အခုတလော One Piece ကြည့်နေတယ်။ Naruto ကတော့ On Going ဖြစ်သွားတော့ ၁ ပတ် ၁ ခါ စောင့်စောင့်ပြီး ကြည့်ရတဲ့ အခြေအနေ ဖြစ်သွားပြီ။ One Piece ကတော့ အပိုင်း ၄၅၆ ထိ ရောက်နေပြီ။ ကျွန်တော် ကြည့်နေတာကတော့ ၃၈၀ ရောက်သွားပြီ။ မကြာခင် On Going ဖြစ်သွားတော့မှာဆိုတော့ လျှော့ကြည့်နေရတယ်။ ဂျပန် ကာတွန်းကား နှစ်ခုလုံးမှာ တူညီတဲ့ ကျောရိုးရှိတယ်။ တူညီတဲ့ Character ရှိတယ်။ တူညီတဲ့ အိမ်မက်တွေ ရှိတယ်။ Naruto ကားမှာ ပါတဲ့ Narutor Character တွေက One Piece က Luffy  မှာလည်း ပါဝင်နေတယ်။ သာမာန် မြန်မာကားတွေထက်စာရင် Anime Series တွေကြည့်ရတာ ပိုသဘောကျတယ်။ Naruto ကားပဲ ကြည့်ကြည့် One Piece ပဲကြည့်ကြည့်… ကြည့်ရတာ အားရှိတယ်။ ငါတို့မှာ အိမ်မက်တွေ ရှိတယ်။ ငါတို့ဟာ အိမ်မက်တွေ မက်ခွင့်ရှိတယ်။ ငါတို့ဟာ အိမ်မက်တွေကို အကောင်ထည်ဖော်ခွင့်ရှိတယ်။ အိမ်မက်တွေ တကယ်ဖြစ်လာဖို့ ဘယ်လောက်ခက်ခဲခက်ခဲ အရှုံးမပေးဘူး ဆိုတာတွေ ထည့်သွင်းထားတယ်။ Japan ကာတွန်းကားဆိုတော့ ဂျပန်တွေရဲ့ စိတ်ဓာတ်တွေ ထည့်သွင်းထားသလားတော့ ကျွန်တော် မသိပေ။

ကျွန်တော် အိမ်မှာ မြန်မာကားဖွင့် သံကို ကြားရတိုင်း စိတ်မချမ်းသာဘူး။ အတတ်နိုင်ဆုံး မကြားအောင် နေတယ်။ ဘာလို့လည်းဆိုတော့ ကြားရင် စိတ်တိုလို့။ အချို့ ပြက်လုံးတွေဟာ ရိုင်းတယ်လို့ ကျွန်တော်ထင်တယ်။ ကောင်းတဲ့ကားတွေကျပြန်တော့လည်း နိုင်ငံခြားကား ကူးချထားတာ ဖြစ်ပြန်ကော။ အခုတလောလည်း Blue Ray တွေ ထွက်တာ ကျဲနေတော့ English ကားတွေ သိပ်မကြည့်ဖြစ်ဘူး။ ထွက်တာတွေက R5 အဆင့် rip တွေပဲ ရှိနေပြန်တော့လည်း မကြည့်ချင်သေးဘူး။ ဒါကြောင့် Naruto on going စောင့်ကြည့်ပြီး One Piece ကို အဓိက ကြည့်မိတယ်။

Naruto ကားတစ်ခုလုံးမှာ သူငယ်ချင်းဆိုတာ ကို ပေါ်လွှင်အောင် အဓိပ္ပာယ်ဖွင့်ထားတယ်။ ဘဝဆိုတာ ဘယ်လိုရှင်သန်ရလဲဆိုတာကို ပေါ်လွင်အောင် ရေးသား ထားတယ်။ ဒါပေမယ့် ကျွန်တော်က One Piece ပိုကြိုက်တယ်။ One Piece မှာလည်း Narutor ကဲ့သို့ပင်။ Nakama ဆိုတာ ဘယ်လောက် အရေးပါလဲ။ Nakama ဆိုတာက ဂျပန်စာလုံးပါ။ သူငယ်ချင်း ၊ မိတ်ဆွေ လို့ အဓိပ္ပာယ်ရတယ် ထင်တယ်။ ကဲ.. ထားပါ။ တစ်ကားလုံးမှာ Nakama ဆိုတဲ့ စာလုံးအဓိက သုံးသွားတာများတယ်။ နောက်ပြီး One Piece မှာ Naruto နဲ့ မတူတဲ့ အချက်က Leader ဆိုတဲ့ အဓိပ္ပာယ်ကို ပေါ်လွင်ရုံမကဘူး Crew တစ်ယောက်ရဲ့ အရေးပါပုံတွေကို ထည့်သွင်းဖြည့်စွက်ထားတယ်။ Naruto မှာကတော့ Team Work ကို အသားပေးထားတယ်။ ၂ ကားလုံးက တကယ့်ကိုကောင်းတဲ့ ကားတွေပါပဲ။ ပုံမှန် မြန်မာကားတွေကို ကလေးတွေ ကြည့်မယ့်အစား အဲလို ကာတွန်းကားလေးတွေ ကြည့်တာ ပိုကောင်းလေ မလားလို့ စဉ်းစားမိလေရဲ့။ သို့ပေမယ့်လည်း English စာကို ကလေးတွေ နားမလည်ဘူးလေ။ မြန်မာလို စာတန်းထိုးလေးတွေ ရန်ကုန်မှာ ဝယ်လို့ရမယ်လို့ ထင်ပါတယ်။

ဘာပဲပြောပြော ကာတွန်းကားလေးတွေက ကောင်းတယ်ဆိုတာ အမှန်ပဲ။ Naruto ကြည့်ချင်တယ်ဆိုရင်တော့ http://www.narutoget.com ကနေ ကြည့်လို့ရပြီးတော့ One Piece ကို ကြည့်ချင်တယ်ဆိုရင် http://www.watch-onepiece.com/ ကနေ ကြည့်လို့ရပါတယ်။

16 responses to “Anime”

  1. ကျွန်တော်ကတော့ naruto ပိုကြိုက်တယ်ဗျ family သဘောကိုတော့ ပိုအသားပေးထားသလိုပဲ ကြည့်ချင်ရင်တော့ narutochaos.com မှာရော narutocentral.com မှာပါ ကြည့်လို့ရပါတယ် ဒေါင်းလို့လည်းရပါတယ်
    ဘာမှမဟုတ်တဲ့ ကြောင်တောင်တောင်ကြားတားတား မြန်မာကားတွေကြည့်မယ့်အစား
    ဂျပန်ကာတွန်းတွေကြည့်မှ ဘဝကိုလည်းအားတက်စေတယ် စိတ်ချမ်းသာမှုကိုလည်းပေးပါတယ် :P

  2. ကိုစေတန်ရေ … အနော်က MZ က T.K ပါ… သိတယ်ဟုတ် .. အဟတ်
    ကိုစေတန် Naruto ကိုနှစ်သက်ရင် ကျွန်တော့်ရဲ့ http://www.mnfs.narutorpg.org ကိုဝင်ကြည့်ပါလား?
    ဘာမှလည်းမလုပ်ရသေးပါဘူး… Perfect လည်းမဖြစ်သေးပါဘူး .. ဒါပေမယ့် နောင်ဆိုရင်တော့ Download link တွေပါ Share ပေးမှာပါ…
    အခုတော့ Wiki တွေကို ဘာသာပြန်ထားတာတွေပဲတင်ဖြစ်ပါသေးတယ်
    ကျွန်တော်ရယ် … စူဠလိပ်ရယ် လုပ်ထားတာပါ … :)
    အားရင်ဝင်ခဲ့ပေါ့နော်.. အဟတ်

  3. ရောဂါ ထအောင် လုပ်နေတယ် XD

    1. One Piece ကြည့်လိုက်.. :D

  4. ခပ်အေးအေး Avatar
    ခပ်အေးအေး

    အပြည့်အ၀ ထောက်ခံပါသည်..
    naruto တောင် တစ်ပတ်တစ်ခါ ပြေးပြေးဒေါင်းနေရပါတယ် ကြိုက်လွန်းလို့ပါ
    ကလေးများလဲ ကြည့်သင့်ပါသည်.
    သို့ပေမယ့် ရန်ကုန်ရှိ ခွေတွေမှာ shippuden မတွေ့မိဘူးဗျ
    naruto original series , ova, movies အကုန်ရောနေတာဗျ
    ဖြစ်နိုင် translate လုပ်ပေးလိုက်ချင်ပါသေးတယ် :P
    one piece က hard disk ထဲမှာ ကူးထားတာ တော်တော် ရှိတယ်
    မကြည့်ရဲသေးဘူး အလုပ်ပျက်မှာ စိုးလို့လေ
    ဘာပဲပြောပြော မသေခင်လေး naruto ပြီးအောင်ကြည့်သွားလိုက်ချင်ပါသေးသည်.

  5. Naruto ကော One-Piece ကော စောင့်ကြည့်စာရင်းထဲ ရောက်သွားပြီ
    Honey n Clover
    Code Geas
    ၂ ကားကြည့်ကြည့်ပါဦး =D

    1. On going ဖြစ်သွားမှာဆိုးလို့ လျော့ကြည့်နေတယ်.. :D

  6. ဗျို့ ကိုယ့်ဆရာ …

    မြန်မာစာတမ်းထိုးက တလွဲတွေချည်းပဲဗျ။ ချမယ်၊ နှယ်မယ်ပဲ စိတ်ထင်ရာ ထိုးထားတာ။

  7. By the way, for the sake of arts, watch Elfen Lied (only 13 episodes).

    And for love of brothers and a country like MM, watch FMA : Brotherhood.

  8. ကိုစေတန်ပြောလို့ one piece ကိုကြည့်မလို့ click တာ video not found ပဲဖြစ်နေတယ်ဗျ။ ဘာလို့လဲမသိ??

    1. need megaupload account :D

  9. Chen Pound San Avatar
    Chen Pound San

    Hello everybody…

    I luv one piece a lot and I rarely Dowload .. I jux bought from a guy named Nay Aung Latt(pokefreaks) . You guys can buy in Yangon… One episode for 150 kyats.. You can even get discount… His email is pokefreaks@gmail.com

    Code Geases is also a really good anime and it has a ending..

    1. like a spam comment :P

  10. One Piece ကို http://www.animecrazy.net တွင်အပြည့်အဝကြည့်ရှုနိုင်ကြောင်းနဲ့ အကောင့်ဖောက်ဖို့မလိုကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။

  11. ဟားဟား အခုတော့ Onepiece ကောင်းမှန်းသိပြီမလား … ငါလည်း On Going ဖြစ်နေပြီ … :)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.