Apple Watch

Apple Watch က ဇွန် လ ၂၆ ရက်မှာ စင်္ကာပူမှာ စရောင်းခဲ့ပါတယ်။ ကျွန်တော်က Online က ဝယ်ခဲ့တာကြောင့် ၂၉ ရက်နေ့မှ ရတယ်။

watch

mywatch

၂၈ ရက်နေ့မှာ Apple Watch ရောင်းတဲ့ Nubox (Raffle City Mall) နဲ့ Epi Center (Ion Orchard) ဘက် ကို သွားကြည့်ဖြစ်တော့ Steel version 42 mm အကုန်လုံးက out of stock တွေ ဖြစ်နေပါပြီ။ Online ကနေပဲ မှာ လို့ ရပါတယ်။ Online ကနေ Steel Version ကို မှာယူရင်တော့ ၁ ပတ်လောက်တော့ စောင့်ရပါတယ်။ Apple Watch ကို Ion Orchard မှာ သွားကြည့်တော့ အများအားဖြင့် လူငယ်တွေထက် သက်ကြီးပိုင်းတွေကတော့ 42 mm Steel ကို သဘောကျတာ တွေ့တယ်။ Steel Version မှာတော့ Stainless Steel Case with Link Bracelet ကတော့ အမည်းကော အဖြူကော ၂ ခုလုံး လှတယ်ဆိုရမယ်။

Apple Watch or Apple Watch Sport

နောက်ပြီးတော့ Apple Watch မှာ အဓိက ၂ မျိုး ရှိပါတယ်။ Apple Watch နဲ့ Apple Watch Sport ပါ။ Apple Watch ကတော့ Steel case နဲ့ sapphire glass ဖြစ်ပြီးတော့ Sport ကတော့ aluminum case နဲ့ ion-x glass ပါ ။ Steel ကတော့ ပွတ်တိုက်မိတဲ့ အခါမှာ case မှာ အစင်းရာတွေ ထင်တတ်လို့ တချို့ သတင်းတွေမှာ ရေးထားတာ တွေ့ရပါတယ်။ Aluminum ကတော့ Steel လောက် ခံနိုင်ရည် မရှိပါဘူး။ ဒါကြောင့် ပြင်းပြင်းထန်ထန် မတိုက်မိဖို့ သတိထားရပါတယ်။ နောက်ပြီးတော့ sapphire glass က ion-x glass လောက် မကြည်ပါဘူး။ sapphire glass ကတော့ ပိုပြီး ခံနိုင်ရည် ရှိတာကတော့ အမှန်ပါပဲ။ ဈေးနှုန်းကတော့ Sport က ဈေးသက်သာပါတယ်။ အသွင်းပိုင်း function တွေကတော့ အတူတူပါပဲ။ သို့ပေမယ့် ထုတ်ပိုးမှုပုံစံ ကတော့ ကွာပါတယ်။ နောက်ပြီး နောက်ဘက် heart beat sensor design လည်း အနည်းငယ်ကွာပါတယ်။

တန်ရဲ့လား ?

Apple Watch နဲ့ ပတ်သက်ပြီးတော့ လူတော်တော်များများ မေးတာကတော့ တန်ရဲ့လား ဆိုတဲ့ မေးခွန်းပဲ။ တန်သလားဆိုတာကို ဖြေဖို့အတွက် ဘယ်လို အသုံးချမှာလဲ ဘာတွေ လုပ်လို့ ရလဲ ဆိုတာကို သိဖို့လိုပါတယ်။ ကျွန်တော့်အတွက်တော့ တန်ရဲ့သလား ဆိုရင်တော့ အဲလောက် မတန်ဘူးလို့ ဆိုရမယ်။ Apple Watch ကို အဓိက သုံးတာကတော့ ပုံဆွဲပြီးတော့ Apple Watch အချင်းချင်း ပို့တာ ပါပဲ။ တခြားထွေထွေ ထူးထူး ကြီးကြီးမားမားကြီး ပြောင်းလဲသွားတာ မရှိလှဘူး။ တနည်းပြောရင် Apple Watch မရှိလည်း ဖြစ်ပါတယ် ဆိုတဲ့ အခြေအနေမှာ ရှိပါတယ်။

App

လက်ရှိ Apple Watch က ကျွန်တော့် အတွက်တော့ Notification ဖွင့်တာ နဲ့ iPhone Music App remote အနေနဲ့ပဲ အသုံးဝင်ပါတယ်။ နောက်ပြီး ကျွန်တော်ရေးထားတဲ့ နားဆင် အတွက် remote အနေနဲ့ အသုံးပြုပါတယ်။ မကြာခင်မှာ Narsin ကို App Store မှာ update လုပ်ပေးပါမယ်။ Apple Watch အတွက် App တော်တော်များများ ရှိပါတယ်။ သို့ပေမယ့် App အချို့က support မလုပ်သေးပါဘူး။ နောက်ပြီး လက်ရှိ Watch OS 1 မှာ app တွေကို iphone ကနေ run တာကြောင့် နှေးတယ်လို့ ဆိုနိုင်ပါတယ်။ အခုလက်ရှိ အဓိက အသုံးပြုဖြစ်တဲ့ App ကတော့ Line နဲ့ Slack ပဲ။ တခြား App တွေ ရှိပေမယ့် အသုံးသိပ်မဝင်လှဘူး။

Built In App

Built In App ထဲမှာဆိုရင်တော့ Messages , Workout , Activity, Camera စတာတွေ အကုန်လုံးနီးပါးက အသုံးဝင်တယ်။ Camera ဆိုရင် Group photo ရိုက်ဖို့အတွက် အသုံးဝင်တယ်။ Phone ကို တနေရာမှာ ထောင်ထားပြီးတော့ လူတွေ အဆင်သင့် ဖြစ်မဖြစ်ကို နာရီကနေ ကြည့်လို့ရတယ်။ Timer ကို 3 seconds ထားပြီး လက်ပတ်နာရီကနေ ရိုက်လိုက်ရုံပါပဲ။ လွယ်ပြီးတော့ အဆင်ပြေတယ်။

နောက်ပြီးတော့ Activity App လေးက မဆိုးဘူးလို့ ဆိုရမယ်။ နေ့စဉ် ကိုယ့်ရဲ့ ဘယ်နာရီ ရပ် ဖြစ်လဲ ဘယ်နာရီလောက် လမ်းလျှောက် ဖြစ်လဲ လှုပ်လှုပ်ရှားရှား ဘယ်လောက် လုပ်ဖြစ်လဲဆိုတာကို သိနိုင်ပါတယ်။ အမြဲတန်း ထိုင်ဖြစ်နေတဲ့ programmer တွေ အတွက် Stand Up ဆိုတာလေး ပေါ်လာရင်တော့ လမ်းထလျှောက်တာ ဖြစ်ဖြစ် မတ်တပ်ရပ်ပြီး code ရေးတာ ဖြစ်ဖြစ် လုပ်ဖြစ်ပါတယ်။

Stand

Apple Watch ဝယ်ပြီဆိုရင်တော့ အတော်များများကတော့ Stand ဝယ်ကြပါတယ်။ အားသွင်းတာက wireless ဖြစ်ပြီး သံလိုက် ဖြစ်တာကြောင့် စားပွဲပေါ်မှာတင်ထားရင် တစ်ခါတစ်လေ စားပွဲကို တိုက်မိရင် ပြုတ်ကျသွားတတ်တယ်။ ဒါကြောင့် Stand လေးနဲ့က ပို အဆင်ပြေတယ်။ Stand ရဲ့ ဈေးနှုန်းကတော့ S$9 ကနေ S$100 ဝန်းကျင်လောက် ထိ ရှိပါတယ်။ ကျွန်တော်ကတော့ Q0010 ကနေ ဝယ်ထားပြီးတော့ S$20 ပေးရတဲ့ Stand တစ်ခုပဲ ဝယ်ထားပါတယ်။ iPhone ထားဖို့အတွက်ပါ တစ်ခါတည်း ပါပြီးသားပါ။

stand

Should I buy ?

တကယ်လို့ Apple fan သာဆိုရင်တော့ အခုအချိန်မျာ ဝယ်ပြီးလောက်ပါပြီ။ Apple fan မဟုတ်ဘူး ပိုက်ဆံ ပေါလို့ ဆိုတဲ့ သူတွေလည်း အခုအချိန်မှာ ဝယ်ပြီးနေပါပြီ။ အခုအချိန်ထိ မဝယ်ရသေးရင်တော့ သင့်အတွက် အသုံးမလိုလို့ပဲ ဆိုရမယ်။ Android သမားတွေအတွက် Apple Watch က အလကားပါပဲ။ iPhone သမားတွေ အတွက်ကတော့ အရမ်းကို အသုံးဝင်လှတယ်မဟုတ်ဘူး။ နောက်ပြီးတော့ မြန်မာစာ notification တွေ မြင်ရမှာ မဟုတ်ပါဘူး။ iPhone လိုမျိုး font profile သွင်းလို့ မရသေးပါဘူး။

သင်မဝယ်ရသေးဘူးဆိုရင်တော့ မဝယ်ပါနဲ့အုံး။ Apple Watch 2 ကို စောင့်လိုက်ပါ။ ဒီထက် ကောင်းတဲ့ feature တွေ နဲ့ အသုံးဝင်မယ့် အရာတွေ ပါလာပါမယ်။ အခုအချိန်မှာတော့ Apple Watch က Apple fan တွေ အတွက် iPhone အသုံးပြုတဲ့ အားကစားသမားတွေ အတွက် ၊ ဒါမှမဟုတ် fansion အနေနဲ့ အသုံးပြုတဲ့ လက်ပတ်နာရီလို့ ပဲ ဆိုရလိမ့်မယ်။

2 Comments

  1. Thiha says:

    Message မှာ မြန်မာလိုမြင်ရပါပြီလား??

    1. saturngod says:

      cannot see Myanmar font in Apple Watch

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.