Art of Love (base on Art Of War) — 2

၂။ စစ်ဆင်နွှဲခြင်း။

စစ်ပွဲတစ်ခုသည် ရေရည်ကြာနေလျှင် မိမိစစ်တပ်ရှိ ဓားလှံများ တုံးကုန်လိမ့်မည်။ အိမ်ပြန်ချင်စိတ်တို့ကြောင့် စိတ်ဓာတ်များ ကျဆင်းကုန်မည်။ ခွန်အားတွေ လျော့ကုန်မည်။ စစ်သည်များအင်အားလျော့ပါးလာလျှင် လက်အောက်ခံနယ်မြေများက အခွင့်ကောင်းယူကာ မိမိအား ပုန်ကုန်ကုန်လိမ့်မည်။ မိမိလောက်အောက်ရှိ စစ်သူကြီးဘယ်လောက်တော်တော် ဘယ်လိုမှ တတ်နိုင်တော့မည်မဟုတ်ချေ။

ထို့အတူ အချစ်ရေးတွင်လည်း ထိုနည်းအတိုင်းပင်။ ရေရှည်လိုက်နေခြင်းသည် ကောင်းသည့်အလုပ်မဟုတ်။ ကြိုးရှည်ရှည်လှန်းထားလျှင် ကောင်းသည်မဟုတ်။ ကြာလျှင် မိမိအပေါ် ရိုးအီလာကာ စိတ်ကုန်ကာ အခြားနောက်တစ်ယောက်နောက်သို့ ပါသွားနိုင်သည်။ ထိုအချိန်မှ မိမိအား သူ့သူငယ်ချင်းတွေ ဘယ်လောက်ကူညီကူညီ ထူးတော့မည် မဟုတ်ချေ။အချစ်ရေးရာ ကျွမ်းကျင်သူတို့သည် မိမိသူငယ်ချင်းများ သူ့သူငယ်ချင်းများအား အတင်းအကျပ် ခိုင်းစေခြင်း အကူအညီတောင်းခြင်းများ မပြုချေ။ သူနှင့်မဆိုင်သော မိမိ ကိုယ်ပိုင် အလုပ်များ ကိုလည်း အကူအညီတောင်းခံခြင်းများ မလုပ်တတ်ချေ။ အချစ်ရေးကိစ္စကို ဆောင်ရွက်ရာတွင် အချိန်နှင့် ငွေ လုံလောက်ရန်လိုသည်။ အချိန်နှင့်ငွေ မပေးဆပ်နိုင်လျှင် ထို့ထက်ကြီးမားသော အရာပေးဆပ်ရမည်ဖြစ်သည်။ အချိန်အများကြီးကို ပေး၇န်မလိုအပ်ချေ။ အချိန်များသည်နှင့် အမျှ ငွေများများ ကုန်လာမည်။ ထို့အတွက်ကြောင့် မိမိကိုယ်သာမက မိမိ အိမ်ကိုပါ ထိခိုက်နိုင်သည်။ ထို့ကြောင့် မိမိ အချိန်ကုန် သက်သာစေရန် သူ့သူငယ်ချင်းများကို အကူအညီယူရမည်။ ကိုယ့်အချိန်မပေးနိုင်ချိန်များတွင် သူ့သူငယ်ချင်းများ ကိုယ့်အတွက် ပြောနေရမည်။ တနည်းဆိုသော် ရန်သူ့ ရိက္ခာများသည် ကိုယ့်ရိက္ခာဖြစ်အောင် ဖန်တီးခြင်းဖြစ်သည်။ အချိန်ပေးဆပ်ခြင်းနည်းလျှင် ငွေပေးဆပ်ခြင်း နည်းမည်ဖြစ်သည်။ သူ့သူငယ်ချင်းများ ကိုယ်နှင့်မြန်မြန်အဆင်ပြေအောင် ကူညီပေးစေရန် အမြဲစေ့ဆော်ပေးရမည်။

သူ့သူငယ်ချင်းများ ကူညီမှုပေးခြင်းအပေါ် တန်ဖိုးထားရမည်။ ရေရှည်ကူညီရမှုကို ဘယ်သူမှ မကူညီချင်ကြ။ ထို့ကြောင့် အချစ်ရေးရာ နားလည်သူတို့သည် လျင်မြန်စွာ ဆောင်ရွက်ပြီး ကိုယ့်ဘဝ၏ အဆိုးအကောင်းကို ကိုယ်တိုင်ဖန်တီးနိုင်ရမည်။

5 responses to “Art of Love (base on Art Of War) — 2”

  1. ကျွန်တော်စကားတစ်ခွန်းကြားဖူးတယ် ဘာတဲ့ ချွေးထွက်များမှ သွေးထွက်နည်းမယ်တဲ့
    အခုတော့ ငွေထွက်များမှ အချိန်ယူရတာနည်းမယ် ဖြစ်နေပြီပေါ့ :D

  2. အချိန်ပေးဆပ်ခြင်းနည်းလျှင် ငွေပေးဆပ်ခြင်း နည်းမည်ဖြစ်သည်

  3. ဆွန်ဇူးက art of war , ဗိုလ်စေ က art of love, ဗိုလ်စေ အချစ်အကြောင်းတွေ ပြောနေပုံထောက်တော့ ယူတော့မှာလား ဗျာ .. တွိတွိ ပြောတော့ ယူတော့မယ်တဲ့ ပြောတာကြာပြီ ခုဆို ယူပြီးပြီလားတောင်မသိပါဘူး

    1. အွန်.. လူပျိုစစ်စစ်လေးပါဗျ… မိန်းမ မယူရသေးပါဘူး… ယူဖို့က လိုပါသေးတယ်ဗျာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading