Art of Love (base on Art Of War) — 4

၄။ တပ်ဖွဲ့များဖြန့်ထားခြင်း။

စစ်သူကြီးများသည် ရန်သူ မချေမှုန်းနိုင်အောင် ပထမဦးဆုံး မိမိတပ်ကို တောင့်တင်းခိုင်မာအောင် ဆောင်ရွက်ထားသည်။ ရန်သူအား ပြတ်ပြတ်သားသား အောင်နိုင်မည့်အချိန်ကို စောင့်ဆိုင်းသည်။ ရန်သူ မချေမှုန်းနိုင်အောင် လေ့ကျင့်ပျိုးထောင်မှုသည် မိမိပေါ်မူတည်သည်။ အနိုင်ရယူနိုင်မှုသည် ရန်သူအပေါ်မူတည်သည်။

အချစ်ရေးကို ဆောင်ရွက်ရာတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။ မိမိ အဖြေရရှိရေးသည် သူ့အပေါ်မူတည်သည်။ သူအဖြေပေးမှရမည် ဖြစ်သည်။ သို့သော် မိမိအား အပြစ်ရှာမတွေ့ရန်မှာ မိမိ၏ နေထိုင်ပြုမူပေါ်တွင်မူတည်သည်။ထို့ကြောင့် မိမိပေါ်အပြစ်ရှာမတွေ့နိုင်အောင် ဖန်တီးနိုင်သော်လည်း သူ့ဆီက လိုချင်သော အဖြေရအောင် မဖန်တီးနိုင်ချေ။ သူ့ဆီက အဖြေရအောင် လုပ်နိုင်သော် မဟာဗျူဟာရှိသော်လည်း သူအဖြေချက်ခြင်းပေးလာအောင် လုပ်ဆောင်ရန်မှာ မလွယ်ကူချေ။ အနိုင်ရရှိသူ သွားရောက်တိုက်ခိုက်တတ်သည်။ ထိုးစစ်ဆင်ခြင်းသည် တပ်ဖွဲ့အင်အားသည် ခံစစ်အင်အားထက် ပိုမိုလိုအပ်သည်။ ထို့အတူ မိမိက ကြိုးစားရာတွင် မိမိ အနေနဲ့ အပေါင်းအသင်း အင်အားများစွာလိုအပ်သည်။ မိမိ မနှစ်သက်သူက မိမိအားကြိုးစားရာတွင် အပေါင်းအသင်းအင်အား များစွာ မလိုအပ်ပဲ ချက်ခြင်း ငြင်းလိုက်နိုင်သည်။ ထို့ကြောင့် အနိုင်ရနိုင်မရနိုင်သည် အဖြေပေးသည့် သူအပေါ်တွင် သာ မူတည်သည်။

မိမိသည် ခံစစ်ဖြစ်နေမူ မိမိကိစ္စများကို အထူးလျို့ဝှက်ထားရန်လိုသည်။ မိမိ၏ သတင်းအချက်အလက်များကို လျို့ဝှက်ထား၇န်လိုအပ်သည်။ ထိုးစစ်ကျွမ်းကျင်သူတို့သည် မည်သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရပါစေ မမှုတတ်ကြချေ။ ဤနည်းဖြင့် မိမိတို့ကိုယ် မိမိ ထိန်းသိမ်း၍ အောင်ပွဲခံကြပေသည်။ အချစ်ရေးတွင် အောင်ပွဲခံနိုင်မှုသည် သင်၏ အသိပညာပြည့်စုံခြင်း ၊ရဲစွမ်းသတ္တိရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည်ဟု မဆိုနိုင်သော်လည်း သင်၏ အမှားအယွင်း ကင်းမှုကြောင့်အောင်ပွဲခံနိုင်ခြင်းဖြစ်သည်မှာ ထင်ရှားပေသည်။ တနည်းဆိုသော် အမှားအယွင်းမရှိအောင် ဆောင်ရွက်နိုင်သူသည် အောင်ပွဲရရှိရန် ရှေးရှု အောင်ရွက်နိုင်သည်။ ကျရှုုံးနေရာကနေ အောင်နိုင်အောင် စွမ်းဆောင်နိုင်သည်။

မိမိဘက်က မကြိုးစားခင် မိမိဘက်တွင် ပြည့်စုံအောင် ပြောစရာ ပြစ်ချက်မရှိအောင် အရင်ဆုံး ဖန်တီးထားရမည်။ တချိန်တည်းမှာပြင် မိမိအနေနဲ့ တဖက်ကိုလည်း လေ့လာထားရမည်။ ဘယ်အချက်များက မိမိအားသဘောကျစေနိုင်မလဲ။ ဘယ်အချက်တွေကို မကြိုက်ဘူးလဲဆိုတာကို လေ့လာထားပြီး ခံစစ်အတွက် လေ့လာထားရမည်။ ပြီးမှသာ တိုက်ပွဲဝင်သင့်သည်။ ရှုံးနိမ့်တတ်သောသူတို့သည် ချက်ခြင်း အလောတကြီးနဲ့ တိုက်ပွဲဝင်တတ်သည်။ မည်သည့်ပြင်ဆင်မှုမှ မရှိသလို ခံစစ်အနေထားအတွက်လည်း အသင့်မဖြစ်ပေ။

မိမိအပေါင်းအသင်းများကို စိတ်ဓာတ်မြင့်တင့်ပေးပြီး မိမိအားကူညီချင်လာစိတ်ရှိရန် ပြောနိုင်စွမ်းရှိရမည်။ ထို့မှသာ အောင်ပွဲခံနိုင်မည်ဖြစ်သည်။ သိသင့်သိထိုက်သော အချက်ကြီး ငါးရပ်ရှိသည်။

၁။ အကွာအဝေး အတိုင်းအတာ

၂။ လိုအပ်သော တပ်ဖွဲ့ အရေအတွက် ခန့်မှန်းခြင်း

၃။ စစ်သည်အင်အား အရေအတွက် တွက်ချက်ခြင်း

၄။ အင်အားခြင်း နှိုင်းယှဉ်ခြင်း

၅။ အောင်ပွဲခံနိုင်ရန် စီမံချက်များ ရေးဆွဲခြင်း

အကွာအဝေးအတိုင်းအတာသည် မြေပြင် အခြေအနေပေါ်တွင် မူတည်ပြီး တွက်ချက်ရသည်။ သူ့အိမ်နှင့် လာမည့် လမ်းနှင့် ဘယ်လောက်ဝေးသနည်း။ အိမ် နှင့် ရုံးနှင့် ဘယ်လောက် ဝေးသနည်း။ဘယ်နေရာကို သွားမည်။ စသည်တို့ကို တွက်ချက် တိုင်းပြီး မိမိအား ကူညီနိုင်မည့် သူ့သူငယ်ချင်း အရေအတွက်ကို  ခန့်မှန်းတွက်ချက်နိုင်သည်။ လိုအပ်သည့် သူငယ်ချင်းအပေါင်းအသင်းပေါ်မူတည်ပြီး မိမိ ကုန်ကျမည့် ငွေကြေးနှင့် အချိန်တို့ကို တွက်ချက်နိုင်သည်။ မိမိအား ကူညီမည့်လူ အရေအတွက် အနည်းအများပေါ်မူတည်ပြီး ယနေ့အခြေအနေကို ခန့်မှန်းနိုင်သည်။ ယနေ့အခြေအနေကို ခန့်မှန်းနိုင်ပါက အောင်ပွဲခံနိုင်ရန် စီမံချက်များကို ရေးဆွဲနိုင်လေပြီ။

ကိုယ့်စကားများသည် ရိုးရှင်းသော်လည်း သူ့ရင်ကို ထိစေနိုင်ရမည်။ တနည်းဆိုသော် တစ်အောင်စမျှသာ ရှိသော ရန်သူ့အပေါ် တစ်တန်မျှလေးသော ဖိအားနှင့် ဖိနှိပ်ခြင်းကဲ့သို့ပင်။ ရိုးရှင်းပွင့်လင်းစွာ ပြောဆိုသော်လည်း သူ့ရင်ထဲစွဲသွားအောင် ပြောဆိုနိုင်ရမည်။ တနည်းဆိုသော် တစ်အောင်စမျှဖြင့် တစ်တန်အလေးချိန်နှင့် တူသည်ဟု ခံစားစေခြင်းဖြစ်သည်။ စကားပြောဆိုရာတွင် မိမိ ရင်ထဲရှိ စကားလုံးများကို အသူတစ်ရာနက်သော ချောက်ကမ်းပါးထဲသို့ ရေအရှိန်အဟုတ် ပြင်းထန်စွာ စီးဆင်းသကဲ့သို့ အတိုင်း မိမိသာမက သူ့အပေါင်းအသင်းများကလည်း ကူညီဆောင်ရွက်ပေးရန်လိုအပ်ပေသည်။ ဤသည်ကား တပ်ဖွဲ့များ ဖြန့်ထားမှု မဟာဗျူဟာပင်ဖြစ်သည်။

စာကြွင်း :: ရေးသားရသည်မှာ အလွန်ခက်ခဲသောကြောင့် မနည်းကြိုးစားပြီး နားလည်အောင် ရေးသားထားသည်။ မူရင်း Art Of War တွင် ဒီအပိုင်းသည် အဆင့်မြှင့်ပြီး ထိုးစစ်ဆင်ခြင်းနှင့် ခံစစ်လုံအောင် ထိန်းသိမ်းခြင်း အပိုင်းဖြစ်သည်။ ထို့ကြောင့် Art of Love သို့ပြောင်းလဲရာတွင် အနည်းငယ် ခက်ခဲမှုရှိခဲ့သည်။

7 responses to “Art of Love (base on Art Of War) — 4”

  1. ခက်ခက်ခဲခဲ ကြိုးစားရေးပေးတဲ့အတွက် စာဖတ်သူတို့ အပေါ်ထားရှိသော စေတနာကို လေးစားပါ၏ ကိုစေတန် း)
    ခု ငယ်တုန်းကလို သေနတ်ပစ်တမ်း ဆော့ချင်လာပြီ။
    ၁ နေရာယူ
    ၂ အဆင်သင့်ပြင်
    ၃ ကျည်ဆံထည့်…..

  2. ၃ ပြီးတော့ ၄ က ဘာလဲဟင်။ နောက်လှည့်ပြန်လား.. :D

  3. အကယ်လို့များ ကိုယ့်နယ်မြေအသိမ်းပိုက်ခံထားရရင် ဘယ်လိုတိုက်ရမလဲဟင်
    ကိုယ့်ချစ်သူ သူများနောက်ပါသွားရင်ပြောတာ ဟီး . :)

  4. နောက်ပြန်လှည့်ပါ့မလား…ဆရာစေတန်ရဲ့ အခန်းဆက် ဆောင်းပါးတွေ ဖတ်ထားမှတော့
    နောက်ပြန် လှည့်ပါ့မလား…ဝါးဟားဟား
    :D

  5. Art Of Love မဖတ်ပဲ စောစီးစွာ တိုက်ပွဲဝင်လိုက်လို့ဖြစ်မယ်။ သူ့အကြောင်းကိုယ်မသိ ကိုယ့်အကြောင်းသာ ကိုယ်သိလိုက်လို့ဖြစ်ရမယ်.. :D

  6. အော် ဒုက္ခနော်။ ရေးစရာတွေ ဒီလောက်များတာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.