ပါရှိသောတရားတော်များ
ဝိနယ, သုတ္တန္တ, အဘိဓမ္မ ဟူသော ပိဋကအားဖြင့် (၃)ပုံ၊ ဒီဃ, မဇ္ဈိမ, သံယုတ္တ, အင်္ဂုတ္တရ, ခုဒ္ဒကဟူသော နိကာယ်အားဖြင့် (၅)ရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် (၈၄၀၀၀)၊ များမြောင်လှသည့် ပိဋကတ်ပါဠိတော်နှင့် ယင်း၏ ၃–ဆမျှရှိသော အဖွင့် အဋ္ဌကထာ, ဋီကာ, အနု, မဓု ယောဇနာ စသည့် ကျမ်းဂန်အရပ်ရပ်ရှိ ပုဒ်ပါဌ်များကို မြန်မာအက္ခရာ, ရိုမင်အက္ခရာများဖြင့် အလွယ်တကူ ရှာဖွေနိုင်သည်။
ထို့ပြင် ပါဠိဝေါဟာရပုဒ်များ အားလုံး ပါဝင်ပြီး မြန်မာ ရဟန်းတော်များ ရေးသားပြုစုထားသည့် တိပိဋက ပါဠိ–မြန်မာ အဘိဓာန်ကြီး ဦးဟုတ်စိန်–၏ ပါဠိ–မြန်မာ အဘိဓာန် စသည့် အဘိဓာန်များ ပါဝင်သည့် စက်ဖြစ်သည်။
Bonus အားဖြင့် မြန်မာ–အင်္ဂလိပ် အင်္ဂလိပ်မြန်မာ online Dictianory ဖြစ်သော ornagai Dictianory ကိုလည်းထည့်သွင်းထားပါသည်။
သိလိုသည့်စာလုံးကို အဘိဓာန်များတွင်ရှာဖွေခြင်း
ရှာဖွေလိုသောစာလုံးအား မြန်မာ roman စာလုံးဖြင့် အဘိဓာန်များတွင် ရှာဖွေနိုင်သည်။တွေ့ရှိချက်များကို တိပိဋက ပါဠိမြန်မာ အဘိဓာန်၊ ဦးဟုတ်စိန် အဘိဓာန် နှင့် ဓာတ် english တိုကိုဖော်ပြပေးပြီး တိပိ အဘိဓာန် အတွင်းရှိ စာအုပ်နှင့် စာမျက်နှာကို ဖော်ပြပေးမည် ဖြစ်သည်။
သုတ် ဂါထာ ခေါင်းစဉ်များတွင် ရှာဖွေညွန်းပြခြင်း
ရှာဖွေသည့်စာလုံးဖြစ်စတင်သည့် သုတ် ခေါင်းစဉ် များကို ရှာဖွေပြီး တွေ့ရှိသည့် ဂါထာ သုတ္တံ တို၏ တည်နေရာ စာအုပ်အား ၎င်း စာမျက်နှာအား ၎င်း တိကျစွာညွန်းပြပြီး ဆဋ္ဌမူ စာမျက်နှာအတိုင်း တွေ့ရှိသည့် မူလ၊ အဋ္ဌကထာ, ဋီကာ တို့တွင် ဖတ်ရှု နိုင်ပါသည်။
ဖတ်ရှု့နေစဉ်တွင် တွေ့ရှိသော ဝေါဟာရအားလုံးအား ရွေးချယ်၍ အဘိဓာန်တွင် ဆက်လက်ရှာဖွေနိုင်မည်။ စာလုံးတွဲများအား အလိုအလျောက်ခွဲခြားပြသခြင်း ဖြတ်တောက်ပြသခြင်းပြုလုပ်ပေးမည်ဖြစ်သည်။
ကျမ်းစာများ ရှာဖွေဖတ်ရှု့ခြင်း
ဆဋ္ဌသံဃာယနာတင် ပုံနှိပ်မူပါဠိစာအုပ် ၁၅၉ အုပ်အား မူရင်းစာမျက်နှာအလိုက် မြန်မာပါဋိ roman pali တို့ဖြင့် လိုအပ်ရာ စာမျက်နှာ ကို ဖတ်ရှု့ လေ့လာ နိုင်ပါသည်။
တည်ပုဒ်(စာလုံး)များ အား ရှာဖွေခြင်း
ရှာဖွေလိုသည့် စာလုံးအား ပါဠိတော်အတွင်း မတူညီစွာတည်ရှိနေသော စာလုံး ၁သန်းခန့်မှ ရွေးချယ်ပြီး စာအုပ် ၁၅၉အုပ်အတွင်းတွင် မည်သည့် ကျမ်း တွင် မည်သည့်စာမျက်နှာတွင်ပါရှိသည်ကို ရှာဖွေ ညွန်းပြပေးပြီး ထိုစာမျက်နှာအတွင်း မည်သို့ပါရှိသည်ကို သိရှိရန် ဖေါ်ပြပေးမည်ဖြစ်သည်။ တစ်နေရာထက် ပိုမိုတွေ့ရှိပါကလည်း ဆက်လက် ကြည့်ရှုနိုင်ရန်စီမံထားပါသည်။ စာလုံးမတွေရှိပါက ရှိသည့်စာလုံး များမှ အနီးစပ်ဆုံး ရွေးချယ်နိုင်ရန် ဖော်ပြပေးမည်။ ဖတ်ရှုနေစဉ် မြန်မာ roman စာလုံးကို ပြောင်းလဲ နိုင်မည် ဖြစ်သည်။ ဖတ်နေသည့် စာမျက်နှာရှိ စာလုံးအားလုံးကို အဘိဓာန်တွင် ဆက်လက် ရှာဖွေနိုင်မည်။
အခြားလုပ်ဆောင်နိုင်မှုများ
Mp3 နှင့် အခြား အသံဖိုင်များကို ဖွင့်နိုင်ခြင်း အသံသွင်းနိုင်ခြင်း ( တရာတော်များ နာယူနိုင် ပါမည်)
Mp4 avi နှင့် အခြားရှုပ်ရှင်ဖိုင်များအားလည်းကြည့် ရှုနိုင်ပါမည်။ (တရား vcd များformat ပြောင်း နာယူနိုင်မည်)
Microsoft Office 2003,2007 ၏ word ,excel powerpoint များကို ဖတ်ရှု့ခြင်း တည်ဆောက်ခြင်း များပြုလုပ်နိုင်ပါမည်။
PDF ဖိုင်များကို ဖတ်ရှု နိုင်ပါမည်။
လိပ်စာများမှတ်သားခြင်း၊ ရှာဖွေနိုင်ခြင်း၊ ပြက္ခဒိန်တွင် လုပ်ဆောင်ရန်များမှတ်တန်းတင် သတိပေးစေခြင်း၊ wifi ရရှိသည်နေရာတွင် internet အသုံးပြုနိုင်ခြင်း၊
အခြား ဂဏန်းတွက်စက် ဂိန်း စသည်တို့နှင် လိုအပ် သည်များကို ထပ်မံ ထည့်သွင်း သုံးစွဲနိုင်သည့် windows mobile 6.1 OS ကို သုံးစွဲထားပါသည်။
USB 2 ကိုအသုံးပြု၍ PC (windows/Mac..) တို့နှင်ချိတ်ဆက်သုံးစွဲနိုင်ပါသည်။
Bonous အားဖြင့် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ၏ အခြေပြုပဋ္ဌာန်းတရားတော် အသံဖိုင် ၁၉နာရီနှင့် pdf စာအုပ်ဖတ်ရှုရန်ထည့်သွင်းပေးထားပါသည်။
Technical spec-
Processor – ARM9 400MHz
Memory-128M
Storage SD -4GB
Display – LCD 2.8″ tauch Screen ( 320-240) 65535 color
I/O – USB 2 ( mini)
Battery – 900mAh
Network – 802.11b WiFi
Dimensions – 97-62-17 mm
weight : 96g
Other – Build in Speaker,Mic – earphone jack
နောက်မှ ပုံတွေ ထပ်တင်ပေးမယ်..
Leave a Reply