Apache Pagespeed Problem

ဒီနေ့ MZ မှာ CSS တွေ အလုပ်မလုပ်တော့ သလို javascript တွေလည်း မလုပ်တော့ဘူး။ မနေ့တုန်းကပဲ စိုင်းညီဖြိုးက သူ့မှာ အလုပ်မလုပ်လို့ဆိုပြီး message ပို့ထားသေးတယ်။ ကိုယ့်ဆီမှာက ရနေတော့ သူ့ browser cache ကြောင့် ဖြစ်မှာပဲလို့ ထင်လိုက်တာလည်း ပါတယ်။ cache တော့ cache ပဲ။ ခက်တာက ကိုယ့်ဆီက browser cache ကြောင့် ကိုယ်မြင်နေရတယ်ဆိုတာ မစဉ်းစားမလိုက်ဘူး။ ဒီနေ့ browser cache ရှင်းလိုက်မှပဲ မမြင်ရတော့ဘူး။ ဒါနဲ့ server cache ကြောင့်လားဆိုပြီး ရှင်းသေးတယ်။ မရ။ Code ကို ဖတ်ကြည့်လိုက်တော့ css file တွေ အားလုံး ပေါင်းရေးထားတယ်။ ဒါပေမယ့် သွင်းထားတဲ့ plugin တွေ သွားစစ်ရကော။ သွားစစ်တော့လည်း မတွေ့ပြန်။ နောက်ဆုံး အဲဒီ ပေါင်းရေးထားတဲ့ link က တစ်စိတ်တစ်ပိုင်းလောက်ကို google မှာ ရှာကြည့်လိုက်တော့ google pagespeed ရဲ့ view source မှာ သွားတွေ့နေတယ်။ apache module အတွက် ရေးထားတဲ့ source မှာ တွေ့တော့ သေချာပြီ ဒါဆိုရင် server က ဖြစ်မယ်ဆိုပြီး dreamhost ထဲကို ဝင်ရပါကော။

dreamhost မှာ PageSpeed ကို on ထားခဲ့လို့ အဲလို ဖြစ်မှန်း သိမှ page speed ကို ဖြုတ် ၅ မိနစ်လောက် ကြာတော့ refresh လုပ်ကြည့်လိုက်တော့ ရသွားပါကော။ Page Speed က ပြဿနာတွေ ရှိသေးတယ်နဲ့တူတယ်။ CSS တွေ ပေါင်းလိုက်တာ အလုပ်မလုပ်ဘူး ဖြစ်သွားတယ်။ အခုအချိန်မှာ သိသွားတော့ ဘာမှ မဟုတ်သလိုပဲ။ မသိခင်တုန်းကတော့ ၁ နာရီလောက် အချိန်ကုန်သွားရတယ်။

6 responses to “Apache Pagespeed Problem”

  1. Mac မှာ MZ က ဆွေးနွေးချက်တွေမှာမြန်မာလိုမရတာ အကိုအခုပြောတာနဲ့ဆိုင်မလား
    Main page ကိုဖတ်လို့ရပေမယ့်ဆွေးနွေးချက်ကျတော့ဖတ်လို့မရတော့ဘူး… ပြီးတော့နည်းနည်းလဲကြာတယ်.
    Mac computer ကအလုပ်ကစက်ဆိုတော့ မြန်မာ font မထည့်ထားဘူး.. Font ထည့်ဖို့လိုလား..ဘာတွေပြင်ဆင်ဖို့လိုလဲသိပါရစေ..

    1. yes , it may be a problem of apache page speed module. But you are using mac. In Mac, font embed is not working except Safari.

  2. ဒါဆို Firefox နဲ့သုံးရင်အဆင်ပြေနိုင်တယ်ပေါ့
    စမ်းကြည့်လိုက်ပါ့မယ်….
    ကျေးဇူးတင်ပါတယ်

    1. if you are using mac, only safari can work for font embed.

  3. ဒါကြောင့်ကိုး။ ကျွန်တော်က ကျောင်းက ကွန်နက်ရှင်ကြောင့်ပဲ မရတာလား လို့စဉ်းစားနေတာ။

  4. I also think like that. Wow…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.