြည့်မယ်ဆိုပြီး ကိုသာသာ က java နဲ့ စခဲ့တယ်။ Mobile ဖုန်းအတွက် ကိုသာသာ စတင်ရေးပြီး စမ်းသပ်နေတာက ၁ လပိုင်း ၂၀၀၉ ကတည်းကပါ။ သို့ပေမယ့် မြန်မာစာ မပေါ်လို့ release မလုပ်ပဲ ကိုသာသာ တစ်ယောက်တည်း စမ်းသပ် ရေးသားနေခဲ့တယ်။ ကိုသာသာ Beta vrsion ကိုရေးတာကတော့ ၂ ရက်လောက် ပဲကြာပါတယ်။

ကိုသာသာ ရေးပြီးတဲ့ နောက်မှာ အဲဒီ version က ဘယ်ဖုန်းတွေမှာ ရတယ် မရဘူးဆိုတာကို သိဖို့အတွက် ထုံးစံအတိုင်း MZ မှာ ကြေငြာခဲ့ပါတယ်။ ဖုန်းရှိတဲ့သူတွေက စမ်းသွင်းပေးကြပြီး ဘယ်ဟာရတယ် မရဘူးဆိုပြီး ပြောကြပါတယ်။ အဲဒီ နောက်ပိုင်းမှာ ကိုသာသာ Ornagai Mobile ဆိုပြီး ထပ်ထုတ်ခဲ့ပါသေးတယ်။ Ornagai က Data တွေကို ထပ်ဖြည့်ပြီး MZ Mobile Dictionary ကို Ornagai Mobile ဆိုပြီး နာမည်ပြောင်းထုတ်ခဲ့ပါတယ်။ နောက်ပြီးတော့ color တွေကိုလည်း Ornagai website ( ornagai website အဟောင်း ) အရောင်နဲ့ တူအောင် ပြင်ခဲ့တယ်။

2009 ခုနှစ် ဇူလိုင် လမှာ English Myanmar Translator ထွက်လာခဲ့ပါတယ်။ လူတော်တော်များများကလည်း စမ်းသပ်ခဲ့ကြပါတယ်။ ကို လူပျိုကြီးက အထဲမှာ dictionary ပါတယ်။ Open ပဲတဲ့။ အဲဒီ အထဲမှာ စာအသစ်တွေ ရိုက်ထည့်ပြီး train ရင်မဆိုးဘူးဆိုလို့ စမ်းကြည့်ခဲ့ပါတယ်။ စမ်းကြည့်ရင်း တစ်ခု စဉ်းစားမိတာက အဲဒီ  dictionary ကို Ornagai မှာ ပေါင်းလိုက်ရင် ပိုကောင်းသွားမယ်လို့ တွေးမိခဲ့တယ်။ ဒါနဲ့ သူ့ရဲ့ License ကို Website မှာက GPL လို့ ရေးထားတယ်။ အဲဒီတော့ Ornagai အတွက်လည်း အဆင်ပြေတယ်။ Ornagai ကလည်း data တွေကို ပြန်ထုတ်ပေးနေပါတယ်။ နောက်ဆိုရင် Ornagai website ကို Opensource ပေးမှာပဲ လို့ စဉ်းစားမိပြီး ပေါင်းဖို့ ဆုံးဖြတ်ခဲ့တယ်။

ပေါင်းဖို့ ဆုံးဖြတ်ရတာ လွယ်ပေမယ့် Access က data ကို MySQL နဲ့ ဘယ်လိုပေါင်းမလဲ။ Access က Unicode ။ MySQL က ဇော်ဂျီ သုံးထားတာ။ ဘယ်လို ပေါင်းမလဲ။ အဲဒီအတွက် ကျွန်တော် ကိုယ့်ဘာသာ ကိုယ် script ရေးပြီး အချိန်တော်တော်ကြာ အကုန်ခံခဲ့လိုက်ပြီး ပေါင်းဖြစ်သွားပါတယ်။ ကျွန်တော် data အကုန် မယူပါဘူး။ စာလုံး မထည့်ခင် Ornagai မှာ ရှိမရှိ အရင်ရှာတယ်။ မရှိမှ အဲဒီ စာလုံးကို ဖြည့်လိုက်တာပါ။ ဖြည့်ပြီးနောက်ပိုင်းမှာတော့ ၂ သောင်း ၄ ထောင် ကျော် စာလုံးက ၃ သောင်း နီးပါး ရောက်သွားပါတယ်။

ကို mark က ဇော်ဂျီ ၂၀၀၉ ကို ဖန်တီးရင်းနဲ့ wxpydict ကိုပါရေးခဲ့တယ်။ အဲဒီ wxpydict မှာ ornagai က data တွေကို သုံးမယ်ဆိုလို့ ခွင့်ပြုခဲ့တယ်။ Ornagai က data တွေနဲ့ en2mm gtalk bot ကိုလည်း ကိုအောင်ကျော်ထက် စတင်ခဲ့တယ်။ အခုအချိန်အထိ data အသစ်ထုတ်တိုင်း ကျွန်တော် ကိုအောင်ကျော်ထက် ကို data အသစ်ထွက်ပြီဆိုတဲ့ အကြောင်း mail ပို့ခဲ့တယ်။ en2mm နဲ့ Orngai ပေါင်းပြီး ကျွန်တော်တို့ sync လုပ်ဖို့အတွက် ကိုအောင်ကျော်ထက်နဲ့ ဆွေးနွေးခဲ့ဘူးတယ်။ ဆွေးနွေးပြီးပေမယ့် လက်ရှိ အထိ အကောင်အထည် မဖော်ဖြစ်သေးဘူး။ နောက်ပိုင်း ကျွန်တော် Ornagai နဲ့ en2mm sync လုပ်လို့ရအောင် ဖန်တီးဖို့ အစီအစဉ်ရှိတယ်။ gtalk ကနေ လည်း ornagai အတွက် စာလုံးအသစ်တွေ add လို့ရအောင်ပေါ့။ အဲလိုလေး စဉ်းစားထားပေမယ့် မအားတာနဲ့ မလုပ်ဖြစ်ဘူး။ Ornagai V2 ကို ၂၀၀၉ နိုဝင်ဘာလမှာ စပြီး release လုပ်ခဲ့တယ်။ CodeIgniter နဲ့ ရေးပြီး Opensource ပေးခဲ့တယ်။ source ကို github မှာ ပေးခဲ့တယ်။

Ornagai Mobile ထွက်တာ တော်တော်ကြာပြီးနောက်ပိုင်း ကိုကိုရဲ က ဝိဇ္ဇာ ရေးတဲ့ Seth နဲ့ gtalk မှာ စကားပြောရင်း Seth က ကောင်းကောင်း တတ်တာ java ပဲလို့ပြောတယ်။ ဒါနဲ့ java ကိုကိုရဲကလည်း Ornagai Mobile ကို ပြန်ရေးပါလား။ source တွေလည်း ရှိတယ်။ Opensource ပဲ။ ပြန်ပြင် ပြီး အသစ်ရေးပါလား လို့ ပြောလိုက်တော့ Seth က စိတ်ဝင်စားပြီး ကျွန်တော့်ကို ဆက်သွယ်လာတယ်။ ဒါနဲ့ ကျွန်တော် ကိုသာသာ နဲ့ ချိတ်ပေးလိုက်တယ်။ ကိုသာသာ နဲ့ Seth ဆွေးနွေးပြီးနဲ့ Seth က Ornagai Mobile ကို ပြန်ပြင်ခဲ့တယ်။ ၁၀ လပိုင်း ၂၀၁၀ မှာ Ornagai V2 Rc ကို စထုတ်ခဲ့တယ်။ ကို ရဲမြတ်သူ ကလည်း သူ့ ပါဋ္ဌိ အဘိဓ္ဓာန်မှာ Ornagai ထည့်ခွင့် ခွင့်တောင်းလာလို့ ကျွန်တော် ခွင့်ပြုခဲ့တယ်။ Ornagai ကို ကျွန်တော် အပေါ်မှာ ပြောခဲ့သလို Data က GPL ပါပဲ။ ကျွန်တော်တို့ data အချို့ကို GPL License ကနေ ရယူခဲ့တာဖြစ်သလို Ornagai Data တွေကို ကျွန်တော် မပိုင်ဘူး။ Ornagai data ကို အသုံးပြုပြီး ကိုယ်ပိုင် Dictionary ဖန်တီးခွင့်ရှိတယ်။ ဒါပေမယ့် Data တွေ အသစ်ထည့်ခဲ့ရင်တော့ ပြန်ဝေမျှ ပေးဖို့တော့ လိုတယ်။ နောက်ပိုင်းမှာ A ကနေ I အထိကို လူငှားပြီးတော့ အစ အဆုံး ပြန်စစ်ပြီး မရှိတဲ့ စာလုံး အသစ်တွေကို ထပ်ဖြည့်ပါတယ်။ ငွေကြေး အခက်အခဲ အချို့ နဲ့ အချိန် အချို့ကြောင့် အကုန်လုံးပြီးအောင်တော့ မလုပ်နိုင်ခဲ့ပါဘူး။

April လ ၂၀၁၀ မှာ Ornagai ကို API ထုတ်ပေးခဲ့တယ်။ API ထုတ်ခဲ့ရတာလည်း ကိုသာသာ ရဲ့ အကြံဉာဏ်ကြောင့်ပါ။ သူက API ထုတ်ဖို့လိုတယ်။ ထုတ်ပေးသင့်တယ်ဆိုလို့ ကျွန်တော် API ကို ရေးသားပြီး ထုတ်ပေးခဲ့တယ်။ API ကလည်း RESTful ဖြစ်တဲ့အတွက် အသုံးပြုရတာ လွယ်ပါတယ်။ သို့ပေမယ့် Alpha version ပါပဲ။ ပုံမှန် Ornagai ရဲ့ Data တွေကို Github မှာ ၁ လ ၁ ခါ တင်ပေးနေတယ်။ ဒါပေမယ့် အခုတလော MZ 2.0 ကို အားစိုက်နေလို့ ဒီလ မတင်ပေးနိုင်သေးဘူး။ Ornagai data ကို အသုံးပြုပြီး အချို့တွေက  dictionary ရေးကြတယ်။ အချို့တွေက စမ်းသပ်ကြတယ်။ အချို့တွေက သူတို့ရဲ့ website မှာ ထည့်သွင်းကြတယ်။ Ornagai ကို အသုံးပြုနေတဲ့သူတွေ အများကြီးပါ။ ကျွန်တော်လည်း PhoneGap နဲ့ စမ်းရေးပြီး Android အတွက် ထုတ်ပေးဖူးတယ်။ အခုတော့ Native Application ဖြစ်တဲ့ Myandrioid ထွက်လာပါပြီ။

Ornagai ကို Stardict data အသုံးပြုပြီး wedict နဲ့ ပေါင်းကာ iPhone မှာ အသုံးပြုလို့ရအောင် ဖန်တီးပေးခဲ့တယ်။ သို့ပေမယ့် wedict က မြန်မာစာ မပေါ်ဘူး။ Jailbreak လုပ်ထားတဲ့ သူတွေသာ အသုံးပြုနိုင်မယ်။ Jailbreak မလုပ်ချင်တဲ့သူတွေက Ornagai ကို iPhone မှာ မရဘူးလားဆိုလို့ web app ရေးပေးခဲ့တယ်။ Web App ကလည်း Offline ဖြစ်နေရင် မရဘူး။ နောက်ပြီး 3G နဲ့ ဆို အရမ်းနှေးတယ်ဆိုလို့ iPhone application ရေးဖို့ ဖြစ်လာခဲ့တာပဲ။ iPhone Application ဖြစ်တဲ့အတွက် ကျွန်တော် free မပေးနိုင်တော့ဘူး။ $99/year ဆိုပြီး Apple ကို Developer ဖိုး ပေးဆောင်ရတော့မယ်။ တနည်းပြောရင် ကျွန်တော် Ornagai iPhone ကို ရောင်းရင် $99 တောင် အရင်းကျေပါ့မလားဆိုပြီး စဉ်းစားမိတယ်။ ဘာပဲ ဖြစ်ဖြစ် မမြတ်ရင်တောင် အရင်းကျေအောင် လုပ်မယ်ဆိုပြီး Ornagai iPhone ကို ရအောင် ရေးပြီး iTune App store မှာ တင်ခဲ့တယ်။

$99 ရဖို့ အတွက် ဒီအတိုင်း ငုတ်တုတ်ထိုင်ရင် ရမှာ မဟုတ်ဘူးဆိုပြီး ကျွန်တော် Marketing တွေ လုပ်ခဲ့တယ်။ အပေါင်းအသင်းတွေကို အတင်းဝယ်ခိုင်းခဲ့တယ်။ $99 ရဖို့ မသေချာပေမယ့် iTune Store မှာ ရောင်းလို့ရတဲ့ အနည်းဆုံး ဈေးဖြစ်တဲ့ $0.99 နဲ့ ရောင်းခဲ့တယ်။ ကျွန်တော် $99 ရအောင် ကြိုးစားရမယ်ဆိုပြီး နည်းလမ်းတွေ စဉ်းစားခဲ့ရတယ်။ အထူးသဖြင့် Facebook က Ornagai iPhone အတွက် အဓိက marketing နေရာကြီး ဖြစ်ခဲ့တယ်။ အဲဒီနောက်မှာတော့ $99 ကို ကျွန်တော် ၁ လ ကျော် အတွင်း ရခဲ့တယ်။ အဲ.. သို့ပေမယ့် ပိုက်ဆံက ထုတ်လို့က မရခဲ့ဘူး။ $150 ရမှ ထုတ်လို့ ရမှာဆိုပြီး Apple က ရေးသားဖော်ပြထားတယ်။ သို့ပေမယ့် အရင်းတော့ ကျေပြီ နောက်နှစ် ဆက်ရပ်တည်ဖို့ လိုအပ်တယ်။ နောက်ပြီး  ornagai.com အတွက် server ဖိုးတွေလည်း လိုအပ်တယ်ဆိုပြီး ကျွန်တော် ရှေ့ဆက်ဖို့ပဲဆုံးဖြတ်ထားတယ်။

အဲဒီအချိန်မှာ ထူးတေဇာ က သူ Ornagai App ကို 5 ခုလောက် မဲဖောက်ပေးချင်တယ်လို့ ဆိုလာတယ်။ ကူညီပေးနိုင်မလားလို့ မေးလာတယ်။ အဲဒီ မတိုင်ခင်က ကျွန်တော် Promo code ၅ ခု ထုတ်ပြီး Ornagai Facebook Fan Site မှာ တင်ထားပေးခဲ့ပါတယ်။ အဲဒါကြောင့် ထူးတေဇာက နောက်ထပ် သီးသန့် ၅ ခုထုတ်ပေးလို့မရလားဆိုပြီး request လုပ်လာတာနဲ့ ရတာပေါ့ ဆိုပြီး ထုတ်ပေးခဲ့တယ်။ သို့ပေမယ့် ထူးတေဇာ blog ကို မြန်မာနိုင်ငံက ပိတ်ထားတာရယ် connection မကောင်းတာရယ် သူ video အတွက် ပြင်ဆင်နေတာနဲ့ တော်တော် နဲ့ မတက်လာဘူး။ ဒါနဲ့ ကိုပီဇီ နဲ့ တွေ့တော့ သူ့ကို မေးတယ်။ Ornagai ၅ ခုပေးမယ်။ အစ်ကို မဲဖောက်ပေးချင်လားဆိုပြီးမေးလိုက်တယ်။ အဲဒီ idea က ထူးတေဇာ idea ပါ။ ကျွန်တော့်အနေနဲ့ Myanmar Tutorial promotion ကော ကျွန်တော့် Ornagai promotion အပြင် ရသွားတဲ့သူတွေလည်း ပျော်သွားအောင်ပေါ့။ အဲဒီ promo code က အခု  50 ပဲ ထုတ်လို့ရတယ်။ ထုတ်ပြီး ရက် ၉၀ အတွင်း သုံး၇တယ်။ ဒါကြောင့် အများကြီး ထုတ်လို့ မရသလို ကြိုထုတ် လို့လည်း မရဘူး။

Myanmar Tutorial မှာ အဲဒီ post က တော်တော်ပေါက်သွားတယ်။ အများကြီး ကံစမ်းဖို့လာတဲ့ သူတွေ ရှိသလို Ornagai အတွက် အကြံဉာဏ်တွေ လိုအပ်ချက်တွေကိုလည်း ကျွန်တော် ရလိုက်တယ်။ ထူးတေဇာကလည်း Myanmar Tutorial ပြီးအောင် ဆိုပြီး စောင့်နေခဲ့တယ်။ Myanmar Tutorial ပြီးမှ သူလည်း မဲဖောက်ဖို့ စတင်ခဲ့ပါတယ်။ သူရိုက်ထားတဲ့ Video လေး တော်တော်ကောင်းတယ်။ အခု လက်ရှိ အချိန်ထိ $150 ပြန် မရသေးတဲ့အတွက် Ornagai ရောင်းလို့ရတဲ့ ပိုက်ဆံ လည်း အခုအချိန်ထိမရသေးဘူး။

Ornagai မှာ ပါဝင်ခဲ့တဲ့ လူတွေက post တစ်ခုလုံး မှာ ပါပါတယ်။ ဘာလို့ ကျွန်တော် Ornagai မှာ ရေးသားတဲ့သူတွေ နာမည်မထည့်တာလဲ ဆိုပြီး ပြောလာကြပါတယ်။ credit မထည့်ဘူးလို့ ဆိုလာကြတယ်။ လူတိုင်း သိတယ်။ Ornagai ဆိုတာ Community data , GPL data ။ လူတွေ အများကြီး ဝိုင်းဖြည့်ထားတာ။ Ornagai V2 စခဲ့တုန်းက စာလုံးရေး ၃ သောင်း ကျော်ကျော် သာ ရှိခဲ့ပေမယ့် အခု 30988 ဖြစ်သွားပြီ။ စာလုံးရေ ၉၀၀ တက်လာတယ်။ ကျွန်တော် Data အသစ်ထုတ်တုန်း Migration ပြန်ပြန်လုပ်တယ်။ တနည်းပြောရင် စာလုံး ထပ်နေတာကို ပြန်ပြန်စုလိုက်တယ်။ ဘယ်လိုမျိုးတွေလဲဆိုတော့

moon

n

လ။

moon

n

သော်တာ။

moon

n

စန္ဒာ။

တနည်းပြောရင် စာလုံး တစ်လုံးတည်း။ row က ၃ ကြောင်းဖြစ်နေတယ်။ အဲဒီတော့ စုစုပေါင်း စာလုံး အရေအတွက်က ဖြစ်သင့်တာထက်ပိုနေတယ်။ ဒါနဲ့  migrate လုပ်လိုက်တော့

moon

n

လ ။ သော်တာ။ စန္ဒာ။

အဲလိုမျိုး တစ်ကြောင်း တည်းဖြစ်သွားတယ်။ အဲလိုလုပ်လိုက်တော့ ဘာဖြစ်သွားလဲဆိုတော့ သော်တာ ရိုက်တာက တစ်ယောက်။ စန္ဒာ ရိုက်တာက တစ်ယောက်။ ၂ ခုပေါင်းလိုက်တော့ ဘယ်သူရိုက်တယ်ဆိုတာ ယူလို့မရတော့ဘူး။ ဒါကြောင့် Ornagai.com မှာ ဒီ စာလုံး ဘယ်သူရိုက်လည်းဆိုတာ show မပြထားဘူး။ ကျွန်တော် ရေးတုန်းက အဲဒီလို migration လုပ်ဖို့ အတွက် မစဉ်းစားမိခဲ့ဘူး။ ကျွန်တော့် လိုအပ်ချက်တွေပေါ့။

နောက်ပြီး Ornagai က MZ Dictionary က လာခဲ့တာပါ။ MZ Dictionary က လူတွေ စုပေါင်းထားတဲ့ အသီးအပွင့်တွေ အခြားလူတွေ ခံစားနေရတာပါ။ ဘယ်သူတွေ ခံစားရလဲဆိုတော့ မြန်မာတွေပဲ ပြန်ခံစားနေရတာပါ။ ကိုယ်ပိုင် Free Dictionary တွေ အများကြီးထွက်လာတယ်။ wxpydict ထွက်လာတယ်။ en2mm ထွက်လာတယ်။ ornagai ထွက်လာတယ်။ ornagai mobile , iphone app , android app တွေ ထွက်လာခဲ့တယ်။ ကျွန်တော်တို့ စ လုပ်ခဲ့တုန်းက ဘယ်သူမှ နာမည်လိုချင်လို့လုပ်ခဲ့တာ မဟုတ်ပေမယ့် လူတိုင်းကတော့ အခုရောက်နေတဲ့ Ornagai ထက် ပိုအောင်မြင်ချင်ကြတယ်။ နာမည်လိုချင်လို့ အောင်မြင်စေချင်တာ မဟုတ်ဘူး။ မြန်မာတွေအတွက် အဖိုးတန်လို့ မြန်မာတွေအတွက် အသုံးတည့်လို့ မြန်မာတွေ အတွက် လိုအပ်လို့ဆိုပြီး အကုန်လုံး ဝိုင်းဝန်းဖန်တီး ခဲ့ကြတာ။ ကျွန်တော့်အနေနဲ့ စည်သူ ဖြစ်စေချင်တဲ့ Dictionary ကို ဖြစ်အောင် အကောင်ထည် ဖော်ပေးခဲ့တယ်။ MZ Dictionary ကနေ Ornagai အဓိ ဖြစ်လာအောင် မောင်းနှင်ပေးခဲ့တယ်။ အခြားသူတွေ ကြိုးပမ်းထားခဲ့တဲ့အရာတွေကို ကျွန်တော့် ဉာဏ်အား ခွန်အားတွေ စိုက်ထုတ်ပြီး လှည်ပတ်လာအောင် မောင်းနှင်ပေးနေတယ်။ MZ Dictionary ဟာ ၁၂ လပိုင်း ၂၀၀၇ ကတည်းက စခဲ့တာ အခုဆို ၃ နှစ် ပြည့်တော့မယ်။ သို့ပေမယ့် စာလုံး မစုံသေးဘူးဆိုတဲ့ စကားကတော့ အခုထက်ထိ ကြားနေရမြဲပဲ။ ကျွန်တော် ကိုယ်တိုင် Ornagai ကို သုံးတယ်။ စာလုံးတွေ ရှာတယ်။ မတွေ့ရင် မှတ်ထားတယ်။ dictionary.com ကို သုံးပြီး ချက်ခြင်း စာလုံးရှာတယ်။ မြန်မာလို ပြန်တယ်။ ဟုတ်လားမဟုတ်လား ဘေးနားမှာ ရှိတဲ့ သူတွေကို မေးတယ်။ confirm ဖြစ်ရင် ထည့်တယ်။ အဲလိုမျိုုး အခုအချိန်ထိ တောက်လျှောက် ထည့်နေဆဲပါ။ ကျွန်တော် ရောင်းစားဖို့အတွက် ထည့်သွင်းနေတာ မဟုတ်ဘူးဆိုတာလည်း ထပ်ရှင်းစရာ မလိုပါဘူး။ သို့ပေမယ့်….

ကျွန်တော် ဘယ်သူတွေ ပါဝင်ခဲ့တယ်။ ဘယ်သူတွေ အပင်ပန်းခံ ရိုက်ခဲ့တယ်ဆိုတာကို ရောင်းချတဲ့အချိန်ကစပြီး မဖော်ပြခဲ့လို့ ဒီ post လေး သီးသန့် ရေးပြီး တောင်းပန်လိုက်ပါတယ်။

24 Comments

  1. Min Min says:

    ကို saturn … mac အတွက် eng-mm dictionary ရှိရင် share လုပ်ပါဦး …

    Thank you for your support !

    1. saturngod says:

      stardict ကို mac မှာ သုံးလို့ရတယ်။ ကျွန်တော် mac အတွက် အခုထက်ထိ ကောင်းကောင်းလေး ရှာမတွေ့ဘူး။ stardict က အဆင်အပြေဆုံးပဲ။ ဒါပေမယ့် သွင်းရတာတော့ ခက်တယ်။ နောက်တနည်းကတော့ http://davidtse916.wordpress.com/2008/01/24/adding-dictionaries-to-the-built-in-dictionary-application-in-leopard/ အဲမှာ ဖတ်လိုက်။ အဲဒါလေးက ပိုမိုက်တယ်။ လုပ်ရတဲ့ အဆင့်ကတော့ နည်းနည်းများတယ်ဗျ။

      1. Apple's default dictionary is the best .. very clear explanation, linked to each words, freeee

      2. Ann says:

        ညီမ Mac မှာ အကိုပေးထားတဲ့လင်ခ့်အတိုင်း သူ့လုပ်နည်းတွေကြည့်ပြီး လိုက်လုပ်ပါတယ်။ Mac’s Dictionary မှာ Ornagi ကို ထည့်လို့ရသွားတယ်။ သဘောကျပြီး လိုက်ရှာကြည့်တော့.. Padonma နဲ့ မြန်မာ အင်္ဂလိပ် (စိုင်းမြန်မာ-အင်္ဂလိပ်) ကိုလည်း StarDict မှာထည့်လို့ရအောင်လုပ်ထားတယ်လို့သွားတွေ့ပါတယ်။ Ref: http://seriousblaze.u4mm.com/?p=178

        ဒါနဲ့.. ရနိုင်တယ်ဆိုပြီးစမ်းထည့်ကြည့်တော့ သူတို့နှစ်ခုစလုံး ဒီမှာသွားတစ်နေတယ်

        – Preparing index data.
        normalize_key_text aborted.
        Error.
        ditto: can’t get real path for source
        “/Applications/DictUnifier.app/Contents/Resources/sdconv-0.2/bin/build_dict.sh”

        DictUnifier 2.0 ရော 1.1 နဲ့ရော စမ်းကြည့်ပါတယ်။ မရဘူး။

        ှStarDict ကို Mac မှာသုံးတာ Font တွေက ဖတ်လို့အစဉ်မပြေဘူး။ တခါဖွင့်တိုင်း တခါ Font သွားပြောင်းပေးနေရတယ်။ ပြောင်းပေးလည်း အစဉ်မပြေပါဘူး။ ရမ်းသမ်းပြီး မှန်းဖတ်နေရတယ်။

        အကို့မှာ ဒီ error 2 ခု ကိုရှင်းလို့ရနိုင်တဲ့နည်းလေးဘာလေးရှိရင် ပြောပြပါဦး။

        ကျေးဇူးတင်ပါတယ်။

        1. saturngod says:

          I already tried Myanmar to English … I can’t compile ,too. Because it’s can’t be index to Myanmar Characters

  2. ကိုပိုင် says:

    Ornagai အဘိဓာန်ဖြစ်လာအောင် ကြိုးစားခဲ့သူတွေ.. ဖန်တီးခဲ့သူတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်ဗျာ..။

    ကိုစေတန်ရေ.. ကျနော်လောလောဆယ် ကြုံတွေ့နေရတဲ့ Ornagai ကအခက်အခဲလေးတစ်ခုကို ပြောချင်ပါတယ်..။ ပြဿနာကတော့.. Search box ပျောက်ပျောက်သွားတာပါ။ ကျနော်ကစာလုံးတစ်လုံးကို (ဥပမာ.. toy ဆိုပါစို့) ရှာပြီး ပေါ်လာတဲ့ result list ကို drag လုပ်ပြီး တစ်ခုခုကိုကြည့်တယ်..။ ပြီး Back ကိုနှိပ်လိုက်ရင် search box ပျောက်သွားတယ်ဗျ..။ အရင် 3.1.x တုန်းကတော့ သိပ်ပြဿနာမရှိဘူး။ App ကိုပြန်ထွက်ပြီး ပြန်ဝင်လိုက်ရုံပဲ..။ အခု 4.x မှာတော့ multitasking အကျိုးကြောင့် ပြန်ဝင်လည်းအရင်အတိုင်းဖြစ်နေတယ်..။ ဖုန်းကို restart လုပ်မှပဲရတော့တယ်..။ Re-spring ကလည်း JB လုပ်ထားတဲ့ဖုန်းတွေအတွက်ပဲ အဆင်ပြေလို့ပါ..။ အဲဒါလေးကြည့်ပေးပါဦးဗျာ..။

    1. saturngod says:

      ကျွန်တော် အသစ်ထွက်မယ့် version မှာ fix ထားတယ်ဗျ။ အဲဒါကို ကျွန်တော် သိတယ်။ iOS4 မှာ စပြီး ပြဿနာ တက်နေတာပဲ။ ကျွန်တော် ဒီလအတွင်း release လုပ်ပေးမယ်။ ထူးတေဇာ give a way ကို စောင့်နေတာ။ သူပြီးတာနဲ့ ကျွန်တော် app store ပေါ် upload တင်လိုက်တော့မယ်။ အသစ် ထွက်ရင် promo code တွေက သုံးမရမှာ ဆိုးလို့ဗျ။

      ဖုန်းကို restart မလိုဘူးဗျ။ Program ကို multitask ကနေ ပိတ်လိုက်ရင် ရတယ်။ ပြဿနာက စာလုံးရေ search result များသွားလို့။ ကိစ္စမရှိဘူး။ ကျွန်တော် buffer အနေနဲ့ ၂ လုံးကျော်မှ auto suggests လုပ်ခိုင်းတော့မယ်။

  3. zip says:

    က ျွန်တော်အခုပဲ App Store ပေါ်တက်ပြီး buy ပါတော့မယ်ဗျာ.. ဒီလောက် ကိုယ်အား ညဏ်အားနဲ့ တည်အောက်ထားတဲ့ App ကို မအားပေးဘဲမနေနိုင်တော့ဘူး.. စာလုံးတွေဒီထက်ပိုစုံလာမယ်လို့ မေ ျှာ်လင့်ပါတယ်.. ဒီလိုကြိုးစားပေးတဲ့သူတွေရှိတာတော်တော် အကျိုးရှိပါတယ်.. ဒီထက်ပိုကြိုးစားနိုင်ပါစေ..

    1. saturngod says:

      ဟုတ် ။ ကျေးဇူးတင်ပါတယ်ဗျာ။

    2. aungsannwin says:

      ကောင်းတယ်. ကျနော်လည်းခုပဲဝယ်လိုက်ပါတော့မယ်. iOS 4.1 compatible ဖြစ်မယ်မျှော်လင့်ပါတယ်

      1. saturngod says:

        Thank ပါဗျာ.. iOS 4.1 compatible ဖြစ်ပါတယ်..

  4. zip says:

    Buy လိုက်ပြီ.. အကြံတစ်ခုပေးချင်တယ်.. Search suggestion ကို turn off လုပ်ဖို့ option ပေးထားရင်ကောင်းမယ်လို့ထင်တာပဲ ကိုစေတန်. မဟုတ်ရင် word search လုပ်ရတာ app က sluggish ဖြစ်တလိုလိုပဲ.. Suggestion ပါ.

    1. saturngod says:

      ကျေးဇူးပဲဗျ။ အခုမှ အဲဒီ idea လေးရသွားတယ်။အဲဒီ feature နောက် version မှာ ပါလာပါလိမ့်မယ်။

      1. zip says:

        ဒီလို developer မှအောင်မြင်တာ.. ဟားဟား.. နောက်တာပါ..

  5. ဒီလိုတွေ…ကြိုးစားအားတွေကိုကြိုက်လို့….ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်
    ကျွန်တော်တို့မြန်မာပြည်ကလူငယ်တွေဒီလောက်လုပ်နိုင်တာတွေ့လို့…ဝမ်းလဲဝမ်းသာ..
    ဂုဏ်လည်းဂုဏ်ယူမိပါတယ်….ဆက်လုပ်ပါ…။ပါဝင်ပတ်သက်တဲ့သူတိုင်းအတွက်…ကျေးဇူးအထူးလဲတင်ပါတယ်ဗျာ…

  6. ornagai ကို app store ပေါ်တင်တော့မယ်ဆိုကတည်းက ဒီလိုဖြစ်လာမလားမသိ။ ဒေတာတွေ သူပိုင် ငါပိုင် ပြောလာမလားမသိ ဆိုပြီး တွေးမိခဲ့တယ်..။ ဘာပဲပြောပြော ornagai ကိုသုံးသူ တစ်ယောက်အနေနဲ့ ကျေနပ်ပါတယ်။ ornagai သမိုင်းကြေင်းကို သိသလို ရှိတာကို အားလုံးသိသွားပါပီ။

  7. ဒီပိုစ့်လေးအတွက် အကိုစေတန်ကို ကျေးဇူးတင်ပါတယ်ဗျို့… သေချာလေးသိသွားတာပေါ့..။ ကျနော်လည်း ornagai သုံးပါသည်။

  8. phoechan says:

    ကိုစေတန်ရေ
    OS4 မှာ Search Bar ကပြောက်ပြောက်သွားတယ်တစ်ချက်တစ်ချက်
    phone ကို restart ချနေရတယ်။ အဲဒါလေးလည်း လုပ်ပါဦး
    အမြဲတန်းအားပေးနေလျှက် :)

  9. Myo Ko Ko Oo says:

    ကိုစေတန်ခင်ဗျာ – Ornagai ကို website တစ်ခုခုမှာ embed လုပ်လို့ရမလားသိချင်ပါတယ်။ ကျွန်တော်တို့ဆိုက်က Ning platform မှာဆောက်ထားတာပါ။ ဖြစ်နိုင်ရင်အကြောင်းပြန်ပေးပါ။

    1. saturngod says:

      iframe နဲ့ ပဲ ရပါလိမ့်မယ်။ အခြား သီးသန့် feature addon တော့ မရသေးပါဘူး။

  10. laylay says:

    ကျမကတော့ ဒီ အဘိဓါန်အတွက် စာရိုက်ပေးဖူးတဲ့ လေးလေးပါ။ ဒီပို့စ်ကို အခုမှ ဖတ်မိတယ်။ အဲဒီတုန်းက လုပ်ပေးခဲ့တာလည်း ကူညီချင်တဲ့ စိတ်တစ်ခုတည်းနဲ့ပါ။ အခုလို ကိုယ်လုပ်ပေးဖူးတာကို အသိအမှတ်ပြုတော့ ဝမ်းသာရပါတယ်။ ကျမ တရုတ်-မြန်မာ အဘိဓါန် လုပ်ချင်တယ်။ offline dictionary ပဲ လုပ်ချင်တာ။ Java နဲ့ ရေးရင် အဆင်ပြေနိုင်မလား မသိဘူးနော်။

    1. saturngod says:

      I will send email to you :)

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.