မြန်မာစာကို Space လေးခွာပြီး ရေးကြစို့

ကျွန်တော်တို့တွေ မြန်မာလိုရိုက်တဲ့အခါမှာ အချို့တွေကလည်း ကျွန်တော် အခုရေးသလို စာလေးတွေကြားမှာ Space လေးတွေနဲ့ ရေးတာရှိသလို တောက်လျှောက် Space မပါပဲ ရေးသွားတာတွေလည်း ရှိတယ်။ ကျွန်တော်ကတော့ Space လေးခြားခြားပြီး ရေးတာ အကျင့်ဖြစ်နေပြီ။ Space က မခြားတတ်ရင်လည်း ကိစ္စမရှိပါဘူး။ ကြိုးစားပြီး ရေးကြည့်ပါလား။ စကားပြောရင် နားနားပြီး ဖြတ်ဖြတ်ပြောသလို စာရိုက်ရင်လည်း ဖြတ်ဖြတ်ပြီး Space လေးတွေ ထည့်သွားလိုက်လေ။ ဘာကြောင့် ထည့်သင့်လဲဆိုရင်တော့ တစ်ကြောင်း ဆင်းလွယ်အောင်ပေါ့။ Space မပါပဲ တောက်လျှောက်ရေးသွားရင် စာက နောက်တစ်ကြောင်းဆင်းကို ဖြတ်ဖို့ ခက်သွားတာတွေ့ရမယ်။ အရမ်းကို ကြည့်ရဆိုးသွားတာကို တွေ့နိုင်ပါတယ်။ အခု ကျွန်တော် MMOpenLibrary မှာ Feed ယူထားတာလေးကို ကြည့်လိုက်ရင် တွေ့နိုင်ပါတယ်။ တစ်ကြောင်း မဆင်းနိုင်တော့ဘူးလေ။ Space နဲ့မှ မပိုင်းဖြတ်ထားတာကို။ ကြည့်ရလည်း ဆိုးသွားတယ်။ အဲလို ရေးတာကို အပြစ်တင်နေတာ မဟုတ်ဘူးနော်။ Space လေးတွေ ထည့်ထည့်ပြီးရေးသွားရင် ကြည့်လို့လည်း လှတယ်။ တစ်ကြောင်းလည်း စကားလုံးစုလေးအနေနဲ့ ဖြတ်ပြီး ဆင်းသွားပေးတယ်။ ဘယ်လိုနေရာမှာ Space ထည့်ရမလဲဆိုတာကတော့ မြန်မာ သဒ္ဒါနည်းကျကျ ရှင်းနေရင် ကြာလည်းကြာတယ်။ ရှုပ်လည်း ရှုပ်တယ်။ ကျွန်တော်ကတော့ စကားလုံးစုတွေ ကိုယ်တိုင်စကားပြောရင် နားနားပြီး ပြောတဲ့ နေရာတွေ ၊ တနည်းအားဖြင့် အသံအကျပိုင်းတွေပေါ့။ ကျွန်တော် အခု ရေးထားတဲ့ စာပိုဒ်မှာလည်း စကားလုံးလေးတွေ ဖြတ်ဖြတ်ပြီး ကြားမှာ Space လေးတွေထည့်သွားတာကို တွေ့နိုင်ပါတယ်။ ကျွန်တော်က ငါးတန်းကတည်းက ကျောင်းက မြန်မာစာ ဆရာမ သင်ပေးလိုက်လို့ အဲလိုရေးတာ အကျင့်ပါသွားတယ်။ ဆရာမက အဲလိုရေးရင် အမြဲချီးကျူးတယ်။ အဲလိုရေးတတ်လာအောင်လည်း သင်ပေးတဲ့ ဆရာမကို ကျွန်တော် ကျေးဇူးအရမ်းတင်ပါတယ်။ ဝမ်းနည်းတာကတော့ အဲဒီဆရာမ နာမည်ကို ကျွန်တော် မသိတာပါ။ မမှတ်မိတာ မဟုတ်ပါဘူး။ ကျွန်တော်က ဆရာမနာမည်တွေကို မေးလည်းမမေးသလို မှတ်ထားသင့်တယ်မှန်းလည်း မသိခဲ့လို့ပါ။ ဘာပဲပြောပြော အခုလို Space လေးတွေခြားခြားပြီး ရေးတော့ Computer မှာတော့ သူ့အလိုလို စာတစ်ကြောင်းဆင်းသွားတာပေါ့။ စာတန်းအရှည်ကြီး ဖြစ်မနေတော့ဘူးပေါ့ဗျာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading