အပျင်းပြေဆော့နေတဲ့ Fruit Ninja Game အကြောင်းကို ဒီနေ့ MMGamer မှာရေးထားတယ်။ ပျင်းရင် ဆော့ဖြစ်နေတဲ့ Game ၂ ခုက Fruit Ninja နဲ့ NinjaJump ပဲ။ နောက်တော့မှ NinjaJump အကြောင်းရေးတော့မယ်။ ဒါနဲ့ ကျွန်တော့် iPodTouch မှန် အက်သွားလို့ စိတ်ထဲ မကောင်းဘူးဖြစ်သွားတယ်။ iPodTouch အသစ်ပေါ်လာလို့လားတော့ မသိ။ အသစ်ပေါ်လာတော့ အဟောင်းက အလိုလို ပျက်စီး ရတာလည်းတော့ မသိဘူး။ Laptop ကို စားပွဲပေါ်ကနေ မလိုက်တာ iPodTouch နဲ့ USB Cable ချိတ်ထားတော့ တန်းလန်းကြီးပါလာပြီးတော့ စားပွဲဇောင်းနဲ့ တိုက်ပြီး မှန်အက်သွားတယ်။ game ဆော့ရတာ သိပ်မကောင်းတော့ပေမယ့် development အတွက်တော့ သုံးလို့ရနေသေးတယ်။
Leave a Reply to Pyae Pxyo Aung(MZ)Cancel reply